အကယ်ဒမီ ဆုအရေအတွက် ၁၁ဆုလုံး ပေးနိုင်ဖို့အရေး အကယ်ဒမီ ဘုတ်အဖွဲ့ကို အသိပေးစာ ပေးပို့သွားမယ့် ဦးဇင်ဝိုင်း

0
85

ရုပ်ရှင်အစည်းအရုံး ဆိုတာ လူ့အဖွဲ့ အစည်းတစ်ခု ဖြစ်တဲ့အတွက် မိမိ အဖွဲ့အစည်း အတွင်းမှာရော၊ အဖွဲ့ အစည်းပြင်ပမှာရော အခက် အခဲတွေ၊ ပြဿနာတွေဆိုတာ ရှိမှာ ပဲ။ ဒါတွေကို မျှတစွာ ဖြေရှင်း ပြီး တော့ ကျော်ဖြတ်နေကြပါတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး    ဥက္ကဋ္ဌ အဖြစ်တာဝန် ယူဆောင်ရွက် လာတဲ့ ၂လတာကာလအတွင်း ကြုံရသမျှ ကိစ္စတွေအပေါ်ဦးဇင်ဝိုင်း  ကပြောပြခြင်း ဖြစ်ပါတယ်။ အကယ် ဒမီပေးပွဲ အတွက်ကိုကော ရုပ်ရှင် အစည်းအရုံးအနေနဲ့ ဘာတွေ ဆောင်ရွက်ဖြစ် နေလဲလို့ ဦးဇင်ဝိုင်း ကို မေးတော့. ….

“အကယ်ဒမီအတွက် ကတော့ ဘုတ်အဖွဲ့ဝင်တွေအတွက် လူစာရင်း တွေ စတင်တောင်းခံနေပါပြီ။ ပြီး တာနဲ့ ဘုတ်အဖွဲ့ဖွဲ့စည်းပြီး အကယ် ဒမီကားများကို စတင်စိစစ် တော့ မှာဖြစ်ပါတယ်။ မူဝါဒအနေနဲ့ က တော့ စည်းမျဉ်း စည်းကမ်းကို ဒီနှစ် မှာပြောင်းလဲဖို့မရှိပါဘူး။ ဘာ့ ကြောင့်လဲဆိုတော့ အချိန်လည်း မရှိတော့ပါဘူး။ မနှစ်တုန်းကဆိုရင် ဒီအချိန်မှာ တချို့ဇာတ်ကားတွေ စကြည့်နေပါပြီ။ အခုနောက်ကျနေ ပါတယ်။ အဲဒီ အတွက် ကျွန်တော်တို့ စည်းမျဉ်းစည်းကမ်းများကိုတော့ အရင်နှစ်က ကိုင်စွဲတဲ့ စည်းမျဉ်း၊ စည်းကမ်း အတိုင်းပေးမှာပါ။ နောက် နှစ်တွေ မှ သာလျှင် အချိန်ယူပြီးတော့ စည်း မျဉ်း၊ စည်းကမ်းကို ပြုပြင် ချင်တယ် ဆိုရင် ဒါကိုလောကသား များနဲ့ အသေအချာ ဆွေးနွေးမှာပါ။ အခု ချိန်မှာတော့ ကျွန်တော်တို့ ပေးနိုင် တာကတော့ ဆုအရေအတွက် ၁၁ဆုမှာ ၁၁ဆုလုံးကို ပေးနိုင်ဖို့ အတွက်ကိုတော့ ကျွန်တော်တို့က အကယ်ဒမီ ဘုတ်အဖွဲ့ကို ရုပ်ရှင် အစည်းအရုံး အနေနဲ့ အသိပေးစာပို့ ပေးမှာဖြစ်ပါတယ်” လို့ ပြောပြပါ တယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here