သူ့ရဲ့ရည်မှန်းချက် အနုပညာ ပန်းတိုင်တစ်ခုကို အကောင်းဆုံး လုပ်နိုင်ပါစေလို့ မျှော်လင့်ပါတယ် ရဲတိုက်ရဲ့ဖခင် ဦးထွန်းညွန့်မော်

0
192

သရုပ်ဆောင် ရဲတိုက်ရဲ့ ဖခင် ဖြစ်သူ ဦးထွန်းညွှန့်မော်က သားဖြစ်သူထောင်က လွတ်လာတဲ့ အတွက် တအားကို ဝမ်းသာ ပီတိဖြစ်ရပါတယ် လို့ပြောပါတယ်။ ငယ်စဉ်က ရဲတိုက်ရဲ့ ဝါသနာနဲ့ ပတ်သက်ပြီး…”သူကငယ်ငယ်တုန်းက အနုပညာ ဝါသနာပါတယ်။ စာပေ ဝါသနာပါတယ်။ နူးနူးညံ့ညံ့နဲ့ တခြား သားတွေနဲ့ မတူတဲ့ နူးညံ့တဲ့ အနုပညာစိတ်ဓာတ်က သူ့ဆီမှာ ပါလာတာပေါ့” လို့ ပြောပါတယ်။

ရဲတိုက် ထောင်ကျသွားခဲ့ရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ဖခင်ဖြစ် သူက…”အခုလို ထောင်ကျသွားခဲ့တာက အမှန်က တော့ လူငယ်သဘာဝ ပေါ့တီးပေါ့ဆနေလို့ ဖြစ်သွားတဲ့ အ နေအထားလို့ အန်ကယ်မြင်ပါတယ်။ အန်ကယ်တို့နဲ့ သူက အဲဒီအချိန်တုန်းက သိပ်ပြီးတော့ နီးနီးကပ်ကပ်နေတဲ့ အချိန် မဟုတ်ဘူး။ သိပ်ကင်းကွာတဲ့ အဆင့်လည်း မဟုတ်ပါဘူး။ သွား သွားလာလာ တော့ရှိပါတယ်။ အမြဲတမ်းကြီးတော့ ထိစပ်နေတဲ့ အနေအထား မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဖခင် တစ်ယောက်အနေနဲ့ သားဖြစ်သူနဲ့ ပတ်သက်ပြီး ဆန္ဒ ကိုတော့ ဦးထွန်းညွှန့်မော်က …”သူ့အနေနဲ့ အကောင်းဆုံး အနုပညာ လုပ်ငန်းကို ဆက်လုပ်ပြီး သူ့ရှေ့ဆက်ပြီး ခရီးဆက်မယ် လို့ အန်ကယ့်ကို ပြောလေ့ပြောထ ရှိပါတယ်။ လိုအပ်တဲ့ သတိ ပေးပံ့ပိုးမှုကတော့ ဘယ်သားသမီးကို မဆို ဘယ်မိတ်ဆွေကိုမဆို အန်ကယ်တို့ ပြောလေ့ပြောထ ရှိပါတယ်။ အန်ကယ်တို့ကို မှားနိုင် တာမျိုးကို သူများကလာ ပြောရင်လည်း လက်ခံလေ့ လက်ခံထ ရှိပါတယ်။ အန်ကယ့် အနေနဲ့ကတော့ သူ့ရဲ့ ရည်မှန်းချက် အနု ပညာ ပန်းတိုင်တစ်ခုကို စုပ်ကိုင်မိအောင် ကြိုးကြိုးစားစားနဲ့ ရှေ့ ဆက်မယ့် ရည်မှန်းချက်အပေါ်မှာ အကောင်းဆုံး လုပ်နိုင်ပါစေ ဆိုတာကိုပဲ အန်ကယ့်အနေနဲ့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here