၃၉နှစ်ပြည့် မွေးနေ့ပွဲပြုလုပ်မယ့် အကြောင်း အကယ်ဒမီ ပြေတီဦး ပြောပြ

0
211

အကယ်ဒမီ ပြေတီဦးက နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ ကျရောက်မယ့်  သူ့ရဲ့ ၃၉နှစ်ပြည့် မွေးနေ့မှာ ပြေတီဦး ဖောင်ဒေးရှင်းက ကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ “မွေးနေ့ကတော့ ကျွန်တော့်ဖောင်ဒေးရှင်းက ကလေးတွေနဲ့တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

တစ်နှစ်တစ်ခါတော့ သူတို့နဲ့ ဒီအချိန်လေးပဲ တွေ့ရတာလေ။ ဖောင်ဒေးရှင်းကလည်း ကျွန်တော့်မွေးနေ့မှာ စပြီးတော့ တည်ထောင်ခဲ့တာ ဆိုတော့ နှစ်ပတ်လည် အနေနဲ့ ဒီနေ့လေးမှာပဲ ကလေးတွေနဲ့ တွေ့ဖြစ်တာ ဆိုတော့ မွေးနေ့နဲ့ ဒီဖောင်ဒေးရှင်းနဲ့က တွဲလျက်လို ဖြစ်နေတာပေါ့နော်။ သူတို့နဲ့ တွေ့ရတာ ပျော်ပါတယ်။ ဒီနှစ်မှာ အသစ်ကလေးက ၁၂ ယောက်ပါပါတယ်။ ကလေး အားလုံးပေါင်း ကတော့ ၁၇ဝ လောက် ဖြစ်သွားပါပြီ”လို့ အကယ်ဒမီပြေတီဦးက ပြောပါတယ်။ မွေးနေ့ရှင် ပြေတီဦးကတော့ သူ့ရဲ့မွေးနေ့မှာ သူ့ကိုယ်သူတောင်းဆုပြုတာထက် သူ့ကိုချစ်ခင်အားပေးကြတဲ့ မိဘပြည်သူ ပရိသတ် ကြီးများ အာလုံးငြိမ်းချမ်းကြပါစေ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အခုဆိုရင် ပြေတီဦး ဖောင်ဒေးရှင်းကနေ တာဝန်ယူပေးခဲ့တဲ့ ဆေးကျောင်း သားတွေထဲကနေ ၁ဝယောက်ကျော် လောက်ကတော့ ဆရာဝန်တွေ ဖြစ်သွားကြပြီလို့ သိရပါတယ်။ ဒီကလေးတွေအတွက် ဂုဏ်ယူဝမ်းမြောက် ရကြောင်းကို ပြေတီဦးက… “ကိုယ့်တိုင်းပြည်အတွက်ကို တစ်ထောင့်တစ်နေရာကနေ ပြန်ပြီး အကျိုးပြုနိုင်တဲ့ သူတွေ ဖြစ်လာတာ ကျွန်တော်တို့ ပင်ပန်းရကျိုးနပ်ပါတယ်။ ကျွန်တော်တို့ ကြိုးစားခဲ့ရကျိုးနပ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ သူတို့ ကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့တွေကို ကျွန်တော်တို့ ဆုတွေထပ် ချပါတယ်။ ဆုတွေ ထပ်ပေးတယ်ပေါ့နော်။ ပညာတော်သင် ရွေးခံရတာမျိုး မဟုတ်သေးဘဲနဲ့ ကိုယ့်ကျောင်းမှာပဲ ကျောင်းတက်ရင်းနဲ့ ဂုဏ်ထူးတွေ အ များကြီးထွက်တဲ့ ကလေးတွေလည်းရှိပါတယ်။ အဲဒီ ကလေးတွေကိုလည်း ကျွန် တော်တို့ ဆုချပါတယ်။ ဆုပေးတယ်ဆိုတာ ဂုဏ်ထူး တစ်ဘာသာကို ကျပ် ၅သောင်းပေါ့နော်။ ၇ ဘာသာဂုဏ်ထူးထွက်တဲ့ သူဆိုရင် ၃ သိန်းခွဲ ဆုချပါတယ်။  ၆ ဘာသာထွက်တဲ့ သူဆိုရင် ၃ သိန်း ပေါ့နော်။ ဂုဏ်တွေ အများကြီး ထွက်တဲ့ ကလေး တွေကလည်း အများကြီးပဲ ဆိုတော့ တအား ပျော်ပါတယ်။ ဆရာဝန်ဖြစ်သွားတာက ၁ဝ ယောက် ကျော်ကျော်လောက် ဖြစ်သွားပြီ ခင်ဗျ။ ဒါပေမယ့် ပထမနှစ်မှ နောက်ဆုံး နှစ်ထိ ဖောင်ဒေးရှင်းမှာ တက်ပြီးတော့မှ ရသွားတဲ့ ဆရာဝန်ကတော့ ၆ ဦးပေါ့။ ဒီ၆ ဦးကတော့ ဖောင်ဒေးရှင်းကနေ ပထမ နှစ်မှ နောက်ဆုံးနှစ်ထိ တက်သွားပြီးတော့မှ ဆရာဝန် ဖြစ်သွားကြတာပေါ့နော်။ တချို့ ကလေးတွေ ကျတော့ ဒုတိယနှစ်တို့ တတိယနှစ်တို့မှ ဖောင်ဒေးရှင်းကို ရောက်လာကြတာရှိတယ်။ အဲဒီလို ကလေး တွေထဲကနေ ဆရာဝန်ဖြစ်တဲ့ ကလေးတွေလည်း ရှိတော့ အားလုံး ပေါင်းတော့ ၁ဝ ယောက် ကျော်ကျော် လောက်တော့ ဖြစ်သွားပြီ။ ဆရာဝန်ချည်းပဲ။ ကျန်တဲ့ အင်ဂျင်နီယာတို့ ဥပဒေ တို့မှာ တော့ ဘွဲ့ရတာ မရှိသေးဘူး။ သူတို့ကျတော့ ကျွန်တော်တို့ ဖောင်ဒေးရှင်းထောင် ပြီးတော့ ၃ နှစ်လောက် နေပြီးတော့မှ စက်မှုတက္ကသိုလ်တို့ ဥပဒေတို့က ထပ်တိုးတာ ဆိုတော့ သူတို့ကတော့ ကျောင်းမပြီးကြသေးဘူး။ ကျွန်တော်တို့ အ ကောင်းဆုံး ကြိုးစားနေပါတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ဖောင်ဒေးရှင်းရဲ့ ကြိုးစားမှု အသီး အပွင့်တွေ တဖြည်းဖြည်းနဲ့ မြင်လာရပါပြီ။ ဒီ့ထက် ပိုပြီးတော့ တိုးတက်မှုတွေကို မြင်ရတော့မှာပါ။ကျွန် တော်တို့လည်း ပျော်နေသလိုဒီဖောင်ဒေးရှင်းဆိုတာ ကလည်း မိဘပြည်သူ အားလုံးရဲ့ အလှူပဲဆိုတဲ့အခါ ကြတော့ မိဘပြည်သူပရိသတ်ကြီးလည်း သာဓုခေါ်နိုင် ပါတယ်”လို့ ထပ်မံပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here