ဖေ့စ်ဘုတ်ခ်အကောင့် ဟက်ခံရတဲ့အတွက် ကိုယ်ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်ပါ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်ဆိုတဲ့ သက်မွန်မြင့်

0
164

သရုပ်ဆောင် သက်မွန်မြင့် အသုံးပြုနေတဲ့ ဖေ့စ်ဘုတ်ခ် Page ကို တစ်ပတ်လောက် အဟက်ခံရတဲ့အတွက် ပရိ သတ်တွေနဲ့ အွန်လိုင်းမှာ ထိတွေ့လို့ မရတော့သလို ပရဟိတ အလုပ်တွေလည်း ပျက်သွားခဲ့ရတယ်လို့ သိရပါတယ်။

“သက်မွန် ၁၅ ရက်နေ့က အ ကောင့်ဟက်ခံရတယ်။ ၂၃ရက်နေ့ မှပြန်ရတာဆိုတော့ တစ်ပတ်ကျော် ဟက်ခံရ တာပေါ့။ စိတ်မကောင်းပါဘူး။ ကိုယ်လည်းသူများ ကိုနှောင့်ယှက်တာ ဒုက္ခပေးတာမရှိပဲနဲ့ ကိုယ့် Page ကိုအဲဒီလိုယူ သွားတော့၊ တစ်ယောက်တည်း ထိခိုက်တာမဟုတ်ပါဘူး။ သက်မွန်ရဲ့ ပရိသတ်တွေရော သက်မွန်ကို ချစ်တဲ့သူတွေလည်း စိတ်ပူပန်ရတယ်။ သူတို့နဲ့လည်း အဆက်အသွယ်ပြတ်သွားတယ်။ အဲဒီလိုဆိုတော့ ထိခိုက်ပါတယ်။ စိတ်မကောင်းပါဘူး။ နောက် မေတ္တာဖြင့်သာ ပျိုးထောင်ပါဆိုတဲ့ ကလေးတွေအတွက် လုပ်တဲ့ ကန်ပိမ်းလည်း လွတ်သွားတယ်။ သက်မွန်Messenger က နေပဲ သူတို့က ဆက်သွယ်တာကိုး။ သက်မွန်ရဲ့အကောင့်ကိုပါ သူတို့ အကုန်ယူသွားတယ်။ Page ပြန်ရတော့လည်း Page ကိုသုံးဖို့အတွက် အကောင့်အသစ် ထပ်ဖွင့်တယ် အဲဒါကိုလည်း ထပ်ယူသွားတယ်။ တော် တော်တော့ စိတ်ညစ်ရတာပေါ့”လို့ အကောင့် ဟက်ခံရတဲ့အတွက် စိတ်ညစ် ခဲ့ရတဲ့အကြောင်း သက်မွန်မြင့်က ပြောပြပါတယ်။

ဒီလို အကောင့်ဟက်သွားတဲ့အတွက် ထွေထွေထူးထူး စိုးရိမ်တာမျိုး မရှိပေမယ့် Like ၂သန်းကျော်ရှိပြီး ပရိသတ်တွေနဲ့ စကားပြောထားတာ တွေရှိသလိုအမှတ်တရတွေလည်းရှိတဲ့အတွက် ဒီဖေ့စ်ဘုတ်ခ် အကောင့်ကိုပြန်မရမှာတော့ စိတ်ပူခဲ့ရ ကြောင်း သက် မွန်မြင့်က ပြောပါတယ်။ စိတ်အနှောက် အယှက်တွေ လည်းဖြစ်ရတဲ့အတွက် နောက်ထပ် ဒီလိုမျိုး အကောင့်ဟက်တာ မျိုးမလုပ်ကြပါနဲ့လို့ ဆိုတဲ့ သက်မွန်မြင့်က …

“ကြိုးစားပြီးတော့ Safe ဖြစ်အောင်လုပ် ပါတယ်။ ဒါပေမဲ့ သူတို့ကလည်း ထပ်လုပ်မလား မလုပ်ဘူးလား။ တခြားသူတွေကကော ထပ် လုပ်မလား မပြောနိုင်ဘူးလေ။ အိုင်တီပညာ ဆိုတာ ကိုယ်လည်းသိပ်နားမလည်ဘူး။ သူတို့ ဘယ်လောက်ထိ လုပ်နိုင်စွမ်းလည်း ဘယ် လောက်ထိ လုပ်ဦးမလဲဆိုတာ ကိုယ်မမှန်း တတ်ဘူး။ Facebook Team ကလည်း ဘယ်လောက်ထိကာကွယ် ပေးနိုင်မလဲဆို တာ ကိုယ်လည်းမပြောတတ်ဘူး။ ဒီပညာကို ကိုယ်လည်း မကျွမ်းဘူးဆိုတော့ ထပ်တော့ မလုပ်စေချင်ပါဘူး။ ကိုယ်ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်က လူတွေရောစိတ် အနှောက်အယှက် အများကြီး ဖြစ်ရ တယ်။ အချိန်တွေအများကြီး ကုန် သွားတယ်။ အများအတွက်လုပ်ရမယ့် အလုပ်တွေလည်း လစ်ဟာမှုတွေ ရှိ သွားတော့ ဖြစ်နိုင်ရင်တော့ မလုပ်ကြပါနဲ့။ သူများကို ဒုက္ခမပေးကြပါနဲ့လို့ ပြောချင် ပါတယ်” လို့ ပြောပါတယ်။     သက်မွန်မြင့်က လတ်တလောမှာ သူ့ရဲ့ကလေး ပစ္စည်းဆိုင် တစ်နှစ်ပြည့်အတွက် စီစဉ်နေသလို ကလေး တွေအနားမှာပဲနေဖြစ်နေပြီး ဇာတ်ကားရိုက်ကူးမှုကို တော့ ဇန်နဝါရီလမှသာပြန်လည် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here