2017 MAMA မှာ Twice ဆုရရှိ

0
235

နိုဝင်ဘာ ၂၈ ရက်နေ့က ဂျပန်မှာပြုလုပ်ခဲ့တဲ့ “2017 MAMA “ ပွဲမှာ Twice  အဖွဲ့ဟာ “Song of the Year” ဆုကို လက်ခံရရှိခဲ့ပြီး သူတို့ရဲ့ ဆရာ J.Y.Parkကို ကျေး ဇူးတင်တဲ့စာကို  Instagram မှာ အခုလို..

“သူတို့ကို သင်ကြားပြသပေးမှုတွေ၊ဂရုစိုက်မှုတွေအတွက် တအား ကျေးဇူးတင်ပါတယ်။ အခုလို ဆုရတဲ့ဂုဏ်ယူပါတယ်။ တအားလည်းချစ်ပါတယ်” ပေးပို့ခဲ့ပါတယ်။ ဆရာ J.Y.Park တစ်ယောက်လည်း အရမ်းကို ပျော်ရွှင်နေမှာပါ။ 2017 Mnet Asian Music Awards ကို CJ E&M အဖွဲ့က ဦးစားလုပ်ကိုင်ခဲ့ပြီး နိုဝင်ဘာ ၂၅ ကနေ ဒီဇင်ဘာ ၁ ရက်နေ့အထိ ဗီယက်နမ် ၊ ဂျပန် ၊  ဟောင် ကောင်တို့မှာ ကျင်းပသွားမှာပါ။ ၂ဝ၁၇ ခုနှစ်ပွဲမှာ ၈ ကြိမ်မြောက် ပြည်ပ နိုင်ငံတွေမှာ ကျင်းပခဲ့တာပါ။ ဆန် ခါ တင်စာရင်းတွေကို တော့ အောက်တိုဘာ ၁၉ရက်နေ့ က တစ်ကမ္ဘာလုံးကို တိုက် ရိုက်ထုတ်လွှင့် ကြေညာခဲ့ တာလည်း ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here