လူမိုက်ကာရိုက်တာ အတွက် ဆံပင်ဆက်ပြီး ပုံစံပြောင်းလိုက်တဲ့ မိုးယံဇွန်

0
284

မိုးယံဇွန်က ဒါရိုက်တာကိုပေါက် ရိုက်ကူးတဲ့ “ငယ်ပါသေးတယ်” ရုပ်ရှင် ဇာတ်ကားမှာ ထွန်းထွန်း၊ နေဒွေး၊ သင်ဇာဝင့်ကျော်၊ ရတနာဗိုတို့နဲ့ အ တူ ပြင်ဦးလွင်မြို့မှာ သွားရောက် ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားထဲ မှာပါဝင်ရမယ့် ကာရိုက်တာ အတွက် လည်း အဝတ်အစား အပြင်အဆင် တွေပြောင်းလဲခဲ့တယ် လို့ မိုးယံဇွန်က ဆိုပါတယ်။ “ကျွန်တော်က ဒီဇာတ်ကားထဲမှာ ရွာက လူမိုက်တစ်ယောက်ပေါ့။ သူ့မှာ ညီမတစ်ယောက် ရှိတယ်။ စရိုက်ကြမ်းကြမ်းနဲ့ ဆိုင်ကယ်ကယ်ရီ ဆွဲတဲ့ ကာရိုက် တာနဲ့ပါ။ ဒါရိုက်တာကို ပေါက်ကလည်း မိုးယံက အဲဒီနေရာ ကပါရမယ်။ ချော တဲ့ပုံစံမလိုချင်ဘူး၊ပုံစံပြောင်းချင်တယ်ဆိုတာနဲ့ပဲ ဇာတ်ကား အတွက် ကျွန်တော့် ရဲ့ အပြင် အဆင်ကိုပါ နည်းနည်း ပြောင်းလိုက်တယ်။ ခပ်ကြမ်းကြမ်း ပုံစံဖြစ် အောင် အစကနှုတ်ခမ်းမွှေး ထားတယ်။ အဆင်မပြေသေးဘူး။ ကိုယ့်ကိုယ် ကိုယ်ကြည့်ရတာ စပ်ဖြဲဖြဲ ဖြစ်နေသေးတာနဲ့  ဆံပင်ကိုပါ ရှည်သွားအောင် နည်းနည်း ဆက်လိုက်တယ်။ ဒီလိုအပြင်အဆင်နဲ့ ဇာတ်ကားရိုက်ကူးတဲ့အခါမှာ တော့ သိပ်ပြီး အခက်အခဲ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ညအိပ်တဲ့အခါနဲ့ ခေါင်းလျှော် တဲ့ အခါမှာပဲ နည်းနည်း အခက်အခဲရှိတယ်။ ကျန်တာအားလုံး အဆင်ပြေပါ တယ်” လို့ ဆိုပါတယ်။

နောက်ထပ်လည်း ဒါရိုက်တာစတီး (ဒွေးမေတ္တာ) ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ် ကားမှာ ထွန်းထွန်း၊ ထွန်းကိုကို၊ ထူးခြား တို့နဲ့ အတူပါဝင်ထားပြီး ဒီဇာတ်ကား မှာလည်း   သူပုန်ခေါင်းဆောင် နေရာကနေ ပါဝင် သရုပ်ဆောင်ထားတယ် လို့ ဆိုပါတယ်။ နောက်ပိုင်း ဇာတ်ကားတွေ ရိုက်ကူးတဲ့ နယ်ဘက်ကို သီးသန့်သွား ရောက် ရိုက်ကူးမှုတွေ များပြားလာတာကို တွေ့ရပါတယ်။ ဒီလိုရိုက်ကူးတဲ့ အပ်ါမှာ အနုပညာ ဖန်တီးမှု အသစ်တွေအတွက် ရိုက်ကူးချိန်ပို ရရှိတယ်ဆိုတဲ့ မိုးယံဇွန်ရဲ့ အမြင်က “နောက်ပိုင်း နယ်ဘက်တွေမှာ သွားရောက်ပြီး ရိုက် ကူးကြတော့ အချိန် ပိုရတာပေါ့နော်။ ရန်ကုန်မှာ ရိုက်ကူးရင် မနက် ၁ဝနာရီ၊ ၁၁နာရီ လောက်မှ ရှုတင် တည်ပြီးရိုက်ကြတယ်။ နယ်မှာသွားရိုက်ရင်တော့ ၁၅ မိနစ်၊ မိနစ်၂ဝ အတွင်းမှာ ရိုက်ဖို့ကို ချက်ချင်း ပြင်ဆင်လို့ရတယ်။ ဒါ ကြောင့် အလုပ်လုပ်ဖို့အတွက်လည်း အချိန်ပို ရတယ်။ နောက်ပြီး နယ်ဖြစ်တဲ့ အတွက် ပတ်ဝန်းကျင် အသစ်လည်း ဖြစ်တာကြောင့် ပါဝင်ရိုက်ကူးရတဲ့ သူတွေ လည်း လန်းလန်းဆန်းဆန်းလေးဖြစ် ပါတယ်”လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here