ပရိသတ်တွေ ရယ်မောပျော်ရွှင်စေရမယ့် ‘ဖေစ်ဘုတ်ခ် ဘုရင်မ’ ဇာတ်ကား

0
200

လပ်ကီးဆဲဗင်း ထုတ်လုပ်ရေး က ထုတ်လုပ်ရိုက်ကူးပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးထားတဲ့  “ဖေ့စ်ဘုတ်ခ်ဘုရင်မ” ဟာသရုပ်ရှင် ဇာတ်ကားကြီး အထူးပြသပွဲကို နိုဝင် ဘာလ ၁၂ရက်နေ့ မနက် ၇နာရီခွဲ က သမ္မတ ရုပ်ရှင်ရုံမှာ ပြသခဲ့ပါ တယ်။ ဒီဇာတ်ကားမှာ လူမင်း၊ ကျော်ကျော်ဗို၊ ရွှေမှုံရတီ၊ တက္ကသိုလ် ဂွမ်းပုံ ၊ခင်လှိုင်၊ ဒိန်းဒေါင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါ တယ်။

အထူးပွဲ ပြသခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားနဲ့ ပတ်သက်ပြီး လပ်ကီး ဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးမှ မအေး အေးဝင်းက… ဖေ့စ်ဘုတ်ခ်မှာ တအားခေတ် စားနေတဲ့ အကြောင်းအရာလေး တွေကို   ဟာသလေးအဖြစ် ရိုက်ကူး ထားတာပါ။ ပရိသတ်တွေကို ရယ် မောပျော်ရွှင်စေချင်လို့ ဒီအကြောင်း အရာလေးတွေကို ဟာသဇာတ်လမ်း လေး အဖြစ် ဖန်တီးပြီး ရိုက်ကူးပေး ထားတာပါ။ အစ်မတို့က ပရိသတ် တွေ ရယ်မောပျော်ရွှင်စေဖို့ ရည်ရွယ် ချက်နဲ့ ရိုက်ကူးထားတာဆို တော့ ပရိသတ်တွေ ဒီဇာတ်ကားကို လာ  ရောက်ကြည့်တဲ့ အခါမှာလည်း တဝါးဝါး တဟားဟား ရယ်မောပျော် ရွှင်စေနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေ လည်း သရုပ်ဆောင်ထားတာ တ အားကောင်းပါတယ်။ ပရိသတ်တွေ ကြိုက်နှစ်သက်လိမ့်မယ်လို့ ထင်ပါ တယ်။

အစ်မတို့ ထုတ်လုပ်ရေးကနေ  “ငါက ဗိုလ်အောင်ဒင်” ဆိုတဲ့ ဟာသ ဇာတ်ကားလေးလည်း ရုံတင်ပြသဖို့ ရှိပါသေးတယ်။ ဆက်လက်အားပေး ကြပါဦး” လို့ ပြောပြပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို နိုဝင် ဘာလ ၁၇ရက်နေ့က ရုပ်ရှင်ရုံများမှာ ရုံတင်ပြသနေပါပြီ။       လပ်ကီးဆဲဗင်း ထုတ်လုပ်ရေး က ထုတ်လုပ်ရိုက်ကူးပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးထားတဲ့  “ဖေ့စ်ဘုတ်ခ်ဘုရင်မ” ဟာသရုပ်ရှင် ဇာတ်ကားကြီး အထူးပြသပွဲကို နိုဝင် ဘာလ ၁၂ရက်နေ့ မနက် ၇နာရီခွဲ က သမ္မတ ရုပ်ရှင်ရုံမှာ ပြသခဲ့ပါ တယ်။ ဒီဇာတ်ကားမှာ လူမင်း၊ ကျော်ကျော်ဗို၊ ရွှေမှုံရတီ၊ တက္ကသိုလ် ဂွမ်းပုံ ၊ခင်လှိုင်၊ ဒိန်းဒေါင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here