ချစ်သူ သန္တာဗိုက Suprise လုပ်တဲ့ နေရာမှာ ဆရာကြီးပါ… ကောင်းပြည့်

0
226

သရုပ်ဆောင် ကောင်းပြည့်က အခု “မှန်တိုင်းကို ရင်ဆိုင်ကြသူ များ” ဇာတ်လမ်းတွဲကို နောင်ချိုမြို့မှာ ရိုက်ကူးလျက်ရှိပါသည်။ ဒီဇာတ် လမ်း တွဲကတော့ ကောင်းပြည့် အ တွက် ဒုတိယမြောက် ဇာတ်လမ်းတွဲ ဖြစ်ပြီး ကောင်းပြည့်က နေမင်း၊ ခင် ဆုလှိုင်တို့နဲ့အတူ ပါဝင်သရုပ် ဆောင်ထားတာကို တွေ့ရပါတယ်။သရုပ်ဆောင် ကောင်းပြည့်က အခု “မှန်တိုင်းကို ရင်ဆိုင်ကြသူ များ” ဇာတ်လမ်းတွဲကို နောင်ချိုမြို့မှာ ရိုက်ကူးလျက်ရှိပါသည်။ ဒီဇာတ် လမ်း တွဲကတော့ ကောင်းပြည့် အ တွက် ဒုတိယမြောက် ဇာတ်လမ်းတွဲ ဖြစ်ပြီး ကောင်းပြည့်က နေမင်း၊ ခင် ဆုလှိုင်တို့နဲ့အတူ ပါဝင်သရုပ် ဆောင်ထားတာကို တွေ့ရပါတယ်။

နိုဝင်ဘာလ ၁၈ ၇က်နေ့မှာ စတင် ပြသမယ့် ဒီဇာတ်လမ်းတွဲ အတွက် ကောင်းပြည့်ရဲ့ ကြုံတွေ့ရတဲ့ ရိုက်ကူးရေး အခက်အခဲ တွေက… ” ဒီဇာတ်လမ်းတွဲက ကျွန်တော့် အတွက် ဒုတိယမြောက် ဇာတ်လမ်းတွဲပါ။ ပထမ ဇာတ်လမ်းတွဲကတော့ ရွှေမှုံရတီနဲ့ အတူရိုက် ထားတာပါ။ ဒုတိယမြောက် ဇာတ်ကားမှာ ကျွန် တော်က နောင်ချိုမှာ စာသင်ပေးနေတဲ့ ကျောင်းဆရာ တစ်ယောက်အနေ နဲ့ ပါဝင်ထားပါတယ်။ ကလေးလေးတွေကို စာသင်ပေးရင်းနဲ့ ကိုယ့် ချစ်သူနဲ့ ဝေးခဲ့တယ် ဆိုတဲ့ ပုံစံလေးပါ။ နောင်ချိုမှာ ရိုက်ကူးတော့ အခက်အခဲတွေ အများကြီးတွေ့ခဲ့ရတယ်။ Location နေရာက ကြိုပြီး သွားကြည့်ထားတယ် ဆိုပေမယ့် ရက်အကြာကြီး ရိုက်ကူးတဲ့အ ခါမှာ အဆင်မပြေမှုလေးတွေ ရှိတယ်။ ရာသီဥတု အနေနဲ့ကလည်း နောင်ချိုဘက်က မှောင်တာမြန်တာရယ်၊ ဆောင်းရာသီ ဘက်လည်း နည်းနည်း ကူးနေပြီ ဆိုတော့ နေဝင်တာ မြန်တဲ့အတွက် Lighting  အခက်အခဲလေး တွေရှိတယ်။ တကယ်လှတဲ့ ရှုခင်းလေးတွေ လည်း ရှိပါတယ်။ အခုလည်း ဒီ ဇာတ်ကားကို ဆက်နေကြတယ်။ ကျွန်တော့်ရဲ့ ဇာတ်ကား တွေကို စောင့်ကြည့်ကြတဲ့ ပရိသတ်ကြီး အတွက်လည်း ဒီဇာတ်လမ်းတွဲ လေးက မကြာမီပြသတော့မှာပါလို့”ပြောပြပါတယ်။

ပရိသတ်တွေ သိပြီးဖြစ်တဲ့ ကောင်းပြည့်နဲ့ သန္တာဗိုတို့ရဲ့ ချစ်သူ သက်တမ်းကတော့ ၅နှစ် ရှိပြီလို့ သိရပါတယ်။ စက်တင်ဘာလမှာ ကျရောက်ခဲ့တဲ့ ကောင်းပြည့်ရဲ့ ၂၉ နှစ်ပြည့် မွေးနေ့ပွဲကိုလည်း ချစ်သူတွေဖြစ်တဲ့ သန္တာဗိုက Suprise Party လေး ဖန်တီး ပေးခဲ့ပါတယ်။

သန္တာဗိုက Suprise လုပ်တာ တ အားတော်တယ်လို့ ပြောပြတဲ့ ကောင်းပြည့်က… “သန္တာဗိုက Suprise  လုပ်တာ လေးတွေက ကျွန်တော့်အတွက် အမှတ်တရ ပိုဖြစ်စေခဲ့တယ်ခင်ဗျ။ မွေးနေ့ပဲဖြစ်ဖြစ်၊ Anniversary  ပဲဖြစ်ဖြစ် သူက Suprise  လုပ်တာ တအားတော်တယ်။ ကျွန်တော့်အ ပေါ်မှာ တစ်ခါတလေ မထင်ထားတဲ့ ပျော်ရွှင်မှုတွေကိုသူက Suprise  အနေနဲ့ ပေးခဲ့တာများပါတယ်ခင်ဗျ။ ဒါတွေက ကျွန်တော့်အတွက် အမှတ်ရစေမယ့်အရာလေးတွေပေါ့။ ကျွန်တော့်ဘကက်က Suprise  လုပ်ချင်တာ စိတ်ထဲမှာပဲရှိတယ်။ ဒါပေမဲ့ သူ့လောက် ကျွန်တော် မလုပ်တတ်ဘူး။ တကယ်လည်း လုပ်ပေးချင်တဲ့ အရာတစ်ခု တော့ရှိတယ်။ သူ့လို အနုအရွလေးတွေတော့ မဟုတ်ဘူး။ ကျွန် တော်တို့နှစ်ယောက် အတွက် ရည်မှန်းထားတဲ့ အရာတစ်ခု ကိုတော့ ထူးထူးခြားခြား ဘဝမှာတစ်ခါတည်း ပေး ချင်တာမျိုး ရှိပါတယ်” လို့ ပွင့်ပွင့်လင်းလင်း ပြောပြ ပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here