ပရိသတ် ၈၁ ယောက်နဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တဲ့ ဥက္ကာမင်းမောင်

0
170

ဥက္ကာမင်းမောင်က သူ့ရဲ့ ၁၈ album အခွေ ထွက်ရှိခြင်း တစ်နှစ်ပြည့် အထိန်းအမှတ် အနေနဲ့ သူ့ရဲ့ ပရိသတ်များနဲ့ တွေ့ဆုံပွဲကို နိုင်ဝင် ဘာလ ၁၈ ရက်နေ့ မနက် ၁၁နာရီ က ဗိုလ်အောင်ကျော်လမ်းရှိ နယူးဧရာ ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အခုလို တွေ့ဆုံပွဲမှာ သူ့ကို အားပေး ချစ်ခင် ကြတဲ့ ပရိသတ်တွေများထဲမှ ပရိသတ် ၈၁ ယောက်ကို ရွေးချယ်ပြီး တွေ့ဆုံ ထားတာ ဖြစ်ကြောင်းကို ဥက္ကာမင်း မောင်က….

“မနှစ်ကလည်း လုပ်တယ်။ ဒီ နှစ်က တစ်နှစ်ပြည့်တဲ့ အနေနဲ့ပေါ့။ မနှစ်ကကြတော့ ကျွန်တော့်ရဲ့ Special 18 group  ထဲက လူတွေကိုပဲ ရွေးဖိတ် လိုက်တာ။ ကျွန်တော့် မှာ ၁၈ ယောက် ၁၈ယောက်နဲ့ ဂရုတွေ ၄ခုရှိတယ်။ ဒီနှစ်ကကြ  တော့ လူလည်းနည်းနည်း ပိုပြီးတော့ များချင်လို့ ဒါပေမဲ့လည်း ရာနဲ့ ချီပြီးတော့လည်း ကျွန်တော့် ဘက်ကနေ ဧည့်ခံဖို့ကြတော့ တစ်ယောက်ချင်းစီ သေချာ မဧည့်ခံနိုင်မှာစိုးလို့ ၁၈ ကြတော့လည်း တအားနည်းမှာ စိုးလို့ ၈၁ လုပ်လိုက်တယ်။ ကျွန် တော့် ဖေစ်ဘုတ်ခ် ရဲထူးဝင်း အကောင့်ကနေ ကျွန်တော့် ပုံတင်လိုက်တယ်။ တင်လိုက်ပြီး ပထမဆုံး နာမည်ပေးတဲ့ တစ်ယောက်ကို ဒီပွဲကို လာရောက်ဖို့ ခေါ်လိုက်တယ်။ အားလုံး ပေါင်းတော့ ၈၁ ယောက်ပါ”လို့ ပြောပြပါ တယ်။

 

သူကမနှစ်က တွေ့ဆုံပွဲမှာလည်း ပရိ သတ်များကို သူကိုယ်တိုင် နန်းကြီး သုပ် လုပ်ကျွေးခဲ့သလို ဒီနှစ်မှာလည်း နန်းကြီး သုပ်ပဲ ကျွေးခဲ့ပါတယ်။ ပရိသတ်များနဲ့ တွေ့ဆုံပွဲ ပြုလုပ်တိုင်း နန်းကြီးသုပ်ပဲ ကျွေး မှာဖြစ်ပြီး နန်းကြီးသုပ် ဘာ့ကြောင့် ကျွေး သလဲ ဆိုတာကို ဥက္ကာမင်းမောင်က…  “မနှစ်ကလည်း နန်းကြီးသုပ်ပဲ။ ဒီနှစ်လည်း နန်းကြီးသုပ်ပဲ။ နှစ်တိုင်း Fan Meeting လုပ်တိုင်း နန်းကြီးသုပ်ပဲ ကျွေး မှာ။ လုပ်ရင်လည်း ၁၈ ပဲလုပ်မှာ ။ ဘာ ဖြစ်လို့လဲဆိုတော့ ၁၈ ရက်ရောက်တိုင်း နန်းကြီးသုပ် မြင်တိုင်း ကျွန်တော့်ကို သတိရ စေချင်လို့ပါ။ ကျွန်တော့် မွေးရက်ကလည်း ၁၈ ဖြစ်တယ်။ အဲဒါကြောင့်လည်း အခွေ ခေါင်းစဉ်ကို ၁၈ လို့လည်း ပေးတာပါ တယ်။ အခုလို ပရိသတ်တွေနဲ့ တစ်သားထဲ ပိုရင်းနှီးခွင့်ရတဲ့ အတွက်လည်း တအားပျော် ပါတယ်။တအားကြီးလည်း ဝမ်းသာပါတယ်။ ကျွန်တော့်ကို ချစ်တဲ့ အားပေးတဲ့ သူတွေ အတွက် ကျွန်တော်သည် သူတို့ထာဝရ အားကျရတဲ့ အိုင်ဒေါ တစ်ယောက် ဖြစ်ချင် တယ်။သူတို့ကို အမှတ်တရတွေ ဖန်တီးပေး နိုင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ချင်တယ်။ တစ် ချိန် ကျွန်တော် ဒီလောကကြီးမှာ မရှိတော့ တဲ့အချိန်တောင်မှ သူတို့ရဲ့ရင်ထဲမှာ အ မှတ် တရလေးတွေ ရှိနေခဲ့စေချင်တယ်။ အဲဒါကြောင့် အခုလို ရင်းရင်းနှီးနှီးတွေ့ဆုံ ပွဲလေးတွေကိုလုပ်ဖြစ်တာပါ” လို့ပြောပြ ခဲ့ပါတယ်။ ဒီတွေ့ ဆုံပွဲမှာ ဥက္ကာမင်းမောင်က ပရိသတ် များကို သူကိုယ်တိုင် နန်း ကြီးသုပ် သုပ်ကျွေးသလို ဂိမ်းများဆော့ခြင်း၊ သီ ချင်းများ သီဆိုခြင်းများ ပျော်ရွှင်စွာဆင်နွဲခဲ့ ပါသေးတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here