ဂီတရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးချယ်ခံမယ့် အဆိုတော် ပိုးအိစံ

0
174

ဒီဇင်ဘာလမှာ ကျင်းပမယ့် ဂီတရွေးကောက်ပွဲမှာ အဆိုတော် ပိုးအိစံအနေနဲ့ မိမိရဲ့သက်ဆိုင်ရာ အလွှာကနေ ဝင်ရောက် အရွေးချယ်ခံ ထားရကြောင်းသိရပါတယ်။ တကယ် လို့ ပိုးအိစံသာလာမယ့်ဂီတရွေးကောက် ပွဲကနေအရွေးခံရမယ်ဆိုရင် ဘယ်လို မျိုးတွေဆောင်ရွက် ဖြစ်သွားမလဲ ဆို တာနဲ့ ဘာကြောင့်အရွေးချယ်ခံဖြစ် တာလဲဆိုတာကို မေးမြန်းဖြစ်တဲ့အခါ …

“ဝင်ရောက် အရွေးခံထားတယ်။ ခေတ်ပေါ်အလွှာကနေပြီးတော့ပေါ့။ ဝင်ရွေးပါဆိုလို့လေ။ အဆိုပြုလွှာ တင်ထားတယ်ပေါ့။ အခြေအနေပေါ်ကြည့်ရမှာပဲ။ လက်ရှိလူဟောင်း တွေ လည်း ပြန်ပါလာမယ်ထင်တယ်။ ကိုယ်လည်းအရွေးခံရမလား၊ အရွေးမခံရ ဘူးလားမသိဘူး။ မသေချာပါဘူး။ သေချာခဲ့ရင်၊ ရခဲ့ရင်တော့ ကိုယ်လုပ်နိုင် သလောက် လုပ်ပေးရမှာပေါ့။ အရင်တုန်းက အစ်မက တာမွေမြို့နယ် ဂီတ အစည်းအရုံးမှာ ဘဏ္ဍာရေးမှူး အနေနဲ့ လုပ်ပေးခဲ့တယ်။ အစ်မဆိုရင် အမြဲတမ်း မှန်ကန်အောင်နေတာလေ။ အမှားမခံဘူး။ သတိထားပြီးတော့ လုပ်ပေးခဲ့ တယ်”လို့ ပိုးအိစံကပြောပါတယ်။

ပိုးအိစံမွေးဖွားခြင်းနှစ် ၂ဝ ပြည့် ဂီတဖျော်ဖြေပွဲကလည်း ကျင်းပပြီးတာ တစ်နှစ်နီးပါး ရှိခဲ့ပြီဖြစ်တာကြောင့် အခွေအနေနဲ့ ထပ်ထုတ်ဖြစ်မလား၊ နောက် ထပ်တစ်ကိုယ်တော်ရှိုးလုပ်ဖြစ်ဦးမလားဆိုပြီး မေးဖြစ်ပြန်တော့…

“တစ် ကိုယ်တော်ရှိုးလုပ်ခဲ့တာ ဗီစီဒီအနေနဲ့ ပထမပိုင်းထွက်ပြီးသွားပြီ။ ဒုတိယပိုင်း ထွက်ဖို့ ကျန်ပါသေးတယ်။ အဲဒါလေးကို ထွက်နိုင်အောင် ပိုးအိစံကြိုးစားပါမယ်။ နောက်ပြီး ၂ဝ၁၈ ခုနှစ်မှာလည်းပဲ ပိုးအိစံ နောက်ထပ်တစ်ကြိမ် တစ်ကိုယ်တော် ရှိုး ပွဲလုပ်နိုင်အောင်ကြိုးစားပါ့မယ်”လို့ သူမကပြောပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here