စာပေညီလာခံ ၂၀၁၇နဲ့ စာပေလောကသားတို့အသံ

0
220

ကျင်းပပြုလုပ်ခဲ့ခြင်းမရှိတာ နှစ်ပေါင်း ၅ဝ ကျော်ကြာခဲ့တဲ့ စာပေညီလာခံကြီးကို လက်ရှိ NLD အစိုးရလက်ထက်မှာ စည်စည်ကားကား၊ သိုက်သိုက်မြိုက်မြိုက်နဲ့ ကျင်းပပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၈ ရက်နေ့မှာ စတင်မယ့် စာပေညီလာခံ ၂ဝ၁၇ နဲ့ပတ်သက်လို့ တစ်တပ်တစ်အားပါဝင်ကြမယ့် စာပေလောကသားတချို့ရဲ့ စာပေညီလာခံအပေါ်ပြောစကားတွေကို စုစည်းဖော်ပြတင်ဆက်လိုက်ပါတယ်။

ဆရာမျိုးမြတ်သူ
စာပေညီလာခံဆိုတာ ကျွန် တော်တို့ ၁၉၆၂ တော်လှန်ရေး ကောင်စီအစိုးရလက်ထက်မှာ ပထမ ဦးဆုံးကျင်းပခဲ့တယ်ပေါ့နော်။ အခုဆို ၅၅ နှစ်ကြာမှ တစ်ခါပြန်ကျင်းပတယ်။ အရင်တုန်းက ကျင်းပခဲ့တဲ့ စာပေညီ လာခံကတော့ ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်မှာ ကျင်းပခဲ့တဲ့ စာပေ ညီလာခံမို့လို့ လွတ်လပ်စွာပြောဆို ခွင့်၊ ရေးသားခွင့်မရှိဘူးလို့ပြောကြ တယ်။ အခုတစ်ခါ ကျင်းပမယ့် စာပေ ညီလာခံကတော့ လွတ်လပ်စွာ ပြော ဆိုခွင့်၊ ရေးသားခွင့်၊ ဆွေးနွေးခွင့် တွေရှိမယ်။ နောက်ပြီး ဒီဆွေးနွေး ပွဲကနေထွက်လာမယ့် ရလဒ်တွေဟာ မြန်မာနိုင်ငံအတွက်၊ စာပေလောက အတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါ တယ်။ ကျွန်တော့်အနေနဲ့ စာပေ ညီလာခံပွဲတော်မှာ ‘ဘာသာပြန်နဲ့ ပညာရေး’ ဆိုတဲ့ခေါင်းစဉ်ကနေ ဆွေးနွေးသွားဖို့ရှိပါတယ်။

ဆရာမသန်းမြင့်အောင်
ကျွန်မတို့ စာရေးဆရာ၊ ကဗျာ ဆရာ၊ ကာတွန်းဆရာ၊ သတင်းစာ ဆရာ အားလုံး စုံစုံညီညီနဲ့ ဒီအချိန် အခါမှာ အားလုံး ညီညီ ညွတ်ညွတ်နဲ့ ကျင်းပမယ်ဆိုတော့ ကျွန်မတို့ စာပေ လောကရဲ့ တိုးတက်မှု အရိပ်အရောင် လည်းဖြစ်တယ်လေ။ အဲဒါကို အ ကောင်အထည် ဖော်ဖို့ကလည်း အား လုံးက တညီတညွတ်တည်းရှိကြတယ်။ နောက်ပြီးကျတော့ အစိုးရကလည်း တညီတညွတ်တည်းအားပေးတယ်။ စာပေသမားတွေ၊ အနုပညာရှင်တွေ ကလည်း ဒါကိုတက်တက်ကြွကြွနဲ့ ဆောင်ရွက်နေကြတယ်။ ကျွန်မတို့ အနေနဲ့ကတော့ ပြောစရာ မရှိပါဘူး။ အင်မတန်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါတယ်။ နောက်တစ်ခါကျတော့ တိုင်းပြည်တစ်ပြည်ရဲ့တိုးတက်မှု၊ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ကျွန်မတို့ စာပေနဲ့ ယဉ်ကျေးမှုပဲလေ။

ဆရာမမစန္ဒာ
အခုခေတ် စာပေလောကက အားလုံး သိတဲ့အတိုင်း ရန်ကုန်ပတ် လည်အုပ် ၈ဝ ဆိုတဲ့ စာချိုးအတိုင်း ပါပဲ။ စာဖတ်အားတွေ ကျလာတယ်။ စာအုပ်ထုတ်ဝေမှုတွေမှာ ဈေးနှုန်းတွေ တက်ကုန်ပြီ။ အဲဒီလိုမျိုးကျ ဆင်းလာတဲ့မြန်မာနိုင်ငံရဲ့ စာပေလောကအခြေအနေကို မကြာမီ ကျင်းပမယ့် စာပေညီလာခံကနေ ပြောတဲ့စာရေးဆရာတို့ရဲ့အသံက နေကြားသိရမယ်။ စာပေလောက အ တွက် တကယ့်ကို အကျိုးဖြစ်စေမယ့် စာပေညီလာခံဖြစ်ပါတယ်။

မောင်ခင်မင်(ဓနုဖြူ)
ဆရာတို့ စာရေးဆရာပေါက်စ ဘဝ ၁၉၆၂ခုနှစ်တုန်းက စာပေညီလာခံ ကျင်းပပြီး ပြောဆိုဆွေးနွေးတာတွေကို ကြည့်ဖူးတော့ အားကျတယ်။ အခုဆိုနှစ်ပေါင်းများစွာ ကြာသွားပြီ။ ဒီကာလ အတွင်းမှာ စာပေလောက တစ်ခုလုံး ကျယ်ကျယ်ပြန့်ပြန့် ပေါင်းစည်းတဲ့ ညီလာခံ ကျင်းပတယ်ဆိုတာ မရှိခဲ့ဘူး။ အခုကျမှတစ်ခါ သက်ဆိုင် ရာတာဝန်ရှိတဲ့ သူတွေရော၊ စာပေသမားတွေရော နိုးနိုးကြားကြား ဖြစ်ပြီးတော့ စာပေညီလာခံကြီး ကျင်းပ တယ်ဆိုတော့ စာရေးသူ တစ်ယောက် အနေနဲ့ရော၊ စာပေဝါသနာရှင် တစ်ယောက် အနေနဲ့ရော အတိုင်းထက် အလွန်ဝမ်းသာပါတယ်။

ဆရာမြေမှုန်လွင်
အခုလုပ်မယ့် ၂ဝ၁၇ ညီလာခံက အမှီအခို ကင်းတယ်။ လွတ်လပ်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ပြည်ရဲ့ စာပေလောကကလေ ဘက်ပေါင်းစုံကနေပြီးတော့ ခြွတ်ခြုံကျနေခဲ့တယ်။ ခြွတ်ခြုံကျနေတာကို ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်တို့ စဉ်းစားတယ်။ စဉ်းစားတဲ့ အခါမှာလည်း အဖွဲ့အစည်း ပေါင်းစုံကနေ ကြည့်ရတယ်။ ဒါပေမဲ့ အကောင်အထည်ဖော်တဲ့ နေရာမှာလည်း အစိုးရရဲ့ ပံ့ပိုးမှုမပါရင် တော်တော်လေးခက်ခဲမယ်။ အဲဒီတော့ ဒါတွေကို အကောင်အထည်ဖော်ဖို့ဆို ကျွန်တော်တို့က ကွဲပြားခြားနားတဲ့ လူ တွေ၊ ကွဲပြားခြားနားတဲ့ အဖွဲ့အစည်းတွေကနေပြီး ဦးဆောင်ပြီးတော့ ညီလာခံ တစ်ခုလုပ်မယ်။ အဲဒီညီလာခံမှာ မြန်မာစာပေလောက ပြန်လည် ဖွံ့ဖြိုးရှင်သန် လာရမယ်ဆိုတဲ့ ရည် ရွယ်ချက်တွေ အဖြေတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဆီကိုပို့ အကြံပြုပြီးတော့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီစာပေညီလာခံဟာ မြန်မာစာပေလောက အတွက် ‘နတ်ရေကန်ထဲတွန်းချ လိုက်သလို’ နေချင်းညချင်း ပြောင်းလဲသွားမှာမဟုတ်သည့်တိုင် အရွေ့တစ်ခုကိုဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here