ကိုယ်ပိုင်အငြိမ့် ထောင်ဖြစ်မလား ဝင်းသပြေထွန်း

0
295

သဘင်မင်းသမီး ဝင်းသပြေထွန်းကို ကိုယ်ပိုင် အငြိမ့်ထောင်ဖို့အတွက် ပရိသတ်တွေကတောင်းဆို ကြတာတွေများပါပြီ။ သို့ပေမယ့်လည်း သူ့အနေနဲ့ အငြိမ့်ထောင်ဖို့အတွက်ကတော့ အခက်အခဲတွေ လည်းရှိနေပြီး ဒါကလည်း အသက်အရွယ်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

”အသက်အရွယ်ကြီးတဲ့ အထိကတော့ ကပြ နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုကပြနိုင်တဲ့ပုံစံမျိုးနဲ့ကို ပရိ သတ်တွေက ဘယ်လောက်အထိ လက်ခံနိုင်မလဲဆိုတဲ့ စိတ်မျိုးတော့ရှိတယ်။ အခုကအငယ်တွေလည်း အများကြီးတက်လာကြတယ်လေ။ အများဆုံးလုပ်နိုင် ရင် ၃၅ နှစ်အရွယ်လောက်အထိပဲ ကြိုက်ကြမယ်ထင် တယ်။ ဒါပေမဲ့ အသက်ကြီးသွားပြီဆိုရင်လည်း သူ့ရဲ့ သမ္ဘာနဲ့ဝါနဲ့ကတော့ ကြိုက်ကြမှာပေါ့။ အားပေးမှုက တော့ တအားကြီးတော့ရှိမယ်လို့ မထင်တော့ဘူး။ ငါအသက်ကြီး နေပြီဖြစ်ပါ့မလား။ ကိုယ့်ကို ပရိသတ် ကကြိုက်ကြပါဦးမလားဆိုတဲ့စိတ်ကြောင့်ပဲ အငြိမ့် ထောင်ဖို့ကိုစဉ်းစားရင်းနဲ့ တစ်နှစ်ထက်တစ်နှစ် ကုန်သွားတယ်။ အငြိမ့်ထောင်ချင်ပါတယ်။ ဒါပေမဲ့ ကိုယ့်အခက်အခဲတွေလည်းရှိတာကြောင့်ပါ။ အငြိမ့် ထောင်ဖြစ်မယ်မထောင်ဖြစ်မယ် ဆိုတာကတော့ ၅ဝ၊ ၅ဝပဲဖြစ်နေလို့ပါ” အငြိမ့်ထောင်ဖြစ်ဖို့နဲ့ ပတ်သက်လို့ဝင်းသပြေထွန်းက ပြောပြပါ တယ်။

ဝင်းသပြေထွန်းက ပရိသတ်တွေကို လည်း လေးစားတန်ဖိုးထားတဲ့သူတစ်ဦး လည်းဖြစ်ပါတယ်။

သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေက We Love Page ဖွင့်ထားပြီး ဒီ Page မှာ လည်း သူ့ရဲ့ဓါတ်ပုံများကို ပရိသတ်တွေက တင်ပေး ကြပါတယ်။ ဒီအတွက်လည်း ပရိသတ်တွေကို သူ့အနေနဲ့ ကျေးဇူးတင်ရပြီး ပရိသတ်တွေနဲ့ တွေ့ဆုံဖို့လည်း အစီအစဉ်ရှိနေပါတယ်။

”အားလုံးနဲ့အပြင်မှာ ဆုံတွေ့ချင်တယ်။ တစ်နေရာရာမှာဆုံပြီးတော့ သူတို့ကိုတစ်ခုခု ကျွေးမွေးရင်း စကားတွေပြောချင်တာ။ ပြီးတော့ အမှတ်တရတစ်ခုခုလုပ်ကြမယ်ပေါ့။ အဲဒီလိုလေး လုပ်ဖို့အစီအစဉ်ရှိပါတယ်”လို့ ပရိသတ်တွေ အတွက် ဝင်းသပြေထွန်းက ပြောပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here