အမျိုးသမီး အချင်းချင်းလည်း အကြမ်းဖက်မှုတွေရှိတယ် ပတ္တမြားကေခိုင်

0
265

နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁ဝ ရက်နေ့အထိ နိုင်ငံတကာတွင် အမျိုး သမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အတွက် လူထုအသိပညာပေးအစီစဉ်များ လှုပ်ရှားဆောင်ရွက်ကြမှာဖြစ်သလို မြန်မာ နိုင်ငံမှာလည်း လုပ်ဆောင်ကြမှာဖြစ်ပါတယ်။

အဆိုပါလှုပ်ရှားမှုမှာ ပါဝင်ကူညီ လုပ် ဆောင်ပေးနေတဲ့ ပတ္တမြားကေခိုင်က အမျိုး သမီးများအကြမ်းဖက်မှုနဲ့ပတ်သက်လို့…

”အမျိုးသမီးတွေ အကြမ်းဖက်ခံနေ တယ်ဆိုတာ အမျိုးသားတွေကချည်းပဲ အကြမ်းဖက်နေတာမျိုးမဟုတ်ဘူး။ အမျိုး သမီးအချင်းချင်းလည်း အကြမ်းဖက်တာ မျိုးတွေရှိတယ်။ ကိုယ်ခန္ဒာကို ထုရိုက်နှက်နေ တာမျိုးမဟုတ်ဘဲနဲ့ စိတ်ပိုင်းဆိုင်ရာ ခွဲခြား ဆက်ဆံတာတွေ နိုင့်ထက် စီးနင်းလုပ်တာတွေ ဟာလည်း လူကို လူချင်း တန်ဖိုးထားတာ မဟုတ်ဘဲနဲ့ စိတ်ကိုအကြမ်းဖက်ချင်း တစ်မျိုးပဲလို့ ကျွန်မတို့က ဒီလိုအဓိပ္ပါယ်ဖွင့် ပါတယ်။ ဒီတော့ ဒါကိုအကြမ်းမဖက်တော့ ဘူးဆိုပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်လိုက်ခြင်းဟာ ကိုယ်ကိုယ်တိုင်ရဲ့ကျင့်ဝတ်သိက္ခာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို စောင့်ရှောက်လိုက်ခြင်းပဲ လို့မြင်ပါတယ်။ ဒါကြောင့်မို့ ဒီပွဲလေးဟာ ကိုယ့်ကျင့်သိက္ခာကို စောင့်စည်းရင်းနဲ့ နိုင်ငံ့ရဲ့ အရေးကို ဆောင်ရွက်တဲ့ပွဲလေးဖြစ်ပါတယ်” လို့ ဒေါ်ပတ္တမြားကေခိုင်က ပြောပါတယ်။

အကြမ်းဖက်မှုဆိုတာမှာလည်း အကြမ်း စားအကြမ်းဖက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် အကြမ်းဖက်ခံနေရတယ်ဆိုတာမသိတဲ့ အနု စားအကြမ်းဖက်ခံနေရမှုတွေရှိနေကြောင်း သူကထပ်လောင်းပြောပြပါတယ်။

”လူမဆန်စွာ လိင်ပိုင်းဆိုင်ရာအထိ စော်ကားတာတွေကြတော့ ပြောစရာကို မလို အောင်ကို မြင်သာတယ်။ ဒါတွေက လူသား တိုင်း ဆန့်ကျင်ရမယ်၊ ကန့်ကွက်ရမယ်ဆိုတာ သိပြီးသားလေ။ အဓိကတော့ နူးနူးညံ့ညံ့လေး လူတွေမမြင်သာတဲ့ အကြမ်းဖက်ခံနေရတာ တွေပေါ့။ အိမ်တွင်းရေးအကြမ်းဖက်ခံနေ ရတာတွေရှိတယ်၊ ကျောင်းထဲမှာသူငယ်ချင်း အချင်းချင်းအကြမ်းဖက်ခံနေရတာမျိုးတွေ ရှိတယ်။ အဲဒါမျိုးတွေကို ဓလေ့ထုံးတမ်းအရ သော်လည်းကောင်း ကိုယ်တိုင်ရဲ့ အသိအမြင် ဗဟုသုတနည်းပါးမှုသော် လည်းကောင်း၊ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်ကိုက ယောက်ျားလေးဆိုရင် ဦးစားပေးပြီး မိန်း ကလေးဆိုရင်သိပ် ဦးစားမပေးချင်တာမျိုး တွေက အခုခေတ်မှာ မရှိသင့်တော့ဘူး။ အရင်တုန်းကတည်းကလည်း မရှိသင့်ပါဘူး။ အခုကတော့ ခေတ်ကြီးက ပြောင်းလဲလာ တယ်။ အမျိုးသမီးတွေကလည်း အမျိုးသား တွေနဲ့ တန်းတူရင်ဘောင်းတန်းပြီးတော့မှ အလုပ်တွေ လုပ်နေရတယ်။ ကောင်းရာ ကောင်းကျိုးတွေကိုလည်း လုပ်နေကြတယ်။ အဲဒီ့အခါမှာ လူအချင်းချင်းမှာ တန်ဖိုးထားပါ။ လူအချင်းချင်း တန်ဖိုးထားလိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားလိုက် တာပါပဲ။ ကိုယ့်ရဲ့ကျင့်ဝတ်သိက္ခာကို စောင့် ထိန်းလိုက်ပါ။ ငါ့ကိုလုပ်တာ ငါမကြိုက်ဘူး။ ငါမကြိုက်တာကို သူ့ကိုလည်းမလုပ်ဘူး။ အဲဒီလို စိတ်မျိုးထားဖို့အတွက်ကို အစ်မတို့က ကြိုးစားကြရမှာပေါ့လေ။ ဒါသည် ဘာသာရေး နဲ့လည်း မပတ်သက်သလို လူမျိုးရေးနဲ့လည်း မပတ်သက်ဘူး။လူကိုလူချင်းတန်ဖိုးထားတတ် စေချင်တဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်”လို့ အကြမ်းဖက်ခံရမှုနဲ့ပတ်သက်လို့ ပတ္တမြား ကေခိုင်က ပြောပြပါတယ်။ ပတ္တမြားကေခိုင်က Gender Equality Network မှာလည်း ပါဝင်လုပ်ဆောင်ပေး လျက်ရှိပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here