သားနဲ့သမီးက အနုပညာဗီဇ အကဲခတ်ဖို့ စောပါသေးတယ် . . . လူမင်း

0
208

အကယ်ဒမီ လူမင်းမှာ ဧရာဝတီလူမင်းနဲ့ ဧဝရတ်လူမင်းလို့ အမည်ပေးထားတဲ့ သားသမီး နှစ်ယောက်ရှိပါတယ်။ သူတို့လေးတွေ က International  School Yangon (ISY) မှာ ပညာသင်ယူနေ ကြပါတယ်။ အခုအချိန် မှာတော့ သားနဲ့သမီးကို ပညာရေးကိုသာ အဓိကထား ပံ့ပိုး ပေးနေတာ ဖြစ်ပြီး  ကလေး တွေမှာ အနုပညာဗီဇပါမပါ တော့ အကဲခတ်ဖို့ စော နေသေးတယ် လို့ လူမင်း က ဆိုပါတယ်။အခုအချိန် မှာတော့ သားနဲ့သမီးကို ပညာရေးကိုသာ အဓိကထား ပံ့ပိုး ပေးနေတာ ဖြစ်ပြီး  ကလေး တွေမှာ အနုပညာဗီဇပါမပါ တော့ အကဲခတ်ဖို့ စော နေသေးတယ် လို့ လူမင်း က ဆိုပါတယ်။

“သားနဲ့ သမီး ကတော့ အနုပညာဗီဇ က အကဲခတ်ဖို့ စောပါ သေးတယ်။ ကလေး သဘာဝ ပဲ ရှိသေးတယ် ဆိုတော့ ကလေးသဘာဝ အရ ဓာတ်ပုံရိုက်မယ် ဆိုရင် မရိုက်ချင်ရင် ပတ်ပြေးတာ၊ သမီးကတော့ မရိုက်ချင်သော် ငြားနဲ့ အိုက်တင်လုပ် ဆိုရင်တော့ အိုက်တင်လုပ်တယ်။ အနုပညာဗီဇ ပါတယ်။ မပါဘူးဆို တာတော့ အကဲခတ်ဖို့ စောပါ သေးတယ်။ သူတို့ တကယ် ဝါသနာပါရင်တော့ အစ်ကိုက အားပေးမှာပါ။ တချို့ကျတော့ မဂ္ဂဇင်း ဓာတ်ပုံတွေ ဘာတွေ ပြောကြတာရှိတယ်။ သူတို့ ခမျာမှာလည်း မအားကြဘူးလေ။ ကျောင်းတွေ ကျူရှင်တွေ ဒီ့ပြင်သင် တန်းတွေ ရေကူးသင်တန်းတွေ ပီယာနို သင်တန်းတွေနဲ့ သူတို့ဟာနဲ့ သူတို့ မအားဘူး။ ကိုယ်ကိုယ်တိုင် ကလည်း မအားတော့ အဲဒီလိုမျိုး လေးတွေ မရိုက်ဖြစ်သေးတဲ့ သဘောပါပဲ။ အဓိက ကတော့ သူတို့ကို ပညာရေးကိုသာ အဓိက အရေးကြီးဆုံး အနေနဲ့ ပံ့ပိုးပေးနေပါတယ်” လို့ လူမင်းက ပြော ပါတယ်။

လူမင်းက ဒီသားနဲ့ ဒီသမီးတို့ကို ဆုံးမတဲ့အခါမှာ ဘာသာရေးနဲ့ သွန်သင် ဆုံးမလေ့ ရှိကြောင်းသိ ရပါတယ်။ ဖခင် တစ်ယောက် မိဘတစ် ယောက်အနေနဲ့ သားသမီးတွေကို သွန်သင်ဆုံးမ ထိန်း ကျောင်းပေးပုံကို လူမင်းက …      “သူတို့ကို တစ်ခုခု ပြောပြီဆိုရင် ဘုရားက ဘယ်လိုဟောတယ် ။ ဘယ် လိုပြောတယ်ဆိုတဲ့ ဟာနဲ့ပဲ ချိန်  ပြီး တော့ သူတို့ပြောရင် သူတို့နား ထောင် တယ်။ နားဝင်တယ်။ သူတို့ကို မနက် တိုင်း မိုးလင်းတာနဲ့ သရဏဂုံ ရွတ်ရ တယ်။ အဲဒါလေးတွေနဲ့ ပုံသွင်းထား တယ်။ ဒီခေတ်ကလေး တွေက အစ်ကို တို့ ကလေးဘဝတုန်းကလိုမျိုး မဟုတ်တော့ဘူး။ သူတို့ IQ တွေက မြင့်မြင့်လာကြပြီ။ အဲဒီလိုဆိုတော့ သူတို့  Level နဲ့ ညီအောင်ပေါ့နော်။ဥပမာ  အခု I Phone x ထ ထွက်တယ် ဆိုလို့ရှိရင် အစ်ကို့ သားက တအား ပူဆာတယ်။ သူတို့နားလည်အောင် ပြောပြရတယ်။  ဒီ iPhone ကြီးကို တီထွင်တဲ့ Steve Job တောင်မှ သူ့ သားသမီးကို ၁၂ နှစ်ပြည့် မှ ဖုန်းသုံးခွင့်ပေးတယ် ဆို ပြီးတော့ ရှင်းပြပြီးတော့ တား တဲ့အခါမှ ရတယ်။ အဲဒီလို သဘောပေါ့နော်။ သူတို့ကို အကျိုး သင့် အကြောင်းသင့် ပြောရတယ်။ အစ်ကိုတို့ ငယ်ငယ်တုန်းကလို အ ကြောက် တရားနဲ့ မပြောနဲ့၊ ပါးစပ်ပိတ် ငါရိုက်လိုက်မယ် ဆိုတာမျိုးနဲ့တော့ မဆုံးမဘူး။ ဖုန်းဆိုလည်း သူတို့ကို အထိုက် အလျောက်တော့ ပေးသုံးပါ တယ်။ ဂိမ်းလေးတွေဆော့တာ အထိုက် အလျောက်တော့ ပေးသုံးပါတယ်။ စွဲသွားမှာ ဆိုးလို့ စာကို လျော့သွားမှာစိုးလို့  သေချာလေး ထိန်းကျောင်းပေးရတာပေါ့” လို့ ပြောပြခဲ့ပါတယ်။

အခုလတ်တလော မှာတော့ လူမင်းပါဝင် သရုပ်ဆောင်ထားတဲ့ “ဖေ့စ်ဘုတ်ခ်ဘုရင်မ” ဟာသ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသလျက် ရှိနေပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here