ဂီတ နဲ့ ရုပ်ရှင် ၂ခုကြား သင့်တင့်မျှတစွာ လျှောက်လှမ်းဖြစ်နေတဲ့ ဟစ်ဟော့ပ် အဆိုတော် ကြက်ဖ

0
208

ကိုယ်တိုင်လည်း သီချင်းခွေ ထုတ်ဖို့အတွက် သေသေချာချာ စီ စဉ်နေသလို Music Video  ရိုက် ကူးရေးတွေ၊ တေးရေးအနေနဲ့ သီ ချင်း ရေးပေးနေတာလေးတွေ ကြောင့် အချိန်ကို သေသေချာချာ စီမံခန့်ခွဲနေရကြောင်း ဟစ်ဟော့ပ် အဆိုတော် ကြက်ဖက ပြော ပါတယ်။ကိုယ်တိုင်လည်း သီချင်းခွေ ထုတ်ဖို့အတွက် သေသေချာချာ စီ စဉ်နေသလို Music Video  ရိုက် ကူးရေးတွေ၊ တေးရေးအနေနဲ့ သီ ချင်း ရေးပေးနေတာလေးတွေ ကြောင့် အချိန်ကို သေသေချာချာ စီမံခန့်ခွဲနေရကြောင်း ဟစ်ဟော့ပ် အဆိုတော် ကြက်ဖက ပြော ပါတယ်။

“အခွေကတော့ ၂ဝ၁၈၊ ၆လ ပိုင်းထုတ်ဖို့ စီစဉ်ထား တယ်။ အစကတော့ ကျွန် တော့်လုပ်ထားတဲ့ ပထမ အခွေထဲက အပြင်ကို မပြန့် သေးတဲ့ သီချင်းတွေကို ထည့် မယ်။ ပြီးရင် သီချင်း အ သစ်တွေ ထပ်ထည့်မယ်။ ဒါပေမဲ့ အဲဒီအဟောင်းကို ခဏထားထားပြီး တော့ အသစ်ချည်းပဲ တစ်ခွေလုံး သတ်သတ် လုပ်ဖို့ စီစဉ်ထားတယ်။ လောလောဆယ်တော့ ၂ပုဒ် ပြီးပြီ။ အခုတတိယ မြောက်အပုဒ်ကို လုပ် နေတယ်”လို့ ကြက်ဖ က ပြောပါ တယ်။   “အခွေ ထဲမှာ သူ ဖန်တီး နေတဲ့ အကြောင်း အရာအားဖြင့် ဆိုရင် အရင် တုန်းက နည်းနည်း အဆိုးမြင်တဲ့ စိတ် ပေါ့။ ဘယ်အရာကိုမဆို ကျွန်တော် တို့က အဆိုး ကိုထောက်ပြတတ်ကြ တာကိုး။ အဲဒီလိုစာသားမျိုးတွေ နည်းနိုင်သလောက် နည်းသွားပြီး တော့ ရေးထားတယ်။ အဆိုးတွေ မရှိ တော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ ဒီအဆိုးတွေထဲ က ကောင်းကွက်ကို ဘယ်လိုရှာမလဲ။ ပြီးရင်ကောင်း အောင် ဘယ်လိုကြိုးစားမလဲ။ တည် ဆောက်မှုပိုင်းကို ပိုပြီးတော့ သွားဖြစ် မယ်”လို့ကြက်ဖထံမှ သိရပါတယ်။

သရုပ်ဆောင်မှုပိုင်းနဲ့ ပတ်သက် ပြီးတော့လည်း ကြက်ဖက “ရုပ်ရှင် ဇာတ်ကားကြီး ၅ကားလောက်ပါ တယ်။ ယုန်လေးနဲ့ ၂ကား၊  “ကိုယ့် သမိုင်းကိုယ်ရေးကြသူများ-၂”၊ နောက်တစ်ကား ကကြတော့ “လူ လိမ္မာနိုင်ငံမှာ ဆရာကျတဲ့လူမိုက်” ၊ ကျွန်တော်ရိုက်ဖူးသမျှ ထဲမှာတော့ လုံးဝဟာသမလုပ်ရတဲ့ ကားပေါ့။ အဲဒီ ၂ကား ပြသဖို့ရှိတယ်။ ပြီး ရင် Bo Bo Film ကလုပ်တဲ့ “ရပ်ကျော်ရွာကျော်”၊ အဲဒါက လွှမ်းပိုင်နဲ့။ ပြီးရင် “အိမ် ကြက်” ရှိမယ်။ ပြီးရင် “ဗီဇ” ရှိမယ်။ ဇာတ်လမ်းတွဲ အနေ နဲ့ကတော့ ကိုသားစိုးတို့ 123 Media ကလုပ်တဲ့ “ဂျော်နီငပိနှင့် တော်ကီချက် ကြီး” ရှိမယ်။ ဒီကြားထဲမှာ ဇာတ် လမ်းတွဲတွေ ရိုက်ကူးထားတာလည်း ရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here