သူ့ကြောင့် ရုပ်ရှင် ဇာတ်ကား ရသပျက်သွားမှာ စိုးရိမ်ခဲ့ဖူးကြောင်း ရွှေထူး ပြော

0
176

ပထမဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်တဲ့ “ပက်ပက်စက်စက်ညှို့” မှာ ဘာလုပ်လုပ် ဖြစ်တယ်ဆိုတဲ့   ဂျစ်ကန်ကန် သူဌေးသား ကာရိုက်တာက နေ သရုပ်ဆောင်ထားတဲ့ ရွှေထူးက သူ့သရုပ်ဆောင်မှု တွေကြောင့် ရုပ် ရှင်ရဲ့ရသ ပျက်သွားမှာ စိုးရိမ်ခဲ့ဖူး ကြောင်း ဇာတ်ကား အထူး ပွဲပြသတဲ့ နေ့က ပြန်လည်ပြောပြပါတယ်။ပထမဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်တဲ့ “ပက်ပက်စက်စက်ညှို့” မှာ ဘာလုပ်လုပ် ဖြစ်တယ်ဆိုတဲ့   ဂျစ်ကန်ကန် သူဌေးသား ကာရိုက်တာက နေ သရုပ်ဆောင်ထားတဲ့ ရွှေထူးက သူ့သရုပ်ဆောင်မှု တွေကြောင့် ရုပ် ရှင်ရဲ့ရသ ပျက်သွားမှာ စိုးရိမ်ခဲ့ဖူး ကြောင်း ဇာတ်ကား အထူး ပွဲပြသတဲ့ နေ့က ပြန်လည်ပြောပြပါတယ်။ “ကျွန်တော့်ကြောင့် ဒီရုပ်ရှင် ကား ရသ ပျက်သွားမှာကို ကျွန်တော် စိုးရိမ်ပါတယ်။ ကျွန်တော့်ကို ယုံ ကြည်ပေးထားတဲ့ သူတွေအားလုံးကို ကျွန်တော် အားနာတယ်။ အဲဒီတော့ ကျွန်တော် စိုးရိမ်စိတ်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ကျွန်တော် ရိုက်ကူးခဲ့တဲ့ အချိန် မှာတော့ ကျွန်တော် အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင် တယ်။ အဲဒီတော့ ကောင်းသည်ဖြစ် စေ၊ ဆိုးသည်ဖြစ်စေ ဘယ်လို ဝေဖန် ချက်မျိုး ကိုမဆို ကျွန်တော်ကြို ဆိုပါတယ်။ ကျွန်တော့်ကို ဝေဖန်ပေး ကြပါ။ ပြောပြပေးကြပါ။ ကျွန်တော့် ကို ဝေဖန်ပြီးပြောပြပေးမှ ကျွန်တော် က သိမှာဆိုတော့ ကျွန်တော့်ကိုပြော ပြပေးပါပေါ့နော်” လို့ သူက ပရိသတ် ကို တောင်းဆိုလိုက်ပါတယ်။

ရွှေထူးရဲ့ သရုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး သူ့မိသားစု၊ သူ့ သူငယ် ချင်းတွေက ဘယ်လို မှတ်ချက်ပေး သလဲဆိုတော့…. “အမေကတော့ သူရိုက်စေချင် လို့ သူ့သားရိုက်တယ်။ ရိုက်တဲ့အပေါ် မှာ မဆိုးဘူးပေါ့နော်။ နင့်ကို အဲဒီ လောက်တောင် မထင်ထားပါဘူးတဲ့။ ကြောင်တော့ မကြောင်သွားဘူးတဲ့။ အမေ တို့ကတော့ အဲဒီလိုပဲပြော တယ်။ သူ့ ငယ်ချင်းတွေကတော့ ပိုး စိုးပက်စက် ပြောတယ်ပေါ့နော်။ ပိုး စိုးပက်စက်လည်း ပြောသလို နှစ် လည်းနှစ်သိမ့်ပေးပါတယ်။ မင်းက အ ဆိုတော်ပဲ။ ပထမဆုံးဇာတ်ကားမှာ ဒီ လောက် သရုပ်ဆောင်နိုင်တာ မဆိုး ဘူးပေါ့။ ငါတို့ကတော့ ရယ်မှာပဲတဲ့။ အကုန်လုံးကတော့ အဲဒီလိုပဲ ပြောပါ တယ်” လို့ သိရပါတယ်။ ဂီတ အနေ နဲ့ကတော့ ဒုတိယ တစ်ကိုယ်တော် အခွေကသိပ်မကြာခင် ထွက်ရှိလာ တော့ မယ်လို့ဆိုတဲ့ ရွှေထူးက… သီချင်းအခွေ အနေနဲ့ က ကျွန်တော် ၁၂လပိုင်း(သို့မဟုတ်) ၁လ ပိုင်းထွက်နိုင်အောင် ကြိုးစား နေတယ်။ ၁လပိုင်းလောက် တော့ဖြစ် ဖို့ များတယ်ဗျ။ အခွေကတော့ သီ ချင်း ၃ပုဒ်ပဲကျန်တော့တယ်ဗျ။ ပြီး တော့မှာပါ။ ဒုတိယ အယ်ဘမ်က တော့ ရယ်ဒီပါပဲ။ ဒီတစ်ခေါက် ပရိုမိုးရှင်းလုပ်ရင် ကျွန်တော့်မှာ အစီအစဉ်လေးတွေတော့ရှိပါတယ်။ ကြေညာပေးပါ့မယ်”လို့ ပြောပြခဲ့ ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here