မိုရီဆာကီဝင်းနဲ့ ဇာတ်ကားတွေ ထပ်မံရိုက်ကူး ဖြစ်ဦးမလား ဒါရိုက်တာ ကြည်ဖြူသျှင်

0
215

မြန်မာနဲ့ ဂျပန်နှစ်နိုင်ငံ ပူး ပေါင်းပြီး ရိုက်ကူးတဲ့ ဇာတိမြေရုပ်ရှင် ဇာတ်ကားကို ဖေဖေါ်ဝါရီလ ထဲမှာရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကား ကိုတော့ ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးပြီး ရန် အောင်၊ အောင်ရဲလင်း၊ မိုရီဆာ ကီဝင်း၊ ဝတ်မှုံရွှေရည် တို့က  အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီရုပ်ရှင် ဇာတ်ကားမှာတော့ ဂျပန်နိုင်ငံမှာ နေ ထိုင်လျက်ရှိပြီး အဆိုတော် တစ်ဦးဖြစ်တဲ့ မိုရီဆာကီဝင်း လည်းပါဝင် သရုပ်ဆောင် ထားမှုကြောင့် တမူထူး ခြားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်လာမှာပါ။ မိုရီ ဆာကီဝင်း ပါဝင် သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ် နေရာက လည်း အပြင်က လက်ရှိပုံစံဖြစ်တဲ့ ဂျပန်မှာ နေထိုင်တဲ့ မြန်မာ အဆိုတော် တစ်ဦးအဖြစ်သရုပ် ဆောင်ရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကား ထဲမှာ သူ့ရဲ့ အိုက် တင်တွေကလည်း အပြင်ကပုံစံ အတိုင်းပဲ ဒါရိုက်တာ ကြည်ဖြူသျှင်ကပုံဖော် ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ “ဒီ ဇာတ်ကားထဲမှာ ပါတဲ့ မိုရီဆာကီဝင်းပြောတဲ့ စကားလုံးတွေက တကယ့်အပြင်က သူ့ရဲ့ဘဝ အ ကြောင်းပါပဲ။ သူသည် မြန်မာ Passport  ကိုင် ထားတယ်။ သူသည် တကယ်ကို နိုင်ငံချစ်စိတ် ရှိတယ်။ ဘာကြောင့်သူ မြန်မာ Passport  ကိုင်ထားတာလဲ ဆိုတော့ သူ့အဖေကြောင့် ဆိုတာလည်း ပြောပြတယ်။  သူပြောခဲ့တဲ့ သူ့ဘဝ အကြောင်းအရာတွေ အကုန်လုံးကို မှတ်ထားပြီးတော့မှ အစ်မဇာတ် ညွှန်းရေးတဲ့ အခါမှာ ပြန်ရေးတယ်။ ပြီးတော့သူ့ကိုပြတယ်။ သူ့အနေနဲ့ ကျတော့ သူအပြင်မှာရှိ နေတဲ့ပုံစံ အတိုင်း သရုပ်ဆောင် ရတာဆိုတော့ သူ့အတွက်လည်း အခက်အခဲမရှိဘူး။ကြည့်ရတာလည်း သဘာဝ ဆန်တယ်။ ပြီးတော့ မိုရီဆာကီဝင်း တို့ သားအဖ က တော်တော် ရှားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံခြားမှာ နှစ်ပေါင်းများစွာ နေတဲ့လူတစ် ယောက်က မြန်မာ Passport  ကိုင်ဖို့ ဆိုတာ တအား ခက်တယ်။ နောက်တစ်ခုက သူတို့က နိုင်ငံရေးသမားတွေ လည်း မဟုတ်ဘူး။ သာမန် မိသားစုပဲ။ သူ့အဖေဆိုလည်း အပြင်စီးပွားရေး လုပ် နေတဲ့ လူတစ်ယောက်ပဲ။ များသောအားဖြင့်က နိုင်ငံ ရေး သမားတွေကသာ ခံယူချက် ပြင်းထန်တာလေ။ သာမာန် လူကတော့ အခြေအနေအရ ၁ဝနှစ်ကျော်သွား ပြီဆိုရင် ဒီနိုင်ငံသား ခံယူလိုက်တာပဲ။ အသက်ကြီးမှသာ နောက်တစ်မျိုး စဉ်းစားကြတာ”လို့ ပြောပြပါတယ်။

မိုရီဆာကီဝင်းနဲ့ ထပ်မံပြီး ဇာတ်ကား တွေရိုက်ကူးဖို့ ချိတ်ထားတာ ရှိပေ မယ့် သူကဂျပန် Company ရဲ့ အဆို တော်ဖြစ်နေတဲ့ အတွက် အခက်အခဲ တော့ရှိနေတယ်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆက်ပြောပါတယ်။ “သူတို့က တိုက်ရိုက် ချိတ်ဆက်လို့မရဘူး။ သူတို့ ကြားခံထားထားတဲ့ Company ၂ခု နဲ့ပဲ ချိတ်ဆက်ရမယ်။ အဲဒီ့ Company ကမှ ဂျပန်ဘက်ကို ပြန်ပြောပေါ့။ ပြီးတော့ သူတို့က ဇာတ်ကား ရိုက်ကူးတဲ့အခါ ဂျပန် ဘက် က ပူးတွဲဒါရိုက်တာ တစ်ယောက် ပါစေချင်တယ် ဆိုတော့ အစ်မတို့ဘက်က အလုပ်လုပ်ဖို့က မလွယ်တော့ဘူး။ ဂျပန် တစ်ယောက် ကြားမှာပါမယ်ဆိုရင် စကားပြန်လိုပြီ။ အစ်မတို့ ပုံမှန်ပြည်တွင်းဈေးကွက် အရတော့ အဆင်မပြေ ဘူး။ စကားတော့ပြောထားတယ် ဆိုပေမယ့် ရှေ့ဆက်ဖို့က နည်းနည်း စဉ်းစားစရာလေးတွေ ရှိနေတယ်။ ဒါပေမဲ့ ပြောလို့တော့ မရသေးဘူး။ “ဇာတိ မြေ” ရုံတင်ပြသပြီးတဲ့ အခါ မြန်မာနိုင်ငံရဲ့ အခြေအနေအရ သူတို့ဘက်က လက်ခံပြီး သူတို့ဘက်က တစ်ခုခု ပြောင်းလဲခဲ့မယ် ဆိုရင် တော့ ရိုက်ဖြစ်ရင် ရိုက်ဖြစ်မှာပါ”လို့ ဒါရိုက်တာ ကြည်ဖြူ သျှင်က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here