မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)အနေနဲ့ ဆိုင်းပညာ ရပ်တစ်ခုတည်းကိုပဲစည်း မျဉ်းစည်းကမ်းများ ထုတ်ပြန်မှာမျိုး မဟုတ်ဘဲ ဇာတ်၊ အငြိမ့်၊ ရာမာယဏ၊ ရုပ်သေးတို့ကိုလည်း ဆိုင်ရာဆိုင်ရာ စည်းမျဉ်းစည်ကမ်း များကို ပြဋ္ဌာန်းသွားမှာဖြစ်ကြောင်း သိရပါတယ်။
”ဇာတ်သဘင်ပညာရပ်နဲ့ ပတ်သက်လို့လည်း တီဗီမှာသတင်းမထုတ်ပြန် နိုင်သေးတာပဲရှိတယ်။ သေချာလေးပြန်ပြီးပြင်ဆင်ပေးနေတယ်။ ဆိုင်းတစ်ခု တည်းကွက်ပြီး စည်းကမ်းထုတ်ပြီးလုပ်တာမျိုး မဟုတ်ပါဘူး။ သက်ဆိုင်ရာ ကဏ္ဍအလိုက်စည်းကမ်းထုတ်ပြန်မှာ ဖြစ်ပါတယ်။ စည်းကမ်းကတော့ လိုက်နာ တဲ့သူကတော့ ကြိုက်တာပေါ့။ မလိုက်နာတဲ့သူကတော့ မကြိုက်ဘူးပေါ့။ ဒီအတွက်လည်း ကျွန်တော်တို့နားလည်ပေးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ မေတ္တာရပ်ခံလိုတာကတော့ များများတွေ့ပါ၊ များများဆွေးနွေးပါ”လို့ ထုတ်ပြန်သွားမယ့်စည်းမျဉ်းစည်းကမ်းများနဲ့ပတ်သက်လို့ ဆက်လက် ဆောင်ရွက်သွားကြမယ့် မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောပါတယ်။ ဆိုင်းပညာရပ်ဆိုင်ရာ အတွက်ထုတ် ပြန်ခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ ဆိုင်းပညာရှင်ကြီးများနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပြီးမှ ထုတ်ပြန်ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။
လင်းအက္ခရာ