ဒီဇင်ဘာ ၁၂ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမတွင် ဖွင့်ပွဲ ကျင်းပပြုလုပ်သွားမည့် စာပေညီလာခံ ၂ဝ၁၇

0
236

မြန်မာနိုင်ငံရှိ စာပေနှင့်အနုပညာအဖွဲ့ ၁၁ ဖွဲ့တို့က စုစည်းကျင်းပမည် ဖြစ်သော စာပေညီလာခံ ၂ဝ၁၇ ကိုလာမည့် ဒီဇင်ဘာ ၈ ရက်နေ့မှ ၁၆ ရက် နေ့အထိ ရန်ကုန်မြို့တော်ခန်းမ၊ မဟာဗန္ဓုလပန်းခြံရှေ့ စာမျက်နှာနှင့် ဃြဃ (မြန်မာကွန်ဗင်းရှင်းစင်တာ)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ဒီဇင်ဘာ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရန်ကုန်မြို့တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံရှေ့ တွင်ကျင်းပပြုလုပ်မည့် အစီအစဉ်များမှာ စာပေညီလာခံကြိုဆိုပွဲ အစီအစဉ် များဖြစ်ပြီး စာအုပ်ဈေးရောင်းပွဲ၊ ဖျော်ဖြေရေးနှင့် စာပေဟောပြောပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ စာပေညီလာခံ ၂ဝ၁၇ ဖွင့်လှစ်ပွဲ ကိုတော့ ဒီဇင်ဘာ ၁၂ ရက်၊ ညနေ ၄ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့ မျက်နှာစာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ ဃြဃ တွင် ဒီဇင်ဘာ ၁၃က်မှ ၁၅ရက်နေ့အထိ စားပွဲဝိုင်း ဆွေးနွေးပွဲများ (ဏညေနီူငျခကျငသည) ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ စာပေညီလာခံနှင့် ပတ်သက်ပြီး နိုဝင်ဘာ၁၄ရက်နေ့ ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပပြုလုပ် သော စာနယ်ဇင်းရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက…

”လူတွေဟာ ပလက်ဖောင်းရောက်သွားတဲ့အတွက် လူတွေရှိတဲ့နေရာကို စာပေက လိုက်ဆင်းရတယ်။ လူတွေနဲ့ထိတွေ့ပြီးတော့မှ တဖြည်းဖြည်း ပြန်ဆွဲ တင်ရမှာ။ စာပေဟာတန်ဖိုးရှိတယ်။ လူတွေမြောင်းထဲထိ ဆင်းနေရင်လည်း စာပေက မြောင်းထဲထိ ဆင်းရမှာပဲ။ ပြီးမှပြန် ဆွဲတင်ရမှာ။ အဲဒီလိုဆွဲတင်ဖို့ အတွက် စာပေကခွန်အားရှိရမယ်။ စာပေခွန်အားရှိဖို့အတွက် ဒီလိုစာပေ ပညာရှင်ကြီးတွေက နေကျင်းပတာဟာ ကျွန်တော်တို့အတွက် တကယ့်ကို ဆု လာဘ်တစ်ခုပါပဲ”ဟု ပြောကြားသွားခဲ့သည်။

စာပေညီလာခံကျင်းပရေးကော်မတီအတွင်းရေးမှူး ဆရာမ မစန္ဒာက…”စာရေးဆရာတွေက ချမ်းသာတာတော့ မဟုတ်ဘူးလေ။ အသင်း ၁ဝ ဖွဲ့ စုစည်းမိပြီ။ ညီလာခံကြီးလုပ်ဖို့လည်း ခွင့်ပြုချက်ရပြီဆိုလို့ရှိ ရင် ပွဲလုပ်ဖို့အတွက် ပိုက်ဆံတွေအများကြီးကုန်လာမယ်။ ဒီကုန်ကျငွေတွေကို ဘယ်လိုရှာကြမလဲပေါ့။ အမျိုးမျိုး စဉ်းစားကြတာပေါ့။ ပြဇာတ်ကမလား၊ စာအုပ်ထုတ်မလား၊ သီချင်းဆိုကြမလားဆိုတော့ အားလုံးသိကြတဲ့အတိုင်း ဆရာမတို့အရွယ်၊ ဆရာမတို့ရုပ်ကြီးတွေနဲ့ ဘယ်သူမှကြည့်ကြမှာ မဟုတ်ဘူး လေ။ အဲဒါနဲ့ နောက်ဆုံးကျတော့မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ရော၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရော သူတို့ရဲ့ပံ့ပိုးကူညီမှုတွေကိုရတယ်။ နောက်ပြီး ဝိုင်းဝန်းကူညီကြတယ်။ အလှူရှင်တွေကိုလည်း ကျေးဇူးတင် ပါတယ်။ သူတို့က ဝိုင်းဝန်းပြီး လှူကြတဲ့အခါမှာ သူတို့ရဲ့ အလှူငွေတွေနဲ့ ဆရာမတို့လှုပ်သာ၊ ရှားသာ အားလုံးထောင့်စေ့အောင် လုပ်ကိုင်နိုင်တာပါ” ဟု ပြာသည်။

ယခုလို စာပေညီလာခံကြီးကို ကျင်းပနိုင်ခဲ့သည့်အပေါ် စာရေးဆရာ တစ်ယောက်၏ ပီတိကိုလည်း ဆရာမက…..”၈ရက်နေ့ကနေ ၁၂ရက်နေ့ အထိတစ်ရက်ကို စာရေးဆရာ ၂ ယောက်စီ ညတိုင်းဟောပြောမယ်ပေါ့နော်။ ၁၂ ရက်နေ့ကျတော့ ဆရာမတို့က ဖွင့်ပွဲလုပ်မယ်။ ဖွင့်ပွဲလုပ်ပြီးတဲ့အခါမှာ ၁၃၊ ၁၄၊ ၁၅ မှာ စကားဝိုင်းတွေလုပ်မယ်။ အဲဒါက ဃြဃ ခန်းမမှာ လုပ်မှာ ပါ။ အဲဒီစကားဝိုင်းတွေကနေ သူတို့ရွေးချယ်တဲ့ ခေါင်းစဉ်တွေပေါ်မှာ မူတည်ပြီးတော့ ဖြစ်ပျက်နေတဲ့ အခြေအနေလေးပေါ့နော်။ ဘာတွေကတော့ ဘယ်လိုဖြစ်နေတယ်ဆိုပြီး ကိုယ်သိစေချင်တဲ့ အထက်ပိုင်းက လူကြီးတွေ သိလာအောင် ပြန်ကြားရေးဝန်ကြီးကနေတစ်ဆင့် ပို့ပေးမယ်လို့ ပြောပါတယ်။ အဲဒီလို ပို့ပေးတဲ့အခါမှာ စာရေးဆရာတွေရဲ့ အသံကိုကြားရမှာပေါ့။ စာရေးဆရာတွေရဲ့ အသံကထွက်ချင်တာတော့ ကြာပါပြီ။ အခုမှ ထွက်ခွင့် ရတော့မှာဆိုတော့ တော်တော်ဝမ်းသာစရာပေါ့” ဟုပြောပြခဲ့သည်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here