ကျန်ရှိနေသေးတဲ့ သက်တမ်းတစ်လျှောက်အတွင်းမှာ အကုသိုလ်တွေနဲ့ အသက် မရှင်ချင်ဘူး အောင်မင်းခန့်

0
131

သရုပ်ဆောင် အောင်မင်းခန့်က နိုဝင်ဘာလ ၂၅ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့မွေးနေ့အတွက် မွေး နေ့ အလှူလေးကို ရန်ကုန်ဆေးရုံကြီးက အသည်းဌာနနဲ့ အရိုးဌာနတို့မှာ တစ်နေ့တာအတွက် ထမင်းကျွေး မွေးလှူဒါန်းမှုနဲ့အတူ လူနာတစ် ယောက်ကို ငွေကျပ်တစ်သောင်းစီ ကိုယ်တိုင်လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။ ဒီနှစ်မွေးနေ့ အပြီးမှာတော့ သူ့ဘဝရဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်း တစ်လျှောက်ကို သူဘယ်လို ဖြတ် သန်းဖို့ ဆုံးဖြတ်ထားလဲ ဆိုတာကို အောင်မင်းခန့်က အခုလိုပြောပြ ခဲ့ပါတယ်။

“ကျွန်တော်ကတော့ ကျွန်တော့် ဘဝတစ်လျောက်လုံး ကံရှိနေသေးတဲ့  သက်တမ်းတစ်လျှောက် လေးအတွင်း မှာ အကုသိုလ်နဲ့တော့  ကျွန်တော် အသက်မရှင်ချင်တော့ဘူး။ကိုယ်တိုး တက်ဖို့အတွက် ကိုယ်ကောင်းဖို့ အတွက် သူများမျက်ခုံးပေါ်စင်္ကြန် လျောက်တဲ့ ပုံစံနဲ့တော့ မအောင်မြင် လည်းနေပေါ့နော်။ ရိုးရိုးသားသား နဲ့ပဲ ကျွန်တော့်လမ်းလေးကို သွားချင်တယ်။ အဲဒီ့တော့ ကျွန်တော့် လက်ရှိ ကျန်ရှိနေတဲ့ သက်တမ်းလေး တစ်လျှောက်မှာ အကုသိုလ်တွေနဲ့ အသက်မွေးဝမ်းကျောင်း မလုပ်ချင်ဘူး။အကုသိုလ်ဖြစ်မယ့် အလုပ်တွေ မလုပ်ချင်ဘူး။ အဲဒီတော့ ကျွန်တော်ဗုဒ္ဒဘာသာဝင် တစ်ယောက်ဖြစ်တယ် ကျွန်တော် ကောင်းရာမွန်ရာပဲ လုပ် မယ်။ ကံကံ၏ အကျိုးတရားကို ကျွန်တော်ယုံတယ်” လို့ အောင်မင်းခန့် ကပြောပါတယ်။အခုလတ်တ လောမှာတော့ အောင်မင်းခန့်က ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးနေတဲ့ ‘မနေ့ကဖြစ်သည် ၂’ ဇာတ်လမ်း တွဲကို ရန်ကုန်မှာ ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here