3 Girl ရုပ်ရှင်နဲ့ ပတ်သတ်ပြီး ပရိသတ်အတွက် စိုးရိမ်နေတဲ့ အလင်းရောင်

0
224

သရုပ်ဆောင် တစ်ဦဖြစ်သလို့ မော်ဒယ်တစ်ဦးလည် ဖြစ်တဲ့ အလင်း ရောင် ကတော့လူငယ်ပရိသတ် အခိုင်အမာ ရရှိထားပြီး ဒီနှစ်ထဲမှာ  M  – 150  ရဲ့Brand Ambassador   တစ်ဦး အဖြစ်လည်း ခံအပ်ခံထားရ ပါတယ်။ ဒီနှစ်ထဲမှာ သူအနေနဲ့ ပထမဆုံး Brand Ambassador  အဖြစ်ခန့် အပ်ခံရတာဖြစ်ကြောင်း လည်း သိရပါတယ်။ M  – 150 ရဲ့ Brand Ambassador တစ်ဦးအနေနဲ့  M  – 150 ကလုပ်တဲ့ Show ပွဲတွေမှာ ပါဝင်အားဖြည့် သွားမှာဖြစ်ပြီး Fan meeting တွေ လည်း လုပ်ဆောင်သွားဖို့ ရှိကြောင်း သိရပါတယ်။ သူကတော့ လတ်တ လောမှာ MTV တွေ ကြော်ငြာတွေ ရိုက်ကူးဖြစ်နေပြီး ဒါရိုက်တာဝိုင်းနဲ့ အတူနောက်ထပ် “သတိုးသမီးရဲ့လျှို့ဝှက်ချက်” ရုပ်ရှင် ဇာတ်ကား တစ်ကားလည်း ရိုက်ကူးဖို့ စီစဉ်ထား ကြောင်း သိရပါတယ်။ ဒီရုပ်ရှင်ဇာတ် ကားမှာ ပါဝင် သရုပ်ဆောင်မှာနဲ့ ပတ်သတ်ပြီးလည်း ခုလိုပြောပြခဲ့ ပါ တယ်။ ဇာတ်ကားကတော့ သရဲကား ဆန်ဆန် ဇာတ်ကားလေးတစ်ကားပါ။ ကျွန်တော်ရဲ့ ကာရိုက်တာပိုင်းက တော့ အရမ်းချစ်တတ် တဲ့ယောက်ျား တစ်ယောက်ရဲ့ ကာရိုက်တာပေါ့။ မိန်းမက အလုပ်ကိုပဲ ဦးစားပေးပြီး အချစ်ရေးပိုင်းတွေ၊ နောက်ပြီး အိမ် ထောင်ရေး သာသာမူတွေ မပေးတဲ့ အခါနောက်ပိုင်း ဖောက်ပြန်တတ်တဲ့ ကိစ္စတွေကို ရိုက်ကူးမယ့် ဇာတ်ကား လေးပါ။ နိုဝင်ဘာလ ၂၅ ရက်နေ့ နောက်ပိုင်တော့ ကိုဝိုင်းနဲ့ အဲ့ဒီဇာတ် ကားအတွက် Trainingတွေလုပ် သွားဖို့ ရှိပါတယ်။ အခုကတော့ ကျွန် တော် အဝတ်အစား ပိုင်းတွေ စီစဉ် ဖြစ်နေပါတယ်။ အိုက်တင်တွေဘယ် လိုလုပ်မယ်ဆိုတာတွေ စဉ်းစားနေ ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

သူကတော့ ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ 3Girl  ရုပ်ရှင် ဇာတ်ကား မှာလည်း သရုပ်ဆောင် ဖွေးဖွေး၊ အိ ချောပို၊ ပိုင်ဖြိုးသု၊ စတဲ့ သရုပ်ဆောင် များနဲ့အတူ ပါဝင် သရုပ်ဆောင် ခဲ့ပါ တယ်။ ဒီရုပ်ရှင် ဇာတ်ကားကလည်း ဒီနှစ်ကုန်ပိုင်းမှာ ရုံတင်ပြသတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ 3Girl  ရုပ်ရှင်ဇာတ်ကားကတော့ သူအနေနဲ့ ဒါရိုက်တာဝိုင်းနဲ့ ပထမဆုံး ရိုက်ကူး ထားတဲ့ ဇာတ်ကားလည်ဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သတ်ပြီး သူ့အနေနဲ့ ပရိသတ် အတွက်ရင်ခုန် နေကြောင်းလည်း သိရပါတယ်။

ဒီ ဇာတ်ကားကို ဒါရိုက်တာ ဝိုင်းနဲ့အတူ ပထမဆုံး လက်တွဲ ရိုက်ကူးခဲ့တဲ့ အတွေအကြုံနဲ့ ပတ်သတ်ပြီး . .  . “3Girl” ရုပ်ရှင်ဇာတ်ကား ဒီနှစ် နှစ်ကုန်ပိုင်းမှာ ရုံတင်မယ်လို့ ကြားပါတယ်။ ကျွန်တော် အနေနဲ့ ကတော့ ဒီရုပ်ရှင်ဇာတ်ကားနဲ့ ပတ် သတ်လို့ အရမ်းရင်ခုန်ပါတယ်။ ကျွန်တော့်အတွက် ပရိသတ်အား ပေးမှု ရပါမလားလို့လည်း အရမ်း စိုရိမ်နေပါတယ်။ ဒီဇာတ်ကားက တော့ ကိုဝိုင်းနဲ့ ပထမဆုံး ဆုံးရိုက်ကူး ဖြစ်တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ကျွန်တော်အရင် ရှေ့မှာရိုက်ခဲ့တဲ့ ဇာတ်ကားတွေက များသောအားဖြင့် ကိုယ် လုပ်တတ်သလောက် တတ်သ လောက်မှတ် သလောက် ရမ်းသမ်း ပြီးတော့ လုပ်ခဲ့တာပေါ့။ ဒီ 3Girl  ရုပ်ရှင်ဇာတ်ကားကို ကိုဝိုင်းနဲ့ စရိုက် တဲ့အချိန်မှာ သရုပ်ဆောင်တဲ့ အလုပ် ကို အသေးစိတ် လုပ်ရတယ်။ ဘယ် လိုလုပ်ရမယ် စိတ်ကိုဘယ်လို ထားရ မယ်ဆိုတာကအစ သင်ကြားဖူတယ်။ ပြီးတော့ ကိုဝိုင်းဆီက ပညာတွေ အ များ ကြီးရခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။

ဇော်ဝင်းအောင် 


LEAVE A REPLY

Please enter your comment!
Please enter your name here