ဗိုလ်ချုပ်ဈေးမှာ ကော်ဖီဆိုင်ဖွင့်လှစ်ထားတဲ့ မိုးဟေကို

0
265

ပရိသတ်တွေကြား အောင်မြင်မှုတစ်ခု ရရှိခဲ့တဲ့ “ခိုးဆိုးလုနှိုက်” ရုပ်ရှင် ဇာတ်ကားရဲ့ နောက်ထပ် ဖန်တီးမှုအသစ် တောကျီးကန်း (ခိုးဆိုးလုနှိုက်-၂) ရုပ်ရှင်ဇာတ်ကားကလည်း မကြာမီရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ အက်ရှင်ဒရာမာ ဆန်တဲ့ ပုံစံမျိုးတွေ မြင်တွေ့ရမယ့် ဒီဇာတ်ကားမှာတော့ မြင့်မြတ်၊ ထူးခြား၊ ခင်လှိုင်၊ မိုးဟေကိုနဲ့ သဉ္ဇာဝင့်ကျော် တို့က အဓိက ပါဝင်ထားပါတယ်။ မိုးရုပ်ရှင် ထုတ်လုပ်ရေး ကနေ ဇာတ်ကားတွေရုံတင်ပြသပေမယ့် မိုးဟေကို ကိုယ် တိုင်က ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားတာကို တွေ့ ရပါတယ်။ ဒါကြောင့် မိုးဟေကို ဇာတ်ကားတွေကို ဘယ်လို ရွေးချယ်နေသလဲဆိုတာ မေးမြန်းတော့…

‘မိုးတို့ ထုတ်လုပ်ရေးကနေ “တောကျီး ကန်း” ရုံတင်မယ်။ ၂ဝ၁၈ မှာလည်း ရုံတင်ဖို့စီထားတဲ့ ဇာတ်ကားတွေရှိပါသေးတယ်။ မိုးဇာတ်ကားတွေ အရိုက်နည်းသွားပါတယ်။ ဟုတ်ပါတယ်။ အဲဒီအချိန် မှာ မိုးက မိသားစုကို သေသေချာချာ အချိန်ပေး ဖြစ်တယ်။ အဓိကက မိုးရဲ့အမေ ကျန်းမာရေး မကောင်းလို့ပါ။ အဲဒီအတွက်ကြောင့် အမေ့ကျန်းမာ ရေး အများကြီး သက်သာလာတယ်။ ဒါကြောင့် ဇာတ် ကားတွေရိုက်ရင်လည်း ကိုယ်တကယ်အချိန်ပေးနိုင် တယ်။ ရိုက်ချင်တယ်၊ လုပ်ချင်တယ်ဆိုတဲ့ ဇာတ် လေးတွေပဲ ရွေးပြီးရိုက်ဖြစ်တယ်။ တခြားစီးပွားရေး မှာလည်း အချိန်ပေးနေရတယ်။ ဒါကြောင့် မျှမျှ တတဖြစ်အောင် မိုးအချိန်ပေးဖြစ်နေတာကြောင့်ပါ။ တခြားကုမ္ပဏီတွေကလည်း မိုးကို ရုပ်ရှင်ကားကြီးရိုက်ဖို့ ကမ်းလှမ်း တာတွေရှိပါတယ်။ နောက်နှစ်ထဲမှာပေါ့။ ဒါပေမဲ့ ဇာတ်လမ်းတွေဖတ်ပြီး အချိန်ပေးနိုင်ရင်တော့ ရိုက်ဖြစ်မှာပါ’လို့ မိုးဟေကို က ပြောပြပါတယ်။

မိုးဟေကိုက တစ်ဖက်မှာလည်း သူငယ်ချင်းတွေနဲ့ အတူ Juice Time ဆိုတဲ့ ကော်ဖီဆိုင်ကို ဗိုလ်ချုပ်ဈေးမှာ ဖွင့်လှစ်ထားပါတယ်။ ဒီလို စီးပွားရေးအလုပ်တွေ လုပ် ဖြစ်တာနဲ့ ပတ်သက်ပြီးလည်း မိုးဟေကိုက….

“ဒီကော်ဖီဆိုင်လေးကတော့ မိုးသူငယ်ချင်း တွေနဲ့ ပေါင်းပြီးဖွင့်ဖြစ်တာပါ။ အဲဒီ အပိုင်းမှာတော့ သူငယ်ချင်းတွေက ဦးစီးပါတယ်။ ကော်ဖီ၊ အအေးနဲ့ မုန့်လေးတွေရပါတယ်။ မိုးက အလုပ်တွေ လုပ်ရ တာ ဝါသနာပါတယ်။ သူငယ်ချင်းတွေ က ပိုပြီး ကျွမ်းကျင်တယ်။ လုပ်ကိုင်ပေးတယ်။ မိုးကတော့ ရှယ်ယာပါတဲ့သဘောပါပဲရှင့်။ ဒီဆိုင်လေးကို လည်း အခု အောင်မြင်အောင် ကြိုးစားနေတယ်။ နောက်ပိုင်းမှာ တခြားစီစဉ်ထားတာလေးတွေလည်း ရှိပါ တယ်”လို့ ပြောပြပါတယ်။

မိုးဟေကိုရဲ့ လတ်တလော လှုပ်ရှားမှုတွေကတော့ လတ်ဝတ် ရတနာဆိုင်ကြော်ငြာတွေ တောက်လျှောက်ရိုက်ကူး နေတယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here