ဂီတသမားစစ်စစ်မှ ဂီတလောကသားများ အကျိုးအား စွမ်းစွမ်းတမံ သယ်ပိုးနိုင်မည်ဟု ရွေးကောက်ပွဲ ကော်မရှင်မှဆို

0
224

နိုဝင်ဘာလ ၂၃ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲကော်မ ရှင်အစည်းအဝေး၏ ဆုံးဖြတ်ချက် အရ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)အမှုဆာင်အဖွဲ့အသစ်၏ သက် တမ်းကို ၃ နှစ်သတ်မှတ်ပြီး အမှု ဆောင်ဖွဲစည်းပုံအင်အားကို စုစု ပေါင်း ၄၄ ဦးဖြင့်ဖွဲ့စည်းရန် ဆုံးဖြတ် လိုက်သည်။ အဆိုပါ ၄၄ ဦးမှာ မဟာ ဂီတအလွှာ(ရေး၊ဆို၊တီး)မှ ၆ဦး၊ ကာလပေါ် အလွှာ(ရေး၊ဆို၊တီး)မှ ၁၂ ဦး၊ စတီရီယိုအလွှာ (ရေး၊ ဆို၊ တီး)မှ ၁၂ ဦး၊ ခေတ်သစ်အလွှာ(ရေး၊ဆို၊တီး) မှ ၆ဦး၊ စက်မှုအလွှာမှ ၄ဦး၊ ထုတ် လုပ် ဖြန့်ချိအလွှာမှ ၄ဦးတို့ပါဝင်မည် ဖြစ်သည်။နိုဝင်ဘာလ ၂၃ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲကော်မ ရှင်အစည်းအဝေး၏ ဆုံးဖြတ်ချက် အရ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)အမှုဆာင်အဖွဲ့အသစ်၏ သက် တမ်းကို ၃ နှစ်သတ်မှတ်ပြီး အမှု ဆောင်ဖွဲစည်းပုံ အင်အားကို စုစု ပေါင်း ၄၄ ဦးဖြင့်ဖွဲ့စည်းရန် ဆုံးဖြတ် လိုက်သည်။ အဆိုပါ ၄၄ ဦးမှာ မဟာ ဂီတအလွှာ(ရေး၊ဆို၊တီး)မှ ၆ဦး၊ ကာလပေါ် အလွှာ(ရေး၊ဆို၊တီး)မှ ၁၂ ဦး၊ စတီရီယိုအလွှာ (ရေး၊ ဆို၊ တီး)မှ ၁၂ ဦး၊ ခေတ်သစ်အလွှာ(ရေး၊ဆို၊တီး) မှ ၆ဦး၊ စက်မှုအလွှာမှ ၄ဦး၊ ထုတ် လုပ် ဖြန့်ချိအလွှာမှ ၄ဦးတို့ပါဝင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ ဂီတအစည်း အရုံး(ဗဟို) အမှုဆောင်အဖွဲ့ ပြန်လည် ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး ရွေး ကောက်ပွဲကော်မရှင်မှ စာနယ်ဇင်း မီဒီယာများအားအသိပေး ရှင်းလင်း တင်ပြခြင်းအခမ်းအနားအား နိုဝင် ဘာ ၂၃ရက်၊ နံနက် ၁ဝနာရီက တာ မွေမြို့နယ်ရှိ မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဂီတရွေးကောက်ပွဲ ကော် မရှင်၏အဓိကရည်ရွယ်ချက်၊ လုပ် ဆောင်နေမှု၊ ဖွဲ့စည်းဖြစ်ပုံတို့နှင့် ပတ် သက်ပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဖြစ်သူ ဦးကြည်မင်းသိန်းက… “၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာလ ကတည်းက ကျွန်တော်တို့မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)ရဲ့ အမှု ဆောင်သစ် သက်တမ်းကို အသစ်ပြန် လည်ပြီးတော့ ဖွဲ့စည်းတော့မှာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ အစည်းအဝေး လုပ်ပြီးတော့ နိုဝင်ဘာလ ၇ ရက်နေ့ မှာ ဂီတအစည်းအရုံးမှာပဲ လက်ရှိ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) အလုပ်အမှုဆောင် အဖွဲ့အစည်းတွေ ရယ်၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး နာယကကြီးတွေရယ်၊ အကြံပေးအဖွဲ့ တွေရယ်အားလုံးပူးပေါင်းပြီးတော့မှ ကျွန် တော်တို့ ကော်မရှင်ကို ၇.၁၁. ၂ဝ၁၇မှာ စတင် ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။ ကော်မရှင်မှာ ဖွဲ့ပုံ၊ ဖွဲ့နည်းကတော့ ဂီတအစည်းအရုံးမှာ အလွှာ ၆လွှာရှိတဲ့ အတွက် တစ်လွှာ ချင်း၊ တစ်လွှာချင်းကို ကိုယ်စားလှယ် ၃ဦးစီ ပါ ပါတယ်။ မဟာဂီတ အလွှာ ကတော့ အဆိုနဲ့ အတီးပဲရှိတဲ့အတွက် မဟာဂီတအလွှာက ၂ဦးပါပါတယ်။ အားလုံး ၁၇ဦး ပါပါတယ်။ မဲထည့်ရ ဖို့က အရမ်းအရေးကြီး နေသလို အချိန်လည်း အရမ်းကပ်နေတဲ့ အ တွက် အဲဒါကိုပဲ ကျွန်တော်တို့အဖွဲ့က ကြိုးစား လုပ်ဆောင်နေပါတယ်။ အ စည်အရုံး အဖွဲ့ဝင်ကလည်း အရမ်း များတဲ့အတွက် ကျွန်တော်တို့ ကော်မ ရှင်ရဲ့ တစ်ခုတည်းသော ရည်ရွယ် ချက်ကတော့ အမှုဆောင်အဖွဲ့သစ် ဟာ ဂီတသမားစစ်စစ်ဖြစ်ပြီးတော့ ကျွန်တော်တို့ဂီတလောကကြီးအကျိုး၊ ဂီတလောကသားတွေရဲ့ ဘဝခိုင်မာဖို့ အတွက် စွမ်းစွမ်းတမံအချိန်ပေးပြီး တော့ ဝင်ရောက်လုပ် ကိုင်ပေးနိုင်တဲ့ ဂီတသမားတွေဖြစ်ဖို့ကိုပဲ ကျွန်တော် တို့ကော်မရှင်က ဆော်သြပါတယ်” ဟုပြောသည်။     ဆန္ဒမဲ ထည့်ရမည့် နေ့ရက်များမှာ နိုဝင်ဘာ ၁၉ရက်နေ့ မဟာဂီတအလွှာ၊ နိုဝင်ဘာလ ၂ဝရက်နေ့ ကာလပေါ် အလွှာ၊ နိုဝင်ဘာလ ၂၁ရက်နေ့ စတီ ရီယိုနှင့် ခေတ်သစ်အလွှာ၊ နိုဝင်ဘာ လ ၂၂ရက်နေ့ စက်မှုအလွှာနှင့် ထုတ် လုပ်/ဖြန့်ချိအလွှာတို့မှ ရုံးချိန် (နံနက် ၉ နာရီမှ ညနေ ၅ နာရီ)အတွင်း လာရောက်မဲပေးကြရမည်ဖြစ်ပြီး မြန် မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အလုပ်အမှုဆောင်အဖွဲ့အသစ်၏ အမည်စာရင်းများကို ၁.၁.၂ဝ၁၈ နေ့ရက်တွင် ကော်မရှင်မှ ကြေညာပေး မည်ဟု သိရှိရသည်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here