ဖိုးကာကို စိတ်ပင်ပန်းစေတဲ့အရာက ဘာဖြစ်မလဲ

0
281

ဖိုးကာရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ တစ်ကိုယ်တော်စီးရီးနာမည်က ‘ ဖြန့်ခင်း’ ။ သူအလုပ်တွေ ပိနေ တယ်လို့ ဆိုရမှာပါ။ အလုပ်ကြွေးတွေပေါ့။

“သီချင်းနဲ့ပတ်သက်တဲ့ ကိစ္စတွေ တချို့ပေါ့လေ။ ပညာရပ်ပိုင်း ဆိုင်ရာအရ အားကိုးပြီးတော့ ကိုယ့်ကိုလာအပ်တာလေးရှိတယ်။ နောက်တစ်ခုက သီချင်းရေးရတာပေါ့နော်။ သီချင်းရေးဖို့ အတွက် အကြွေးလည်းတော်တော်များများရှိတယ်။ အရေးတကြီးပေးရမယ့် သူတွေရှိတယ်။ နောက်ပြီးတော့ ဒီအချိန်ကလည်းပွဲရာသီဖြစ်တဲ့အတွက် ဟိုပြေး၊ ဒီပြေးနဲ့ပေါ့။ ကျွန်တော် လုပ်ရတဲ့အလုပ်က ဦးနှောက်ကိုသုံးပြီးလုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက် တစ်ခါတလေကျလို့ရှိရင် စိတ်ပင်ပန်းတဲ့ဒဏ်ကိုခံရပါတယ်”လို့ ဖိုးကာက ရင်ဖွင့်လာပါတယ်။

သူများအတွက် သီချင်းရေးပေးဖြစ်နေတော့ ကိုယ့်အတွက်တောင် သီချင်းမရှိတော့ဘူးလို့ သူကပြောပါတယ်။ သမီးဖြစ်သူ ဖူးဖူးသစ်ရဲ့ တစ်ကိုယ်တော် အခွေထွက်နိုင်အောင်လည်း ဖခင်တစ်ယောက်အနေနဲ့ အကောင်းဆုံးပံ့ပိုးပေးခဲ့တာ အခုဆို အခွေလေးတောင် တစ်နှစ်ပြည့်ခဲ့ပြီ။ အဲဒီအတွက် ဘာအစီအစဉ်တွေထပ်ရှိသေးလဲလို့ဆိုတော့…

“ဗီစီဒီရိုက် ဖြစ်မယ်ထင်တယ်။ အောင်မြင်ရင်ကောင်းပါတယ်။ အခုလည်း သူ့ဟာနဲ့သူတော့ မဆိုးဘူးပေါ့။  အနေအထားလေးတစ်ခုတော့ရှိပါတယ်။ ဘာပဲပြောပြော အရမ်းအောင် မြင်ရင်တော့ကြိုက်တာပေါ့နော်။ ဒါပေမဲ့ အရမ်းမအောင်မြင်သေးရင်တော့လည်း ဘာမှမဖြစ်ပါဘူး။ နောက်တစ်ခုက သူ့အခွေမှာဆိုလို့ရှိရင်လည်း ကိုယ်လုပ်ပေးထားတဲ့ သီချင်းတွေက မညံ့ဘူး။ အဲဒီအ တွက်နဲ့တင် ကိုယ်ကျေနပ်တယ်လေ”လို့ ပြောပါတယ်။  သူကိုယ်တိုင် ဒိုင်လုပ်နေတဲ့ သီချင်းဆိုပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ ဒိုင်ထပ်လုပ်ဖြစ်ဦးမှာ လားလို့ဆိုတော့…..

“Galaxy Star ဒုတိယပိုင်းလာပါလိမ့်မယ်။Galaxy Star နာမည် ရယ်လို့တော့ မဟုတ်လောက်ဘူးထင်တယ်။ ဒါပေမဲ့ Samsung ရဲ့ Supporting နဲ့ သွား မှာပေါ့”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here