ညငှက်

0
108

ငှက်လေးတွေတောင်
တွန်ကျူးနေပြီ
ငါ့မှာသာ မာကျူ ရီမီးရောင်အောက်က
မထွက်နိုင်သေး
အရုဏ်ဦးဟာ အင်အားအပြည့်နဲ့ ဖြာကျ
ပြီးပြည့်စုံစွာ ဖြန့်ခင်းပေးနေလေရဲ့
မိုးရေစက်တွေ မစိုရွှဲအောင်ဘဲ နေရတယ်။

မနက်ခင်းရယ်
ညည်းတွားချင်လိုက်တာ . . .
ငါ့ရဲ့ တစ်ညတာ ရောင်းဝယ်မှုတွေကို
ဘာနဲ့ ချွေးသိပ်ဖြေသိမ့်ရပါ့
တကယ်ဆို ဖြေသိမ့်ဖို့ လည်း
မလိုအပ်တော့ပါဘူး။

ခုနှစ်စဉ်ကြယ်လေး အမြီးမပျောက်ခင်
ငါ့ရဲ့ ညည်းတွားမှုတွေ
ပက်ကြားမအက်မိဖို့ 
သံဝေဂတွေနဲ့ပဲ နေနေရတယ် ။

မိုးညဖြူ ( တွံတေး )


LEAVE A REPLY

Please enter your comment!
Please enter your name here