ဝတဲ့ လူတွေရဲ့ အားသာချက်ကို အလှမယ် စန္ဒီမင်းအောင်

0
238

စင်ကာပူနိုင်ငံမှာ နိုဝင်ဘာ ၁၂ ရက်နေ့က ကျင်းပ တဲ့ Ms Top of the World Plus Size 2017  ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင် ရောက်ယှဉ်ပြိုင်တဲ့ Miss Plus Size အလှမယ် စန္ဒီမင်း အောင်က Popular Choice နဲ့ Miss Star ဆု၂ဆုကို ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ နဲ့ပတ်သက်ပြီး စန္ဒီမင်းအောင် က စင်ကာပူနိုင်ငံမှာ နိုဝင်ဘာ ၁၂ ရက်နေ့က ကျင်းပ တဲ့ Ms Top of the World Plus Size 2017  ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင် ရောက်ယှဉ်ပြိုင်တဲ့ Miss Plus Size အလှမယ် စန္ဒီမင်း အောင်က Popular Choice နဲ့ Miss Star ဆု၂ဆုကို ရရှိခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ နဲ့ပတ်သက်ပြီး စန္ဒီမင်းအောင် က “ပြိုင်ပွဲ အတွေ့အကြုံတွေ က တော့ အများကြီးရပါတယ်။ စန္ဒီတို့ ၈ ရက်နေ့ ရောက်တယ် ဆိုကတည်းက ပါတီလုပ်ပြီး စားတာသောက်တာ က နေစပြီး အမှတ်တွေ ပေး သွားပါတယ်။ ဖိုင် နယ်နေ့ထိပါပဲ။ အခက်အခဲတော့ ထွေထွေထူး ထူး သိပ်မရှိပါဘူး။ ဒါပေမဲ့ စန္ဒီက အင်္ဂလိပ်စာ အားနည်း တယ်။ ဘာသာစကား တအား အားနည်း တယ်။ အဲဒီတစ် ခုပါပဲ။ ကျန်တာ အားလုံး အဆင်ပြေပါတယ်။ နောက်နှစ် ပြည်ပပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ညီမလေးတွေ အနေနဲ့ Speaking ရော Catwalk ရော ပြီးတော့ စား တာ သောက်တာ၊ နေတာထိုင်တာ ပေါင်းသင်း ဆက်ဆံရေး တွေလည်း လိုအပ်ပါတယ်။ အားလုံးကို သေချာပြင် ဆင်ပြီးမှ သွားပြိုင်ပါလို့ ပြောချင်ပါတယ်”လို့ ပြောပြီး အခုလို ကိုယ့်နိုင်ငံ့ အတွက် ဆုယူပေးနိုင်တဲ့ အတွက် တအား ဝမ်းသာပီတိ ဖြစ်ရပါတယ်” လို့ စန္ဒီမင်းအောင်က ပြောပါတယ်။

အလှ မယ် စန္ဒီမင်းအောင်က အသက်၂၈ နှစ်ရှိပြီး စင်ကာပူမှာ သွားရောက် မယှဉ်ပြိုင်ခင်မှာ ကိုယ်အလေးချိန် ၂၂၃ ပေါင်ရှိကာ အခုလက်ရှိမှာတော့ ကိုယ်အလေးချိန် ၂၅၄ ပေါင်ရှိကြောင်း သိရပါတယ်။ စန္ဒီမင်းအောင် က သူ့ကို Body Shaming လုပ်တာ မျိုးတွေ ခံခဲ့ရပေမယ့် ဘယ် လိုမှ သဘောမထားတော့ကြောင်း  ဝတဲ့လူ တွေမှာလည်း အားသာချက်တွေ ရှိကြောင်းကို … ဝတဲ့လူတွေရဲ့ အားသာချက်က သူများတွေနဲ့ လူအုပ် ကွဲသွားရင်တောင် ကိုယ့်ကိုယ်တန်းခနဲ မြင်နိုင် တယ်။ ဝတဲ့လူတွေက ဆောင်းတွင်းဆိုရင် အရမ်းနွေး တယ်။ စန္ဒီ့ရဲ့ မိုးကုတ်က အဒေါ်တွေဆိုရင် ဆောင်းတွင်း ဆို စန္ဒီနဲ့ပဲ လာလာအိပ်တာ။ စန္ဒီကနွေး လို့တဲ့။ နွေရာသီကျ လို့ရှိရင်လည်း သူများတွေ အသားတွေက ပူနေတယ်။ စန္ဒီတို့အသားတွေက အေးနေတယ်။ အဲဒါ ဘုရားပေးတဲ့ ကုသိုလ်ပါ”  လို့ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here