အကယ်ဒမီကို ခေါင်းထဲမှာ သိပ်မထည့်ထားပါဘူး… နေတိုး

0
298

“ကြောက် ကြောက် ကြောက်”၊ “အောင်စေပိုင်စေ”၊ “တာတေကြီး” စသဖြင့်ပေါ့လေ အခုလတ်တလော ပူပူနွေးနွေး ထွက်ထားတဲ့ “ပက်ပက် စက်စက်ညှို့” နဲ့ ရုပ်ရှင်ဇာတ်ကား။ ဒါတောင် လက်ရှိရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ ရိုက်ကူးဖို့ အတွက် ပြင်ဆင်နေတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အနုပညာအတွက် အမြဲတမ်းအလုပ်လုပ်နေသူ နေတိုး ဒီနှစ် အကယ် ဒမီက သူ့အတွက်ဖြစ် နိုင်မလားဆိုတဲ့အပေါ် ကာယကံရှင်ကို အင်တာဗျူးဖြစ်တဲ့အခါ…”ကြောက် ကြောက် ကြောက်”၊ “အောင်စေပိုင်စေ”၊ “တာတေကြီး” စသဖြင့်ပေါ့လေ အခုလတ်တလော ပူပူနွေးနွေး ထွက်ထားတဲ့ “ပက်ပက် စက်စက်ညှို့” နဲ့ ရုပ်ရှင်ဇာတ်ကား။ ဒါတောင် လက်ရှိရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ ရိုက်ကူးဖို့ အတွက် ပြင်ဆင်နေတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အနုပညာအတွက် အမြဲတမ်းအလုပ်လုပ်နေသူ နေတိုး ဒီနှစ် အကယ် ဒမီက သူ့အတွက်ဖြစ် နိုင်မလားဆိုတဲ့အပေါ် ကာယကံရှင်ကို အင်တာဗျူးဖြစ်တဲ့အခါ… “အကယ်ဒမီ ဖီလင်ကတော့ နှစ်တိုင်း ဆုပေးနေတာ ဆိုတော့ အကယ်ဒမီကို ခေါင်းထဲမှာ သိပ်မထည့် ထားပါဘူး။ အကယ်ဒမီ အချိန်ရောက်ရှိလာပြီဆိုရင် ရတဲ့သူကို လက်ခုပ်တီးပြီး အားပေးရမယ်။ ကျွန်တော်ရလာဖို့ ကံတရား အကြောင်းတိုက် ဆိုင်လာလို့ရှိရင်လည်း ပျော်ပျော် ရွှင်ရွှင်နဲ့ လက်ခံရမယ်။ ဒီလောက် ပါပဲ။ အကယ်ဒမီနဲ့ ပတ်သက်ပြီး တော့ ဘာမှတွေးထားတာ၊ စဉ်းစားထားတာ မရှိပါဘူး။ ကျွန်တော့် စိတ်ထဲမှာ အကယ်ဒမီအတွက် ရည်ရွယ်ပြီးတော့ ဇာတ်လမ်းမျိုးလည်း မရှိပါဘူး။ အဓိကကတော့ ပရိသတ်ကို မက်ဆေ့ခ်ျ ကောင်းကောင်း၊ သရုပ် ဆောင်မှု အကောင်းဆုံး၊ အပီပြင်ဆုံးပေးနိုင်ဖို့ပဲ ခေါင်းထဲမှာရှိပါ တယ်” လို့ နေတိုးက ပြောပါတယ်။

လတ်တလော ထွက်ရှိထားတဲ့ နေတိုး၊ ရွှေထူး၊ မိုးစက်ဝိုင်တို့ ၃ ယောက်ရဲ့ “ပက်ပက်စက်စက်ညှို့” ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက် ပြီး တော့ နေတိုးက ဇာတ်ကားမရိုက်ကူးခင် ဇာတ်လမ်းဖတ်ခဲ့ရတဲ့ အတိုင်း ကွက်တိ ဖြစ်ပါတယ်လို့ မှတ်ချက်ပြု သလို သရုပ်ဆောင်သစ် ၂ယောက်နဲ့ ရိုက်ရတဲ့ ဇာတ်ကားကို ပရိသတ်တစ်ခဲနက် အားပေးကြ တဲ့အတွက် ရိုက်ရကျိုးနပ်တဲ့ ဇာတ်ကားဖြစ်ခဲ့ကြောင်းလည်း ပြော ပါတယ်။ ရွှေထူးနဲ့ မိုးစက်ဝိုင်တို့ အပေါ်ကိုလည်း… “သူတို့နဲ့ လိုက်ဖက်တဲ့ ဇာတ် ကောင်တွေ ဖြစ်နေတဲ့အတွက် သူတို့အတွက် ကံကောင်းတယ် ပြောရမှာပေါ့ နော်။ မိုးစက်တို့၊ ရွှေထူးတို့ ပရိသတ်တွေကလည်း ဒီကားကို ကြည့်ရှုပြီးတော့ ကျေနပ်အား ရမှု ရှိမယ်လို့ ကျွန်တော် လုံးဝယုံကြည် ပါတယ်”လို့ နေတိုးက မှတ်ချက်ပြုပါ တယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါ်ယူ ဆေးကုသပေးနေတဲ့ မောင်ကောင်း ထက်နိုင်ဟာ နေတိုးရဲ့ ပရိသတ် တစ်ယောက်ဖြစ်ပါတယ်။ ကလေး ငယ်ရဲ့ ဆန္ဒကို သွားရောက် ဖြည်း ဆည်းပေးခဲ့သေးတဲ့ နေတိုး က…”သူက ကျွန်တော့်  Fan ဖြစ်နေတော့ ကျွန်တော်က သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေး တာပါ။ ကလေးလေးက မွေး ရာပါ အကြောသေတဲ့ ဝေဒ နာဖြစ်နေတော့ လေ့ကျင့်ခန်း မှန်မှန် လုပ်ပေးရင် Normal အတိုင်းပြန် ဖြစ်လာနိုင်တယ် ဆိုတဲ့ဟာတစ်ခုကို သွားတွေ့ တယ်။ အမေစုကလည်း ခေါ် ယူပြီးတော့ကျန်းမာရေး စောင့် ရှောက်မှုတွေနဲ့ဖောင်ဒေးရှင်း တွေနဲ့ ဆေးကုပေးတယ်ပေါ့။ သူ့ရဲ့ ဆန္ဒလေးကို ဖြည့်ဆည်း ပေးတဲ့အနေနဲ့ ကျွန်တော်က ကိုယ့်ဆွေမျိုးသား ချင်းတစ် ယောက်လို၊ ညီအစ်ကိုတစ် ယောက်လိုသူနာမကျန်းဖြစ်နေ တဲ့ အခါမှာသွားရောက် တွေ့ဆုံ ပေးတာ ပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here