အဆိုတော် ဝေလျှံရဲ့ သီချင်းသစ်တွေနဲ့ Music Video တွေ ဘယ်လိုပုံစံမျိုးနဲ့ ထွက်လာလေမလဲ

0
307

အဆိုတော်ဝေလျှံရဲ့ သီချင်းအသစ်တွေ ဆက်လက်ပြီးထွက်ရှိ မလာသေးဘဲ အဆိုပိုင်းလှုပ်ရှားမှုတွေလည်း ကျဲပါးနေတာကို တွေ့ရပါတယ်။ ပရိတ်သတ်တွေနဲ့ ဒီလိုအဆက်အသွယ်ပြတ်နေတာဟာ တစ်ကိုယ်တော်အခွေ ထပ်မထွက်သေးတာကြောင့်လည်း ပါတယ်လို့ ဝေလျှံက ဆိုပါတယ်။ တစ်ကိုယ်တော် အခွေမထွက်ဖြစ်တဲ့ ဝေလျှံရဲ့အခက်အခဲတွေက…”အခုကျွန်တော် နယ်တွေတော့ ထွက်ဆိုဖြစ်ပါတယ်။ ကိုဖိုးချစ်တို့ နဲ့ ဘောလုံးကန်၊ သီချင်းဆို၊ နယ်ပွဲ တွေမှာ ဆိုဖြစ်ကြတယ်။ အဓိကက အခွေမထွက် ဖြစ်တာပါ။ သီချင်း အသစ်တွေလည်း လုပ်ထားတာတွေရှိတယ်။ ဒီလိုလုပ်ထားပေမယ့်လည်း အွန် လိုင်းမတင်ဖြစ်သေးတာလည်းပါတာပေါ့ဗျာ။ အခွေထွက်မယ်ဆိုပြီး ကိုယ့် ဘာသာကို Target ထားထားတာကို အခွေကမထွက် ဖြစ်မထွက်ဖြစ်နဲ့ သီချင်း တွေကသာအများကြီးဖြစ်သွားတယ်။ ဒီအတောအတွင်းတော့ရှိနေတဲ့ သီချင်းတွေထဲက အွန်လိုင်းတင်သွားဖို့ရှိပါတယ်”လို့ ဝေလျှံက ဆိုပါတယ်။ ထွက်မယ်၊ ထွက်မယ်နဲ့ မထွက်ဖြစ်သေးတဲ့ သူ့ရဲ့ ‘အချစ်ကလက်ပစ်ဗုံး’ အခွေအမ်တီဗီနဲ့ပတ်သက်ပြီးလည်းဝေလျှံ က…”အချိန်နည်းနည်း အခက်အခဲရှိသွားတာပေါ့ဗျာ။ သီချင်း တစ်ခွေလုံးကို MTV တွေလုပ်တဲ့ အခါမှာ ပရိသတ်တွေဆီရောက်ဖို့ အတွက်က အချိန်တွေကြာတယ်။ အခု ကျွန်တော်ဖြစ်နေသလိုပေါ့ဗျာ။ အချိန်တွေအများကြီးပေးပြီး ပရိသတ်တွေဆီကို မရောက်သေးဘူး။ ဒီလိုတွေဖြစ်တော့ တစ်နှစ်လောက်လည်း ကြာသွားရော ကိုယ်လုပ် ထားတဲ့ သီချင်းက ဟောင်းသွားရော။ ဒါကြောင့် မဟောင်းအောင်၊ ပရိတ်သတ်တွေနဲ့ အဆက်အသွယ် အပျက်ပဲအမြန်ဆုံး ရောက်နိုင်တဲ့ Online Release က ကောင်းပါတယ်”လို့ ပြောပါတယ်။

တစ်ဖက်မှာဟာသဇာတ်ကားတွေလည်း လက်ခံရိုက်ကူးနေတဲ့ အဆို တော်ဝေလျှံက ဒါရိုက်တာကိုပေါက်ရိုက်ကူးတဲ့ ‘ငယ်ပါသေးတယ်’ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဝေလျှံ ပါဝင်ထားတဲ့ ကာရိုက်တာက….

ကျွန်တော်က ဒီဇာတ်ကားမှာ မြို့ကလာတဲ့ မိန်းမလျာတစ် ယောက် ပါ။ တောမှာရှိနေတဲ့ Kelvin Kate ကို ပွင့်အောင်လုပ်ပေးတဲ့ ပုံစံ ဟာသလေးပါပဲ။ ကျွန်တော်က ဟာသတွေလုပ်ရတာ ဝါသနာပါတယ် လေ”လို့ ပြောပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here