ထာဝရ အလင်းအိမ် ပရဟိတအဖွဲ့နဲ့ အတူ မြိတ်မြို့မှာ အလှူအတန်းတွေ ပြုလုပ်ခဲ့တဲ့ ဂျူဂျူးကေ

0
187

 ထာဝရအလင်းအိမ်အဖွဲ့နဲ့အတူ (၁၃)ကြိမ်မြောက် လှူဒါန်းတဲ့ အလှူအကြောင်းကို ဂျူဂျူးကေက …”ဂျူဂျူးကေတို့ပါဝင်တဲ့ ထာဝရ အလင်းအိမ် ပရဟိတအဖွဲ့က နိုဝင် ဘာလ အလှူအဖြစ် မြိတ်မြို့သွားရောက်ပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ထာဝရအလင်းအိမ်အဖွဲ့နဲ့အတူ (၁၃)ကြိမ်မြောက် လှူဒါန်းတဲ့ အလှူအကြောင်းကို ဂျူဂျူးကေက … “ဂျူးတို့ရဲ့ ထာဝရအလင်းအိမ် ပရဟိတအသင်းက သုံးလ တစ်ကြိမ် အလှူတွေလုပ်ပါတယ်။ နိုဝင်ဘာလ ၉ရက် နေ့ကစပြီး မြိတ်ကို ခရီးထွက်ခဲ့တယ်။ မြိတ်မှာရှိတဲ့ မိဘမဲ့ကလေးတွေကို စာသင်ပေးတဲ့ သံသရာအေး ဘ/က ကျောင်းမှာကထိန်ခင်းပြီးလိုအပ်တာလေး တွေ လည်းလှူခဲ့ပါတယ်။ အလှူငွေစုစုပေါင်းကျပ်သိန်း၂ဝ လှူခဲ့တယ်။ ကလေးတွေ အိပ်တဲ့ကြမ်းခင်းကလည်း ကျိုးနေလို့ ကြမ်းခင်းကို အပြည့်ခင်းပေးခဲ့ ပါတယ်။ နောက်ပြီး ကလေးတွေအတွက် အဟာရဒါနရော၊ လို အပ်တဲ့ ပစ္စည်းလေးတွေလည်း လှူခဲ့ပါတယ်။ ပရဟိတ မောင်နှမတွေနဲ့အတူလှူခဲ့တာပါ။ အလှူလေးး ပြီးတော့ ကော့သောင်းဘက်ကို မိသားစုနဲ့ သွားရောက်လည်ပတ် ဖြစ်ပါတယ်” လို့ ပြောပြပါတယ်။

သရုပ်ဆောင် ဂျူဂျူးကေနဲ့ နိုနိုကေတို့ ညီအမ နှစ်ဦး ဦးစီးတဲ့ TRI Family Entertainment  တယောသင်တန်းက သင်တန်းစတင်ချိန်မှာ အခက် အခဲတွေ များစွာရှိခဲ့ပေမယ့် အခု ချိန်မှာတော့ အား ကောင်းလာပြီ ဆိုတဲ့ အကြောင်းကို ဂျူဂျူးကေက “တယောသင်တန်းကို ထူထောင်လာတာလေး၊ ငါးနှစ် လောက် ရှိပါပြီ။ သင်တန်းသားတွေလည်း ၅ဝ ကျော် လောက်ရှိပြီ။ အခုတော့ တယောသင်တန်းက အရင် က ထက်ပိုပြီး အားကောင်းလာပြီ။ အားစိုက်ပြီးလည်း လုပ် နေပါတယ်။တယောပွဲတွေမှာလည်း အရင်နဲ့ မတူဘဲ ထူးခြားတဲ့ တင်ဆက်မှုပုံစံတွေ ဖန်တီးနေ တယ်။ နောက်ပြီး မျိုးဆက်သစ်တွေနဲ့လည်း လက်တွဲ ပြီးပွဲ ထွက်ဖို့တွေလည်း အစီအစဉ်ရှိပါတယ်။ သင် တန်းမှာလည်း အခြေခံ Basic 1 ကိုတစ်လခွဲ၊  Basic 2ကို တစ်လခွဲ သတ်မှတ်ထားတယ်။ ဒါကိုမှအဆင့် မြင့်အတန်းတွေလည်း တက်ချင်ရင်ရပါတယ်။ သင် တန်းသားတွေ ထဲက စင်မြင့် ဖျော်ဖြေပွဲတွေကို ဝါ သနာပါ ရင်လည်း လက်တွဲခေါ် ယူ ပါတယ်။ ညီမ တို့ရဲ့ TRI Family Entertainment page မှာ  လည်း တယောနဲ့ ပက်သက်တဲ့ Video  လေး တွေ တင် ပေးပါတယ်” လို့ ပြောပြပါတယ်။  ဂျူဂျူးကေက အခု လတ်တ လောမှာတော့ တယောသင်တန်းကိုပဲ တစိုက်မတ်မတ် လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here