Facebook အကောင့် မဟက်ဖို့ တောင်းပန်လိုက်တဲ့ အိန္ဒြာကျော်ဇင်

0
187

အစ်မ ဒီဇိုင်နာ အိကျော်ဇင်ရဲ့ ခင်ပွန်းဖြစ်သူ အဆိုတော် တိုးခိုင်ရဲ့ တစ်ကိုယ်တော် တေးစီးရီး မိတ်ဆက်ပွဲကို သရုပ်ဆောင် အိန္ဒြာကျော်ဇင်က တက်ရောက်ခဲ့ပါတယ်။ ခဲအိုဖြစ်သူ ကိုတိုးခိုင်ရဲ့ အနုပညာအပေါ် သူ့ရဲ့အမြင်ကိုလည်း အိန္ဒြာကျော်ဇင်က . . .

“ခဲအိုက သူဝါသနာပါတဲ့ အနုပညာကို သူလုပ်တာပေါ့နော်။ သူ့ရဲ့လိုင်းကျတော့ ဦးခိုင်ထူးတို့လို လိုင်းမျိုးပေါ့။ အစ်မအမြင်မှာတော့ သူ့ရဲ့ အတိုင်းအတာ တစ်ခုအထိ အောင်မြင်မယ်ထင်တယ်” လို့ ပြောခဲ့ပါတယ်။

သား၊ သမီး ၂ယောက်ရဲ့ မိခင်တစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်ဟာ အခုချိန်ထိ အရင်ကလို ပြောင်းလဲမှုမရှိတဲ့ ကျန်းမာလှပဆဲဖြစ်တဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ခန္ဒာကိုယ် ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး . . .

“အစ်မ Diet တွေ ဘာတွေလည်း မလုပ်ဘူး။ အစကတည်းက အစ်မက အစားစားရင် သိပ်မဝတဲ့ အထဲမှာ ပါတယ်ပေါ့။ ဘာလို့လဲဆိုတော့ Exercise လုပ်ထားတဲ့ အခံလည်း ပါမယ်ထင်တယ်။ နောက်ပြီးတော့ အသက်ကြီးလာတော့ အစာစားတဲ့ အခါမှာလည်း ညစာတွေကို အများကြီး မစားဘူး။ ညစာတွေကို လျှော့စားတယ်။ ပြီးတော့ အစ်မကြိုက်တဲ့ အစားအစာကလည်း အရမ်းဝတဲ့ အစားအစာတွေ မဟုတ်တော့ ကံကောင်းသွားတာပေါ့။ အစ်မက ဟော့ပေါ့ကြိုက်တယ်။ ကြေးအိုးကြိုက်တယ်။ အဲ့ဒီ့လို အဆီမပါပဲ အပြုတ်တွေပဲ ကြိုက်တတ်တဲ့ အခါကျတော့ အဲ့ဒီ့လို ဖြစ်သွားတာ နေမှာပါ။ ညအထူးအလည်ကြီး အဲ့လို Healthy လုပ်စရာ မလိုပါဘူး” လို့ ပြောခဲ့ပါတယ်။

လတ်တလောဖေ့ဘုတ်ခ် လူမှုကွန်ရက်ပေါ်မှာ အနုပညာရှင်များရဲ့ အကောင့်များ ဟတ်ခံနေရပါတယ်။ ဒီလို ဟက်ခံနေရတဲ့ အပေါ်မှာ အနုပညာရှင်တစ်ဦးဖြစ်သူ အိန္ဒြာကျော်ဇင်က . . .

“ဘယ်သူပဲဖြစ်ဖြ မဟက်ပါနဲ့လို့ တောင်းပန်ရမှာပေါ့။ ဘာလို့လဲဆိုတော့ ဒါက ကိုယ်နှစ်ရှည်လများ ကိုယ့်ရဲ့ မှတ်တမ်းလေးတွေ အများကြီး ရှိတာဆိုတော့ ဘယ်သူပဲဖြစ်ဖြစ် နှမြောတာပေါ့။ အဲ့ဒီ့တော့ ဟက်မယ့်လူတွေကိုလည်း မဟက်ပါနဲ့ဆိုပြီး တောင်းပန်ရမှာပေါ့”

လို့ပြောခဲ့ပါတယ်။

လက်ရှိတွင် အိန္ဒြာကျော်ဇင်ဟာ ကြော်ငြာမျာ ရိုက်ကူးနေပြီး ပွဲတွေလည်း တက်ဖြစ်နေပါတယ်။ လက်ခံထားတဲ့ ဇာတ်ကားတွေကိုတော့ ဒီဇင်ဘာလဲမှာ ရိုက်ကူးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here