သံချပ်တွေကို တစ်ကမ္ဘာလုံးပျံ့စေချင်တဲ့ ဦးမေတ္တာ

0
174

”သံချပ်ဆိုတာဟာ ဆဲရေးတိုင်းထွာပြီး အော်ဟစ်ပြောတဲ့ အနုပညာမဟုတ်ပါဘူး။ သံချပ်ဆိုတာဟာ ရင်ထဲမှာရှိပြီး တိုင်းပြည်ကိုပြောချင်တယ်၊ အစိုးရကိုပြောချင်တယ်၊ ဘယ်သူ့ကိုပြောချင်တယ်၊ အဲဒီ့ပြောချင်တဲ့စကားလုံးလေးတွေကို နူးညံ့သိမ်မွေ့စွာ စာစီပြီးတော့ တေးသံချပ်တွေ သံစဉ်တွေနဲ့အတူ လေးလုံးစပ်တွေ၊ ၈လုံးစပ်တွေနဲ့ သံချပ်တွေပြောဖို့ ရည်ရွယ်ထားတာပါ။ အဲဒီလိုပြောမယ့်အကြောင်းအရာတွေက လည်း အင်မတန်မှ နူးညံ့သိမ်မွေ့ပြီးတော့ အတွေးအခေါ်နဲ့ ပညာပါတဲ့ အကြောင်း အရာတွေပါ”လို့ သံချပ်နဲ့ပတ်သက်လို့ သင်္ကြန်သံချပ်အနုပညာရှင်ကြီးဖြစ်တဲ့ ဦးမေတ္တာက ရှင်းပြပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁ဝရက်နေ့အထိ ၁၆ ရက်တာကာလ အတွင်း ပြုလုပ်မယ့်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် လူထုအသိပညာပေးအစီအစဉ်များလှုပ်ရှားဆောင်ရွက်မှုတွင် ထာဝရဖဲကြိုးဖြူ သံချပ် ပြိုင်ပွဲပြုလုပ်ပြီးလည်း လှုံဆော်အသိပညာပေးသွားမှာဖြစ်ပါတယ်။ အဆိုပါသံချပ် ပြိုင်ပွဲမှာလည်း ဦးမေတ္တာက ပါဝင်ကူညီလုပ်ဆောင်ပေးနေလျက်ရှိပါတယ်။

”ကျွန်တော်က သံချပ်တွေကို ကမ္ဘာအထိ ပျံ့စေချင်တာ။ နိုဝင်ဘာလ၂၅ရက် နေ့ကနေ ဒီဇင်ဘာ၁ဝရက်အတွင်းမှာ တစ်ကမ္ဘာလုံးလုပ်ကြတဲ့အခါမှာ တို့မြန်မာ ပြည်လည်း လုပ်တယ်။ တို့လုပ်တဲ့ အလုပ်တွေဟာဒီလိုပါဟေ့ဆိုပြီး ကမ္ဘာကိုပြောတဲ့ အခါမှာ နည်းနည်းလေးမှ အဖြတ်အတောက်မခံချင်ဘူး။ ကျွန်တော်တို့က ဖြတ်တာ တောက်တာမကြိုက်ဘူး။ ရင်ထဲမှာရှိတာကို တင်ပြမယ်။ အနုပညာကိုအမြီးနှုတ် ခေါင်းနှုတ် အမြီးဖြတ် ခေါင်းဖြတ်ဆိုရင် အနုပညာသမားက မကြိုက်ကြပါဘူး” အ ဆိုပါပွဲနဲ့ပတ်သက်လို့ ဦးမေတ္တာကပြောပြပါတယ်။ သံချပ်ဆိုတာ လူငယ်တွေကြားထဲမှာ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ပါလားဆိုတာ ပျံ့နှံ့သွားစေချင်သလို လူငယ်တွေကိုလည်း စိတ်ဝင်စားစေချင်ပြီး ဒီနှစ်ပိုင်းတွေမှာ မိန်းကလေးတွေပါ သံချပ်ထိုးကြတာ တွေ့ရတဲ့ အတွက် ပိုပြီးပီတိဖြစ်မိကြောင်း သူကထပ်ပြောပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here