သီချင်းအသစ် ထပ်မံထွက်ရှိတဲ့ Super Junior D&E

0
107

Super Junior D&E ဟာ မကြာသေးခင်ကမှ“Here we are!” Music Video ကို ဂျပန်ဗားရှင်းနဲ့ ဖြန့်ချိခဲ့ပါတယ်။ သီချင်းထဲမှာ Donghae နဲ့ Eunjyuk တို့နှစ်ဦးရဲ့ ဝတ်စားမှုက တအားမိုက်သလို အကတွေကလည်းအရမ်းလန်းနေပါတယ်။ Super Junior- D&E ဟာ Super Junior ရဲ့ အဖွဲ့ဝင်နှစ်ယောက်နဲ့ ထပ်မံဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။ သူတို့နှစ်ဦးရဲ့ ပထမဆုံး သီချင်း Oppa, Oppa ကို ၂ဝ၁၁ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့ က ဖြန့်ချိခဲ့ပြီး Tower Recrods Single Chart မှာနံပါတ်၁ နေရာ ချိတ်ခဲ့ပါတယ်။ သူတို့ ၂ ဦးဟာ ၂ဝ၁၅ မှာတော့ The Beat Goes on ဆိုတဲ့ အယ်ဘမ်လေး ပြုလုပ်ခဲ့ပြီး သီချင်း ၇ ပုဒ် ပါဝင် တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် Special Edition Album တစ်ခုထပ်မံပြုလုပ်ခဲ့ပြီး The Beat Goes On ထဲက သီချင်း ၇ ပုဒ်အပြင် ဂျပန် သီချင်းတွေပါ ထပ်မံ ထည့် ထားတာကြောင့် စုစုပေါင်း ၁၃ ပုဒ် ပါဝင်တယ်လို့ သိရ ပါတယ်။ ၂ဝ၁၅ နှစ်ကုန် ပိုင်းမှာတော့ နှစ်ဦးစလုံး စစ်တပ်ထဲဝင်ခဲ့ရပြီး ၂ဝ၁၇ ခုနှစ်မှာ ပြန် လည်စုစည်းပြီး သီချင်းအသစ် တွေကို စီစဉ်နေ တယ်လို့ သိရပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here