စံထိပ်ထားဦး ရဲ့ ၁၅နှစ်ပြည့်မွေးနေ့ပွဲ

0
264

ကိုခန့်နိုင်နဲ့ သရုပ်ဆောင် ခိုင်သင်းကြည်တို့ရဲ့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦးရဲ့ ၁၅နှစ် ပြည့်မွေးနေ့ကိုတော့ နိုဝင်ဘာလ ၂၇ ရက်နေ့ ည၆ နာရီခွဲက ကန်ရိပ်သာလမ်းရှိ JEFF’s Kitchen စား သောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ ငယ်ငယ်လေးထဲက ဂရုတစိုက် ပြုစုပျိုးထောင် ခဲ့ရတဲ့ သမီးလေးက အခုဆိုရင် အရွယ်ရောက်လာပြီ ဖြစ်တဲ့အတွက် မိခင်တစ်ဦးအနေနဲ့ ပီတိဖြစ်ရပါ တယ်ဆိုတဲ့ ခိုင်သင်းကြည်က…

“အခုဆို ၁၅နှစ်ပြည့်ပြီ။ မနက်ဖြန်ဆို ၁၆နှစ်ထဲ ရောက်ပြီ။ သမီးအတွေးအခေါ်တွေ ဒီ့ ထက်ပိုပြီး ရင့်ကျက်လာရမယ်လို့ သူ့ကိုပြောပြ ထားတယ်။ ငယ်ငယ်လေးတုန်းကကြတော့ တအားကိုပိုးမွေးသလိုမွေး ခဲ့ရတယ်။ ဒါပေမယ့် အခုအချိန်မှာကြတော့ တစ်ခါတလေ ကြရင် သူကကိုယ့်ကိုယ်တောင်ဆရာ ပြန်လုပ်နေတယ်။ အဲဒီအတွက်လည်း ပီတိဖြစ်ရပါတယ်။ သမီးလေးကြီး လာတော့လည်း ကြီးလာတဲ့အ လျောက် ကိုယ်ကအားကိုးချင် လာ တယ်။ ပိုပြီးတော့ ချစ်လာတယ်။ ငယ်ငယ်တုန်းကလည်း ငယ်ငယ်တုန်း ကအလျောက်ပေါ့။ ကြီးလာတော့ အခုချီလို့မ ရတော့ဘူး” လို့ပြောပါတယ်။ သမီးဖြစ်သူ စံထိပ်ထားဦး ကလည်း သူ့ရဲ့ရည်မှန်းချက်တွေ နဲ့ပတ်သက်ပြီး…

“ပညာရေးကတော့ ကြိုးစားသင်သွားမှာပါ။ အနုပညာကတော့ စီးရီးခွေထုတ်ဖြစ်အောင် ထုတ်မှာပါ။ နိုင်ငံခြားမှာစာ သွားသင်ဖို့တော့ မသေချာသေးပါဘူး။ အိမ်က လွှတ်လည်းမလွှတ်ချင်သေး ဘူး လေ။ IGCSE ဖြေဆိုဖို့ လုပ်နေပါ တယ်” လို့ ပြောပါတယ်။   သမီးဖြစ်သူကို နိုင်ငံခြားမှာ ပညာသွားသင်ဖို့အတွက် စိတ်မချ သေးဘူးဆိုတဲ့ ခိုင်သင်းကြည်က..

“လောလောဆယ်တော့ ငယ် သေးတယ်လေ။ မြန်မာပြည်ထဲ တောင်မလွှတ်ရဲသေးဘူး။ စိတ် မချ ဖြစ်နေတာ။ ဘာရယ်မဟုတ် ဘူး။ နိုင်ငံခြားဆိုတော့ ကိုယ်နဲ့ခွဲပြီး အဝေးကြီးအကြာကြီး သွားရမယ် ဆိုတော့ အသက် ၁၈နှစ်နောက်ပိုင်း ၂ဝ နောက်ပိုင်းမှပဲ အခုကတော့ ငယ် သေးတယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here