ချစ်သူသက်တမ်း (၇)နှစ်ထဲကို ရောက်ရှိလာပြီဖြစ်တဲ့ ကျော်ထွဋ်ဆွေ နဲ့ နန်းသူဇာ

0
176

လူငယ်တွေရဲ့ idol  စုံတွဲလေး ဖြစ်တဲ့ အဆိုတော်ကျော်ထွဋ်ဆွေနဲ့ နန်း သူဇာတို့ စုံတွဲက အခုဆိုရင် ချစ်သူ သက်တမ်း ၆နှစ်ကျော် ၇နှစ်ထဲ ရောက် လာပြီလို့ သိရပါတယ်။ နန်းမြတ်ဖြိုး သင်းရဲ့ မင်္ဂလာပွဲမှာ သတို့သား၊ သတို့ သမီးအရံများအဖြစ် ပါဝင်ခဲ့ကြတဲ့ သူတို့ နှစ်ဦးရဲ့ အခုလက်ရှိ Relationship  အခြေအနေကတော့ ရန်ဖြစ်လိုက်ပြန် ချစ်လိုက်လို့ပဲ ဆိုရမှာပါ။ လူငယ်တွေရဲ့ idol  စုံတွဲလေး ဖြစ်တဲ့ အဆိုတော်ကျော်ထွဋ်ဆွေနဲ့ နန်း သူဇာတို့ စုံတွဲက အခုဆိုရင် ချစ်သူ သက်တမ်း ၆နှစ်ကျော် ၇နှစ်ထဲ ရောက် လာပြီလို့ သိရပါတယ်။

နန်းမြတ်ဖြိုး သင်းရဲ့ မင်္ဂလာပွဲမှာ သတို့သား၊ သတို့ သမီးအရံများအဖြစ် ပါဝင်ခဲ့ကြတဲ့ သူတို့ နှစ်ဦးရဲ့ အခုလက်ရှိ Relationship  အခြေအနေကတော့ ရန်ဖြစ်လိုက်ပြန် ချစ်လိုက်လို့ပဲ ဆိုရမှာပါ။  “ဒီနေ့ကတော့ တည့်နေပါတယ်။ နန်းမြတ်ကလည်း တည့်ခိုင်းထားတယ်။ ဒီနေ့ ရန်မဖြစ်ကြရဘူးတဲ့။ ရန်ကတော့ အမြဲတမ်းဖြစ်တယ်။ ဘယ်အချိန် ပိုဖြစ် လဲဆို ကားပိတ်တဲ့ အချိန်ဖြစ်တယ်။ ကား ယူတာမှားတာတို့။ ကားမြန်မြန်မောင်းတဲ့ အချိန်တို့ အဲဒီလိုအချိန်တွေ ဖြစ်တယ်။ စဉ်းစားကြည့်ပေါ့နော်။ တစ်နေ့ လုံးမှာ ခဏခဏပဲ”လို့ ရန် ဖြစ်ရတဲ့ အကြောင်း အရာတချို့ကို နန်း သူဇာက ပြောပြပါတယ်။

ရန်ဖြစ်တာများ ပေမယ့်ဖြစ်လည်း ခဏပါပဲလို့ဆိုတဲ့ ကျော်ထွဋ်ဆွေက…”ရန်တခါ ဖြစ်ပြီး ပြန်တည့်သွားရင် ပထမနေ့အတိုင်းပဲလေ။ အဖြေရတဲ့ နေ့အတိုင်းပဲဆိုတော့ အသစ်ပြန်ပြန်ဖြစ် သွားတာပေါ့”လို့ ဆိုပါတယ်။

တစ်ယောက်နဲ့ တစ်ယောက်မှာ ကိုယ်မကြိုက်တဲ့အချက်ပြင်စေချင် တဲ့အချက်တွေရှိလားလို့ မေးကြည့်တော့ ကျော်ထွဋ်ဆွေက … “အကုန်တော့ကြိုက်ပါတယ်။ တုံး တာလည်း ကြိုက်ပါတယ်။ သူတုံး တာက ချစ်စရာလေး” လို့ ပြောပါတယ်။

ဆက်လက်ပြီး နန်းသူဇာက လည်း…  “အရမ်းတုံးလို့တဲ့ တချို့နေရာ တွေမှာ ငတုံးငအလိုပဲဆိုပြီး သူက အမြဲ တမ်းပြောတယ်။ သူ့ကိုပြင် စေချင်တာ ကတော့ စိတ်အရမ်း မကြီးပါနဲ့လို့ သူက စိတ်ကြီးတတ်တယ်။ ကားမောင်း ရင်လည်း အရှိန် လျော့မောင်း ပါလို့ အဲဒါလေးပဲ ပြောချင် ပါတယ်”လို့ပြောပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် သဘော အကျဆုံး အချက်တွေ နဲ့ ပတ်သက်ပြီး နန်းသူ ဇာက… “စိတ်ရင်းလေး ကောင်းတာကို သဘောကျပါတယ်။ သူက စိတ်ရင်းနဲ့ ပေါင်းတယ်” လို့ ဆိုပြီး ကျော်ထွဋ်ဆွေ ကတော့ …
တော်တော်များများ သဘောကျ ပါတယ်။ သူက စိတ်ရင်းကောင်းတယ်။ ချစ်စရာလေး။ အသားဖြူတယ်။ နဖူး ပြောင်တယ်။(ရယ်လျက်) တော်တော် သဘောကျပါတယ်” လို့ပြောပါတယ်။

အခုအချိန်ထိ ကြာကြာလက်တွဲ ထားတဲ့ သူတို့စုံတွဲကတော့ လူငယ် တွေရဲ့ idol စုံတွဲ တစ်တွဲပါပဲ။ အဲဒီ အပေါ်မှာ နန်းသူဇာက… ကိုယ်တွေကို Idol ထားတယ်ဆို တော့ ပျော်ပါတယ်။ ကိုယ်တွေလည်း သာမန်အတွဲတွေလိုပါပဲ။ ရန်ဖြစ် တတ် ပါတယ်။ ဓာတ်ပုံလေးတွေသာ လှလှ လေးတွေ တင်တာပေါ့။ အဲဒါကြောင့်  ရန်ဖြစ်လည်း ဘာမှမဖြစ်ကြပါနဲ့ နှစ် ယောက်ညှိနှိုင်းကြပါ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here