ရွှေဆံပင် ပညာဒါနကျောင်းတွင် ဝါးဖြင့်စာကြည့်တိုက်တစ်ဆောင် ဆောက်ရန် နယူးဇီလန်မှ ဝါးအထူးပြု ဒီဇိုင်နာတစ်ဦးဖြင့် သဘောတူထား

0
180

ယင်းမာပင် မြို့နယ်အတွင်းက ရွှေဆံပင် ပညာဒါနကျောင်းတွင် ဝါးအသုံးပြု စာကြည့်တိုက်တစ်ဆောင် တည်ဆောက်ရန်နယူးဇီလန်မှ ဝါးအထူးပြုဒီဇိုင်နာ အင်ဂျင်နီယာတစ်ဦး ဖြင့် သဘောတူထားကြောင်း ရွှေဆံ ပင် ဆရာတော်အရှင်ဝေပုလ္လထံမှ သိရသည်။

”ပြင်ဦးလွင်က ကိုမင်းညွန့်နဲ့ တောင်ကြီးက ကိုစိုးဝင်းဇော်တို့ရဲ့ ကူ ညီမှုနဲ့ နယူးဇီလန်နိုင်ငံက ဝါးအထူးပြု ဒီဇိုင်နာအင်ဂျင်နီယာတစ်ယောက နိုဝင်ဘာလ ၁၈ ရက်နေ့က ရောက် လာပြီး ရွှေဆံပင်ပညာဒါန စီမံကိန်း အဆင့်မြင့်တိုးချဲ့ဖို့ ဒီဇိုင်းတွေကို အကြံဥာဏ်ပေးဆွေးနွေးခဲ့ပါတယ်။ညပိုင်း မှာလည်း ကျောင်းသားကျောင်းသူတွေ သိလိုရာကို မေးကြမြန်းကြဆွေး နွေးကြပါတယ်။ ဝါးနဲ့ ဆောက်လုပ်တဲ့ စာကြည့်တိုက်တစ်ဆောင်ကို ဆောက် လုပ်ဖို့ နယူးဇီလန် ဝါးအထူးပြုပညာ ရှင်နဲ့ သဘောတူထားပါတယ်”ဟု ရွှေ ဆံပင် ဆရာတော် အရှင်ဝေပုလ္လက မိန့်ကြားသည်။

ဝါးအတွင်းမှ ပိုးကြိုက်သော သကြားဓါတ်ကို ဆေးစိမ်ပြီး နှုတ်ပစ်သည့်အခါ အနည်းဆုံးအနှစ် သုံးဆယ်ခန့် အာမခံသည့်အတွက် ရွှေဆံပင် ပညာဒါနကျောင်းတွင် စာကြည့်တိုက် တစ်ဆောင်ကို ဝါးဖြင့် တည်ဆောက်ရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းကို


LEAVE A REPLY

Please enter your comment!
Please enter your name here