‘ဝိညာဉ်မဲ့မြတ်ဆရာ’ Silent Mentor Program အတွက် ဖြူဖြူကျော်သိန်း တို့ မိသားစုက ငွေကျပ်သိန်း ၅ဝလှူဒါန်း

0
223

ဆေးတက္ကသိုလ်(၁)ရန်ကုန်ရဲ့ “ဝိညာဉ်မဲ့ မြတ်ဆရာ”  Silent Mentor Program အတွက်ဖြူဖြူကျော်သိန်း တို့မိသားစုက ငွေကျပ် သိန်း၅ဝ လှူဒါန်းခဲ့ပါတယ်။ဆေးတက္ကသိုလ်(၁)ရန်ကုန်ရဲ့ “ဝိညာဉ်မဲ့ မြတ်ဆရာ”  Silent Mentor Program အတွက်ဖြူဖြူကျော်သိန်း တို့မိသားစုက ငွေကျပ် သိန်း၅ဝ လှူဒါန်းခဲ့ပါတယ်။ “ဝိညာဉ်မဲ့မြတ်ဆရာ”  Silent Mentor Program ဟာ မြန်မာ့ဆေး ပညာလောကမှာ အဆင့်မြင့်ဆေး ပညာနဲ့ ပြည်သူ့ ကျန်းမာရေး စောင့် ရှောက်မှု ပြုကြမယ့် ခွဲစိတ် ဆရာဝန် များကို လေ့ကျင့် သင်ကြားပေးနေတဲ့ Program ဖြစ်ပြီး ဦးဆောင်သူ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာ ဦးဇော်ဝေစိုး ကိုယ်တိုင်က သူ့ခန္ဓာ ကိုယ်ကို ဒီ program အတွက် လှူ ဒါန်းထားပြီး ဖြစ်တယ်လို့လည်း သိရ ပါတယ်။ “ဘုရားကျောင်းကန် ဂီလာနနဲ့ ဒုက္ခဆင်းရဲ ရောက်သူတွေကို လှူ ဒါန်းတာ မဟုတ်ပေမယ့် ကိုယ့် နိုင်ငံ ရဲ့ ကျန်းမာရေး ကဏ္ဍအတွက် တစ် ထောင့်တစ်နေရာ က ပါဝင်လှူဒါန်း ရတာမို့ ကြည်နူးပီတိ ဖြစ်ရတာခြင်း ကတော့ အတူတူပါပဲ။ ဒီ Program  မှာ ပါဝင်ကုသိုလ်ပြုချင်တဲ့ ချစ်ပရိ သတ်များရှိရင်လည်း ဆေးတက္က သိုလ်(၁) ရန်ကုန် ဖုန်း- ဝ၁၂၅၁၁၃၆ ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်”လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here