ချစ်သူ ဒါရိုက်တာရဲ့ ကူညီပံ့ပိုးပေးမှုတွေ အကြောင်း ပြောပြတဲ့ ပိုင်ဖြိုးသု

0
140

သရုပ်ဆောင် ပိုင်ဖြိုးသုက သူ့ ရဲ့ထုတ်လုပ်ရေးကနေ ဒုတိယ မြောက် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ် ကားကြီးကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မှာ စတင်ရိုက်ကူးသွားတော့မှာ ဖြစ် ကြောင်းသိရပါတယ်။ ဆရာမကြီး ကြည်အေးရဲ့”မီ” ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ရိုက်ကူးမှာ ဖြစ်ပြီး သူ့ရဲ့ ချစ်သူ ဒါရိုက်တာ ဏကြီးက အနုပညာ ပုံဖော်ရိုက်ကူးပေးမှာဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ် ကား မှာတော့နေတိုး၊ မင်းသွေး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ ပိုင်ဖြိုးသု တို့နဲ့ အတူ အခြားသော အနုပညာရှင် များ စွာတို့ ပါဝင် သရုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။

ဒီ ဇာတ်ကားက ကိုယ်တိုင်တအား အားခဲထားတဲ့ ဇာတ် ကား တစ်ကား ဖြစ်တယ်လို့ ပိုင်ဖြိုးသု က.. “ဆရာမကြီးရဲ့ “မီ” ဝတ္ထုကိုပဲ အတတ်နိုင်ဆုံး အပီပြင်ဆုံးဖြစ်အောင် ပုံဖော်သွားမှာပါ။ ကိုဏကြီး ကိုယ်တိုင် သူကိုယ်တိုင်ပဲ ဇာတ်ညွှန်းရေးတယ်ပေါ့နော်။ သူအခုကတည်းက ပလော့ခ်တွေ အကုန်လိုက်စုနေ တယ်။ သေချာလေးတော့ လုပ်နေတယ်။ သု့တို့ နှစ် ယောက်ပေါင်းပြီး အစွမ်းကုန် ကြိုးစားသွားမှာပါ။ “မီ” ကို ဒီဇင်ဘာမှာ ရိုက်ကူးတော့မှာဆိုတော့ ရိုက်ကူးရေး တွေကို အကုန်ရပ်နားထားတယ်။ သူက သူကိုယ်တိုင် လုပ်ရမှ ကျေနပ်တဲ့သူဆိုတော့သူလည်း အစွမ်းကုန်ထည့် ပြီး ကြိုးစားနေတယ်။ သု့ အနေနဲ့ကလည်း အခုက တည်းက “မီ”ကာရိုက်တာဝင်သွားမှာစိုးလို့ သူက “မီ” က ဒီအခန်းမှာ ဒီလို လုပ်ရမယ် ဘာညာပေါ့နော်။ အဲဒီလို ပြောတော့ သု့ကနေ ခဏနေဦး၊ တအားမပြောနဲ့ဦးလို့ သူ့ကို ပြောရတယ်”လို့ ဇာတ်ကားအတွက် ပြင်ဆင်ထား ရှိမှုများကို ပြောပြပါတယ်။

“မီ” ဆိုတဲ့ ကာရိုက်တာဝင်အောင် ချစ်သူဒါရိုက်တာ ရဲ့ ပံ့ပိုးပေးမှုအကြောင်းကိုလည်း … “မီအတွက်တော့ သု့ အပေါ်မှာ သူပံ့ပိုးပေးတာ တစ်ရာ ရာခိုင်နှုန်းလို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ဒီဇာတ်ကားအတွက် စတိုင်လစ်ရော ဒီဇိုင်နာတွေရောကို သူ ကိုယ်တိုင်ပဲ လုပ် ပေးတာ။ ခေတ်ကလည်း ရှေးခေတ်ကို ပြန်လည်ရိုက်ကူး သွားမှာဆိုတော့ အဲခေတ်က ပုံစံတိုင်းဖြစ်အောင် သူ ကိုယ်တိုင် အတိအကျ လုပ်တယ်။ သု့ကို ကာရိုက်တာ စိတ်ထဲ ထည့်ထားရတဲ့ဟာ တစ်ခုပဲ သူကပေးလုပ်တယ်” လို့ ပိုင်ဖြိုးသုက ပြောပြပါတယ်။

သူတို့ချစ်သူနှစ်ဦးက အနုပညာ အလုပ်တွေကိုသာ ကြိုးစားလုပ်ကိုင် နေတဲ့ အချိန် ကာလဖြစ်တာကြောင့် မင်္ဂလာကိစ္စ အတွက်ကတော့ လိုပါသေးတယ်လို့ ပိုင်ဖြိုးသု ကပြောပြခဲ့ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here