အဆိုတော် နန်းကဗျာ ရဲ့ ‘တစ်ဖက်သက်’ တေးစီးရီး မိတ်ဆက်

0
164

 အဆိုတော် နန်းကဗျာ ရဲ့ “တစ်ဖက်သတ်” တေးစီးရီး မိတ်ဆက်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့က  Orchid Hotel  မှာစတင် မိတ်ဆက်ခဲ့ပါတယ်။  ဒီတေးစီးရီးမှာ သီချင်းစုစုပေါင်း ၁၂ ပုဒ်ပါဝင်ပြီး သီချင်းအားလုံးမှာ ကိုယ်ပိုင် ဟန် ကိုယ်ပိုင်အသံနဲ့ သီဆိုထားကြောင်းလည်း သိရပါတယ်။ အဆိုပါ တေး စီးရီးနဲ့ ပတ်သက်ပြီး အဆိုတော် နန်းကဗျာကခုလို ပြောပြခဲ့ပါတယ်။

“ညီမအရင်တော့ အနုပညာနဲ့ပတ်သက်ပြီး ပရဟိတ ရန်ပုံငွေပွဲတွေမှာ သီချင်းဆိုတယ်။ ပွဲတွေလည်း တော်တော်များများ ဆိုဖူးပါတယ်။ ကိုယ်က အနုပညာလမ်း မှာအကြာကြီး လျှောက်ဖူးတယ်၊ ဆိုပေမယ့်လည်း ညီမ ၁၂ နှစ်အတွင်းမှာ ဒီတေးစီးရီးလေး ထွက်ဖြစ်တာပါ။ အရင်တုန်းက ကိုယ်က အင်အားနည်းလို့ အလုပ်ဖြစ်ခဲ့ဘူးပေါ့။ ကိုယ်ကလည်း ဝါ သနာပါတာ့ တေးစီးရီး လုပ်ဖြစ်ခဲ့တာပါ။ ဒီ “တစ်ဖက်သတ်” ဆိုတဲ့တေးစီးရီး ထွက် ဖြစ်ဖို့ တစ်နှစ်လောက် အချိန်ယူပြီး ကြိုးစားထားပါတယ်။ သီချင်းတွေက တော့ မြူးတဲ့သီချင်းတွေ ပါဝင်သလို အေး တဲ့ သီချင်းတွေလည်း ပါတယ်။ သီချင်း အချိုလေးတွေလည်းပါ တယ်။ အမှန်အတိုင်း ပြောရရင် ကိုယ်က Rock သီချင်းတွေ ဆို နေကျ ဖြစ်တဲ့အ တွက် Rock အသံ ပဲထွက်တယ်။ Rock ဆိုရတာကိုလည်းအား သန်တယ်။ ဒါပေမဲ့ တေးစီးရီးထဲ မှာတော့ သီချင်းတွေ စုံအောင် ထည့်ပေးထားပါတယ်။ ဒီတေးစီးရီးကို ပရိသတ် ကြိုက်မယ်လို့လည်း မျှော်လင့်ပါတယ်။ ပရိ သတ်တွေကိုလည်း သီချင်း ကို ကြိုက်ရင် လူကိုလည်း ခင်ကြပါ လို့ပြောချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဒီတေးစီးမှာ Audio CD  အခွေနဲ့အတူ MTV သုံးပုဒ် ပါတဲ့ DVD ပါ ပေါင်းထွက်တာဖြစ်ပြီး နိုဝင်ဘာလအတွင်း တစ်နိုင်ငံလုံးကို ဖြန့်ချိ ပေးသွားမှာဖြစ်ကြောင်း လည်း သိရပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here