အောင်မြင်တာ မအောင်မြင်တာနဲ့ မဆိုင်ပါဘူး တစ်ယောက်နဲ့ တစ်ယောက်လေးစားမှုရှိဖို့ပါပဲ အကယ်ဒမီ တက္ကသိုလ် ဂွမ်းပုံ

0
252

ရှုတင်ရိုက်ကွင်းပေါ်မှာ အနုပညာလောကသားတွေအချင်းချင်း တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်နားလည်မှု လေးစားမှုရှိမယ်ဆိုရင် ဘယ်သူတစ်ဦး တစ်ယောက်နဲ့မှ ပဋိပက္ခဖြစ်စရာ မရှိနိုင်ဘူးလို့ ဝါရင့်ဇာတ်ပို့၊ ဇာတ်ရံသရုပ် ဆောင်တစ်ဦးဖြစ်သူ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံက ဆိုပါတယ်။ သူမအနေနဲ့ လည်း အခုချိန်ထိ ရိုက်ကွင်းပေါ်မှာရှိတဲ့ မင်းသား၊ မင်းသမီး၊ စက်အဖွဲ့ကအစ အားလုံးကို လေးလေးစားစားဆက်ဆံခဲ့တဲ့အတွက် ဘယ်သူတစ်ဦး တစ်ယောက် နဲ့မှ အတိုက်အခံမဖြစ်ဖူးဘူးလို့ဆိုပါတယ်။ ရှုတင်ရိုက်ကွင်းပေါ်မှာ အနုပညာလောကသားတွေအချင်းချင်း တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်နားလည်မှု လေးစားမှုရှိမယ်ဆိုရင် ဘယ်သူတစ်ဦး တစ်ယောက်နဲ့မှ ပဋိပက္ခဖြစ်စရာ မရှိနိုင်ဘူးလို့ ဝါရင့်ဇာတ်ပို့၊ ဇာတ်ရံသရုပ် ဆောင်တစ်ဦးဖြစ်သူ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံက ဆိုပါတယ်။ သူမအနေနဲ့ လည်း အခုချိန်ထိ ရိုက်ကွင်းပေါ်မှာရှိတဲ့ မင်းသား၊ မင်းသမီး၊ စက်အဖွဲ့ကအစ အားလုံးကို လေးလေးစားစားဆက်ဆံခဲ့တဲ့အတွက် ဘယ်သူတစ်ဦး တစ်ယောက် နဲ့မှ အတိုက်အခံမဖြစ်ဖူးဘူးလို့ဆိုပါတယ်။

  “မဂွမ်းတို့က ၁၉၈၆ ခုနှစ်ကတည်းကနေစပြီးတော့ ဒါရိုက်တာ အကယ်ဒမီ ဦးနန္ဒ၊ ဒါရိုက်တာအကယ်ဒမီ ဦးမြင့်ဦးမြင့်တို့ရဲ့ သွန်သင် ညွှန်ပြ ပေးမှုတွေနဲ့ Black & White ဇာတ်ကားကနေ မဂွမ်းတို့က ကြီးပြင်းလာရတဲ့ သူဆိုတော့ မဂွမ်းတို့ခေတ်ကဆို ဗီဒီယိုတောင်မရှိသေးဘူး။ မဂွမ်းတို့ ခေတ်က ဆို Respect တွေရှိကြတယ်။အခုကျမှ Respect  တွေမရှိကြဘူးလား ဆိုတာကလည်း ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေး စားမှုပါပဲ။ အမှန်တိုင်းပြောရရင်တော့ မဂွမ်းသည် ဒီနေ့ဒီအချိန်ထိမှာ စက် အဖွဲ့ကစ၊ အမေ အဖေအခန်းကပါတဲ့ သူကအစ၊ ကိုလူချောတို့ အဖွဲ့က အစ၊ မဂွမ်းသည် အားလုံးကို ကိုယ့်ထက်စီနီယာကျတဲ့ အနုပညာရှင်ကြီးတွေ  အသစ်တွေဆိုလို့ရှိရင်လည်း မဂွမ်းတို့သည် ဇာတ်ပို့ဇာတ်ရံ အသစ်တွေ ဘယ် လောက်တက်တက် မင်းသမီးဟာ မင်းသမီးပဲ၊ မင်းသားဟာ မင်းသားပဲ သူတို့ အသက်ဘယ်လောက်ငယ်ငယ် လုပ်သက်ဘယ်လောက်ရင့်ရင့် နုနု တစ်လှေထဲ စီး တစ်ခရီးတည်းသွားနေကြတဲ့  အနုပညာပန်းတိုင်ရောက်အောင် ချီတက် နေကြတဲ့ သူတွေချည်းပဲလို့ မဂွမ်းခံယူထားတဲ့အတွက် မဂွမ်းနဲ့ အတိုက်အခံ ဖြစ်တဲ့သူ ဒီနေ့ ဒီအချိန်ထိ မရှိဘူး။ တကယ်မရှိဘူး။ အဲဒီတော့ နယ်ကိုသွားမယ် မဂွမ်းသည် ၅ ရက် လောက်ပဲရမယ်ဆို ဒါရိုက်တာကို တောင်းပန်တယ်။

မင်းသမီးလည်း ဒီလိုပဲ။ အခုဖြစ်တဲ့သူတွေသည် ကာယကံရှင်တွေပဲ သိလိမ့် မယ်။ တစ်ယောက်နဲ့တစ်ယောက်က လေးစားမှုပါ။ အောင်မြင်တာ မအောင်မြင်တာနဲ့လည်းမဆိုင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်က Respect ရှိဖို့ပဲ။ ရိုက်ကွင်းပေါ်ရောက်လာရင် တစ်ယောက်နဲ့တစ်ယောက်ကRespectရှိဖို့ပါပဲ။ ဒါရိုက်တာဆိုလည်း ဒါရိုက်တာအလျောက်။ ဒါရိုက်တာကို လေး စားရမယ်။ ကျွန်မရောက်ပါပြီ။ ဘယ်သူတွေရောက်ရောက် မရောက် မရောက်ကိုယ် အရင်ရောက်ဖို့ အရေးကြီးတယ်။ မဂွမ်းရဲ့ ခံယူချက်က အဲဒါပဲ။ နယ် မှာဆိုလည်း လာကြည့်ပါ။ မေမြို့ဖြစ်ဖြစ် ဘားအံဖြစ်ဖြစ် ၉နာရီခွဲဆို တာနဲ့ မဂွမ်းနဲ့ ကိုခင်လှိုင်တို့ရောက်နေပါပြီ။ မင်းသား မင်းသမီး ဘယ်ချိန်ပဲ ရောက်ရောက် ဒါသူတို့ကဏ္ဍ။ ရိုက်ကွင်းရောက်ရင် ဒိုင်ယာလော့ခ် ကိုမေးတယ်။ နင်ကတော့ ဒါပြောတယ်။

ငါကတော့ ဒါပြောတယ်။ ရိုက်ကွင်းမှာ ဆင်းပေါ်မှာ ပါပြီဆို ကိုယ်အရင်ရောက်တယ်။ မီးတွေ ချိန်တာ မချိန်တာ သူတို့အလုပ် မင်း သား မင်းသမီးမလာတာ သူတို့အလုပ်။ အဲဒီ တော့ သူများကို စိတ်မဝင်စားဘဲ ကိုယ် ကိုယ်ကိုယ်တိုင် အလုပ်ကိုတက်ညီ လက်ညီနဲ့ ကိုယ့်ရဲ့အခန်းကဏ္ဍကို ပိုင် နိုင်စွာ အားလုံးအားလုံး လုပ်သွား မယ်ဆို ဒီလိုကိစ္စက ဖြစ်လာစရာ မရှိပါဘူး။ အဲဒီတော့ တစ်ယောက် နဲ့တစ်ယောက်က တကယ်ပါ လေး စားမှု နားလည်ပေးမှု တစ်ယောက်နဲ့ တစ်ယောက်ကတော့ လိုတိုးပိုလျော့ လေးတော့ရှိရတာပေါ့နော်။ သူ သာတယ် ကိုယ်နာတယ် ။ကိုယ်သာတယ် သူနာတယ် မတွက်ဘဲနဲ့ ဆင်းန်ပေါ်မှာ အားလုံးက ဒါရိုက်တာ ကနေ စက်အဖွဲ့အဆုံး တက် ညီလက်ညီနဲ့ နေ့ တိုင်းနေ့တိုင်း လုပ် ဆောင်မယ်ဆိုရင် တကယ့်ကို ပြည့်ဝ လှတဲ့ အနုပညာ အရည်အသွေးတွေ တကယ်ရရှိမှာပါ။ အပြန် အလှန်နား လည်မှုလေးစားမှု ရှိရင် ဘယ်သူတစ်ဦး တစ်ယောက်မှ ပဋိ ပက္ခဆိုတာဖြစ်မှာ မဟုတ်ပါဘူး”လို့ ပြော ပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here