ရဲတိုက်ကို ပရိသတ်တွေ ဘာပြောလဲ

0
142

ဒီတစ်ပတ်မှာတော့ အနုပညာလောကထဲကို ပြန်လည် ဝင်ရောက် လာတော့မယ့် သရုပ်ဆောင် ရဲတိုက် ကို သူ့ရဲ့ ပရိသတ်တွေက ဘယ်လို ကြိုဆိုနေမလဲ…ဘယ်လိုပုံစံမျိုး သရုပ်ဆောင်တာကို မြင်တွေ့ချင်နေကြလဲဆိုတဲ့ စကားသံတွေနဲ့အတူ ရဲတိုက်အပေါ် ရဲတိုက်ရဲ့ ပရိသတ် တွေ ပြောချင်နေကြတဲ့ ရင်တွင်းက အားပေးစကားသံတွေကို ပေါ်ပြူလာ စာဖတ်ပရိသတ်တွေအတွက် စုစည်းဖော်ပြပေးလိုက်ရပါတယ်။

ဟန်စော
(Photographer)
ကိုရဲတိုက်ကို သာမာန်နဲ့မတူတဲ့ သရုပ်ဆောင်မှုကို မြင်ချင်တယ်။ ဘာလို့လဲဆိုတော့ သူက အဲဒီနေရာမှာပိုပြီး ပီပြင်တယ် ကိုရဲတိုက်ရဲ့အကြိုက်ဆုံး ဇာတ်ကားကတော့ ဘယ်ကလာလဲ ဘယ်ကိုသွားလဲ ဘာလုပ်နေတာလဲဆို တဲ့ဇာတ်ကားပါ ကိုရဲတိုက်ကို ဒါရိုက်တာ ကိုဏကြီးနဲ့ ရိုက်ကူးစေချင်တယ်။ ကိုဏကြီးရဲ့ ရိုက်ကူးပုံ ဇာတ်လမ်းတွေနဲ့ဆို ရဲတိုက်နဲ့လိုက်ဖက်ပါတယ်။ မင်းသမီး ကတော့ ဖွေးဖွေးပေါ့။ သူ့ပရိသတ် တစ်ယောက်နဲ့ သူ့အမူအကျင့်တွေကို မပြောလိုပါဘူး။ လမ်းမှာတွေ့ရင်တော့ ဆယ်ဖီတွဲရိုက်မိမှာပါ။ လူဆိုတာ အမှားနဲ့ မကင်းပါဘူး။ စိတ်ဓာတ် မကျပါနဲ့ ကြိုးစားပါလို့။

မြရည်ညို
(Car Rental Owner)
ရဲတိုက်ကို မြန်မာမင်းသားတွေထဲ ထူးခြားတဲ့မင်းသား ၊ ဇာတ်ကွက် ရသမျှလုပ်နိုင်တဲ့ မင်းသားလို့ထင်တယ် ။ ဒွေး၊ လွင်မိုးခေတ် နောက်ပိုင်း ရှားပါးမင်းသားကောင်းမို့ သဘောလဲကျတယ်။ သူပြန်လွတ်လာချိန် ပျော်တယ်။ သူ့ကိုလည်း လွတ်စေချင်တာ ကြာပြီလေ။ သူ့ကိုသဘောကျတာက သရုပ်ဆောင်တဲ့အပိုင်း၊ စ ကားအပိုပြောစရာမလိုဘဲ မျက်လုံးနဲ့ သရုပ်ဆောင်တတ်တာ မြန်မာပြည်မှာ ရှားတယ်လေ။ မမို့ ၊ ဒွေး ပြီးရင်သူပဲ။ သူ့ဆီမှာ သဘောကျစရာ အကောင်းဆုံးက မျက်လုံးပါ။ သူ့ကို အကြံပေးချင်တာကတော့ ပြတ်သွားတဲ့ ခေတ်ရေစီးကြောင်းတွေ Trend တွေကို အမီလိုက်ပါ။ ခဏတော့ စိတ်ရောကိုယ်ပါ အနားယူပြီးမှ လူတွေကြား ပြန်ထွက်စေချင်ပါတယ်။ ခုသူက Fan meeting တွေဘာတွေ လုပ်နေတာက သူနဲ့အပြင်လောက Gap ဖြစ်တာသိသာနေသလို သူလဲစိတ်သက်သောင့်သက် သာ မရှိသလို ပရိသတ်လည်း အမြင်မှားသွားစေတယ်။ ကိုယ်ကတော့ ဘယ်ချိန်ထရိုက်ရိုက် အားပေးနေမယ်လို့။

ကိုချမ်းမြေ့ဝင်း
(MRTV Radio Announcer)
သူ​ထောင်မကျခင်​ ကတည်းက သူရဲ့ဇတ်ကားလေးတွေ ကြည့်ဖြစ်တော့ တခြားမင်းသားတွေနဲ့ မတူတာက ​ရဲတိုက်ကဇာတ်လမ်းကျောရိုးမရှိတဲ့ ​ပေါတောတောကားတွေ သိပ်မရိုက်တာ​တွေ့ရတယ်။ သူပါဝင်တဲ့ ဇာတ်လမ်းက message တစ်ခုတော့ ​ပေးနိုင်တာ သတိထားမိတယ်​။သူသရုပ်ဆောင်တဲ့ အပိုင်းမှာလည်း အထူးသဖြင့်​ မျက်လုံးအကြည့်တွေ ​လေးနက်တယ်။ တစ်ခါတစ်ခါ ဒွေးသရုပ်ဆောင်တဲ့ အကြည့်တွေကို သူမီအောင်​လုပ်နိုင်တယ်​။ သူ့ရဲ့ အပြင်က ကာရိုက်​တာလိုပဲ ဂျစ်ကန်ကန်​ ဇာတ်ရုပ်က သူနဲ့အလိုက်ဆုံးပဲလို့ ထင်တယ်။အခု​ထောင်ကလွတ်လာပြီ။ အနုပညာ အလုပ်တွေလည်း ဆက်လုပ်မယ်ဆိုတော့ ဝမ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ ​သူတို့လို သဘာဝကျကျ သရုပ်ဆောင်တဲ့ မင်းသားတွေက ခုနောက်ပိုင်းရှားလာပြီ။ သူရဲ့ ထုံးစံအတိုင်း ထူးထူးခြားခြား ဇာတ်​ကားလေးတွေ ပြန်ရိုက်ကူးမယ်လို့လည်း​ မျှော်လင့်ပါတယ်​။ သူနဲ့ အလိုက်ဖက်ဆုံး မင်းသမီးကတော့ ​ဖွေးဖွေးပဲ။ သူနဲ့ ​ဖွေးဖွေး​ခေါင်းဆောင်ပြီး လက်ရှိ ပေါက်နေတဲ့ ဒါရိုက်တာဝိုင်းနဲ့ တွဲရိုက်စေချင်တယ်။ သူ့ကိုအကြံပေးရမယ်​ဆိုရင်တော့ သူ့ကိုထောင်ထဲပို့ခဲ့တဲ့ မူးယစ်ဆေးတွေ ပြန်မသုံးဘဲ အနုပညာတွေ ဖန်တီးပါ။ နိုင်ငံရေးနဲ့လည်း မပတ်သက်တဲ့ ပြည်သူချစ်​အနုပညာရှင်​တစ်ဦးအဖြစ်အပြင် အကယ်ဒမီ ရွှေစင်ရုပ်တွေ ရရှိအောင်လည်း ကြိုးစားပါလို့ ​ပြောချင်ပါတယ်​။

မရွှေချို
(စာအုပ်ထုတ်ဝေသူ)
စကြည့်ဖူးထဲကခုထိ သဘောကျ တာဆိုလို့ ဒွေးနဲ့ရဲတိုက်ပဲရှိတယ်။ ဒါရိုက် တာက ကိုရီဇော် မင်းသမီးကဖွေးဖွေး နဲ့ ရိုက်စေချင်တယ်သူ့ကို။ ရဲတိုက်ကို အားပေးစကားပြောချင်တာက လူ တိုင်းမှားတတ်ကြတယ်။ လူတိုင်းလဲပြို ဖူးတယ်။ အားယူပြီးပြန်ထပါ။ မင်း လုပ်နိုင်ပါတယ်လို့ အားပေးချင်တယ်။ လမ်းမှာ။ ၂ခါ ဆုံပြီးပြီ။ အချိန် တော်တော်ကြာ စကားလည်းပြောပြီး ပြီ။ နောက်ခါဆုံရင် သူပြောချင်တာ တွေနားထောင်ပေးတဲ့သူပဲလုပ်တော့ မယ်။ သူစကားပြောဖော် လိုနေတယ်။ တခြားပြောချင်တာတော့ သူပြော ထားတာလေးရှိတယ်။ ကျွန်တော်ငို ချင်တယ်။ အဖေကငိုတာမကြိုက်ဘူး အမေ့ဆီမှာငိုဖို့ကျ အမေကမရှိဘူး မိန်းကလေးတွေရှေ့မှာ ငိုရင် ပဲများ တယ်ဖြစ်မယ် ယောက်ျားလေးတွေ ရှေ့ငိုရင်နှာခေါင်းရှုံ့ကြမယ်။ ကျွန်တော် ဘယ်မှာ ငိုရမလဲတဲ့။ ဒီလောက် အား နည်းနေတဲ့ကလေးတစ်ယောက်ကို ဘာလို့များ မဖေးမတဲ့အပြင် ထပ် သတ်သလိုရေးနေကြလဲ နားမလည် တော့ဘူး။ သူ့အပြစ်လည်း သူဆပ် ပြီးပြီပဲ။ ကျေနပ်ကြပါတော့ တရား ဥပဒေက အပြစ်ပေးပြီးတာ တောင်မှ သူဘာဖြစ်မယ်။ ဘာလုပ် မယ်ဆိုတာ သူ့ဖာသာတောင်မသိ သေးတဲ့ကာလ ပါ။ ပြန်သုံးဦးမှာပဲ ခွေးမြီးကောက် ကျည်တောက်စွပ်ပါ။ ဆိုတာမျိုးတွေ ဘာလို့များ ကြိုတင်ခန့်မှန်းနေကြ လည်းမသိဘူး။ လူလူချင်း ကိုယ် ချင်းစာချစ်ခင်ပေးကြရင်ကောင်း မှာပဲ။

မဟန်သီထွန်း
(ကျောင်းသူ)
ရဲတိုက်ကို တအားသဘောကျ တာပါ။ တချို့က သူ့ကိုဘာဖြစ်တယ် ညာဖြစ်တယ် ပြောနေရင်တောင် သူ့ ကိုအပြစ်မမြင်နိုင်ဘူး။ အဲဒီလောက်ထိ ကို သဘောကျတယ်။ သူ့ကို သဘော ကျတဲ့ အဓိကက တအားချောတယ်။ သရုပ်ဆောင်တာလည်းကြိုက်တယ်။ တအားအိုဗာတွေမလုပ်ဘူး။ အပိုတွေ မလုပ်ဘူးပေါ့နော်။ သရုပ်ဆောင်ရင် အဲဒါကြောင့်ကိုကြိုက်တာ။သူ့ခန္ဓာ ကိုယ်မှာ မျက်လုံးကို အကြိုက်ဆုံးပဲ။နောက်သူ့ရဲ့ စကားပြောပုံကိုလည်း ကြိုက်တယ်။ သူ့ကို ခုဆိုရွှေမှုံရတီတို့ နန်းစုဦးတို့နဲ့တွဲ သရုပ်ဆောင်တာမျိုး ကိုမြင်ချင်တယ်။ ပိုလိုက်မယ်ထင်လို့။ သူ့ကို ဒါရိုက်တာဝိုင်းတို့ ညိုမင်းလွင် တို့နဲ့ ဇာတ်ကားတွေ ရိုက်စေချင်တယ်။ပရိသတ် တစ်ယောက်အနေနဲ့ ကို ရဲတိုက်ကို ပြောချင်တာဆိုရင် မူးယစ် ဆေးနဲ့ ပတ်သက်ပြီး ဘာမှထပ်မလုပ် ပါနဲ့လို့။ ထပ်လုပ်ရင်လည်း ပရိသတ် ကတော့ ချစ်နေမှာပါ။ ဒါပေမဲ့ ပရိ သတ်ကိုသနားရင် ကိုဘာလုပ်လုပ် ချစ်နေတဲ့ ပရိသတ်ကိုချစ်ရင် မူး ယစ်ဆေးတွေ ထပ်မလုပ်ပါနဲ့။ ကိုယ့် ကိုယ်ကိုယ် ကောင်းအောင်နေထိုင် ပါ။ ဒီထက်အောင်မြင်အောင် နေ ထိုင်မယ်ဆိုရင် ကိုရဲတိုက်ပရိသတ် ကိုစိတ်ချမ်းသာအောင်ထားတာနဲ့ အတူတူပါပဲလို့ ပြောချင်ပါတယ်။

ကိုသီဟ Graphic Designer
( Renoa Clothings)
ရဲတိုက်ကို လွန်ခဲ့တဲ့ (၆)နှစ် လောက်ကတော့ တအားသဘော ကျတာပါ။ သူသရုပ်ဆောင်တဲ့ကာ ရိုက်တာက ပီပြင်တယ်။ အပိုမလုပ် ဘူး။ သဘာဝဆန်တယ်ပေါ့။ သူပြန် လွှတ်လာတော့လည်း ဝမ်းသာပါ တယ်။ သူ့ကားတွေ ပြန်မြင်ရတော့ မယ်။ မင်းသားတစ်ယောက် ပြန်လွတ် လာတယ်ဆိုပြီးဝမ်းသာပါတယ်။ သူ့ ကို ဘာကြောင့်သဘောကျမိလဲ ဆိုရင် ဆာတိုရီကရိုက်ကူးတဲ့ ဇာတ် လမ်းဇာတ်ညွှန်းတွေ အရမ်းမိုက်တယ်။ သူကလည်း လိုက်ဖက်အောင် လုပ်ပြ နိုင်တယ်။ အဓိကကတော့ ဆာတိုရီ ကြောင့် ရဲတိုက်ကိုကြိုက်သွားတာလို့ ပြောလို့ရတယ်ဗျ။ သူ့ကို ကျွန်တော့် အနေနဲ့ မြင်ချင်တဲ့ ဇာတ်ရုပ်မျိုးဆိုပြီး သတ်မှတ်မထားပေမယ့် သူသရုပ် ဆောင်ရင် အပိုင်ဆုံးဖြစ်မယ့် ကာ ရိုက်တာမျိုးက သရုပ်ဆောင်တာမျိုး ဖြစ်စေချင်ပါတယ်။ သူ့အတွက် အား ပေးစကားရယ်လို့ မဟုတ်ပေမယ့် သူ့ ပရိသတ်တစ်ယောက်အနေနဲ့တော့ လူဆိုတာဒီလိုပါပဲ။ လဲလိုက်ပြန်ထ လိုက်ပေါ့။ ဒီလောက်ပါပဲ သူ့ကိုပြော ချင်တာ။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here