ဗီဒီယို နှင့် ခိုးကူး

0
229

ဗီဒီယိုဈေးကွက် ယိုင်နဲ့လာပြီကို  ဒီယိုဈေးကွက် ယိုင်နဲ့လာပြီကို  အားလုံး လက်ခံပြီးဖြစ်ပါ တယ်။ ဗီဒီယိုဈေးကွက် အရင်ကလို ပြန်လည်ကောင်းမွန်နိုင်ခြင်း မရှိပေ မယ့် အထိုက်အလျောက် တည့်မတ်ဖို့၊ လမ်းလျှောက်နိုင်ဖို့တော့ ကြိုးစားကြ ရမှာဖြစ်ပါတယ်။ အနုပညာချစ်သူ များအားလုံးက ဗီဒီယိုပြိုလဲမသွား စေချင်ကြပါဘူး။ အားလုံးက ရှင်သန် စေချင်ကြတယ်။ ရုပ်ရှင်ပညာကို ဝါသနာကြီးသူများအနေနဲ့ ဗီဒီယိုက လေ့ကျင့်သင်ကြားရေးကျောင်းတော် ကြီးပါ။ ဗီဒီယိုကစပြီး အနုပညာ အ တတ်ပညာများကို လေ့ကျင့်သင်ကြား လာရတာပါ။

တတ်နိုင်သမျှကြိုးစားပြီး ကျား ကန်နေကြတာကိုလည်းတွေ့ရပါ တယ်။ ရှိသမျှအင်အားလေးနဲ့ ဖမ်း ဆီးရေးတွေ လုပ်ပါတယ်။ ပြစ်မှုပြစ် ဒဏ်တွေက ထိရောက်မှုအားနည်း ပေမယ့် ဒီလိုမှ ကျားကန်မထားဘူး ဆိုရင် ဒီထက်ပိုဆိုးပြီး ရေစုန်မျောဖို့ ပဲရှိပါတော့တယ်။ တချို့ကလည်း တစ်ခုခုလုပ်လိုက်ပြီဆိုတာနဲ့ လက် ညှိုးတွေဝိုင်းထိုးကြတာ အကျင့်ဖြစ် နေပါပြီ။ ဘာကြောင့်လုပ်တာလဲ၊ ဘယ်သူ့အတွက် လုပ်တာလဲဆိုတာ သုံးသပ်စေချင်တာပါ။ ဥပမာ လက် ဖက်ရည်ဆိုင်တွေမှာ ပြသလိုင်စင် ကွင်းဆင်းဆောင်ရွက်ပြီဆိုရင်လည်း တစ်ခုခုအထောက်အကူပြုနိုင်မယ် ဆိုတဲ့စိတ်ကူးနဲ့ အကောင်အထည် ဖော်နေကြတာပါ။ ခုလောလော ဆယ်မှာတော့ ရန်ကုန်တိုင်းတစ်ခု တည်း ကွင်းဆင်းဆောင်ရွက်နိုင်ပါ သေးတယ်။ တတ်နိုင်ရင် မြန်မာ ပြည်တစ်ပြည်လုံး နေ့ချင်းပြီး ကွင်း ဆင်းဆောင်ရွက်ပေးနိုင်ရင် အ ကောင်းဆုံးပါပဲ။ အကောင်အထည် ပေါ်အောင်ဘယ်လိုလုပ်ကြမလဲဆို တာ စဉ်းစားလုပ်ဆောင်ရမှာပါ။

နည်းပညာ တိုးတက်လာတာနဲ့ အမျှခိုးကူးက မြန်ဆန်လာတာ တွေ့ ရပါတယ်။Fb ပေါ် ရောက်လိုက် ခိုး ကူးခွေဆီရောက်လိုက်နဲ့ ဗီဒီယိုထုတ် လုပ်သူတွေ ငွေရင်းပြန်ရစရာမရှိပါ ဘူး။ နယ်အသီးသီးက ကြွေးကျန်ငွေ တွေကလည်း ပြန်မဝင်၊ နောက်ထပ် ပေးတာတွေနဲ့ဆိုရင် ကြွေးကပိုမိုများ ပြားလာပါလိမ့်မယ်။ ရသမျှလေး ပြန် စုနေရတဲ့သဘောပဲရှိပါတယ်။ တချို့ မင်းသားငယ်တွေကို နယ်ကိုဆင်းဖြန့် တာတွေလည်း မြင်ရတွေ့ရတယ်။ မြို့နယ်တွေက ဝယ်အားနည်းလို့ ကိုယ်တိုင်ဖြန့်ချိတဲ့အခါ တက်လာနိုင် ခြေရှိနိုင်ပါတယ်။ ဒါပေမဲ့ သက်ဆိုင် ရာမြို့နယ်အတွက် ဖြန့်ချိရေးလိုင်စင် လုပ်ရပါတယ်။ ကောင်းတာတွေရှိ နိုင်သလို တွက်ခြေမကိုက်တာတွေ လည်း ရှိနိုင်တာပေါ့။ စည်းကမ်းအရ တော့ မူပိုင်နဲ့ဖြန့်ချိရင် တစ်ပြည်လုံးမူ ပိုင်နဲ့ ဖြန့်ချိရမှာဖြစ်ပါတယ်။ ပရီစနစ်နဲ့ ဖြန့်ချိရင် တစ်ပြည်လုံးပရီစနစ်နဲ့ပဲ ဖြန့်ချိရမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက ပရီစနစ်နဲ့ မူပိုင်စနစ်ရှိတဲ့အနက် ဘယ်စနစ်က အောင်မြင်ထိရောက်မယ်ဆိုတာ မသိနိုင်ပါဘူး။ အတိအကျမပြောနိုင် ပါဘူး။ ခုချိန်မှာတော့ ပရီနဲ့ဖြန့်တဲ့ အချပ်ရေ အရေအတွက်ပိုများ လာတာသေချာပါတယ်။ ဒါပေမဲ့ ခိုးကူးခွေ မရှိဖို့တော့ အမှန်တကယ် လိုအပ်ပါတယ်။ ခိုးကူးခွေရှိတာနဲ့ အချပ်ရေ အရေအတွက်က နည်း သွားမှာဖြစ်ပါတယ်။ ခိုးကူးခွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။ ဈေးနှုန်းကို တတ်နိုင်သမျှ ချပေးဖို့လိုအပ်ပါတယ်။ ဈေးမြင့်လေ ခိုးကူးတဲ့လူအတွက် ပိုပြီးအဆင်ပြေလေဖြစ်ပါတယ်။ ဈေး နည်းတဲ့အခါ ခိုးကူးခွေတွေက စိတ် ဝင်စားမှုနည်းပါတယ်။ ရှိတော့ ရှိ နေမှာပါပဲ။ ဘယ်စနစ်နဲ့ပဲသွားသွား ဗီဒီယိုလောက တိုးတက်မှုရှိတယ်ဆို ရင် အားပေးရမှာပါပဲ။ အရေးကြီး တာက ကိုယ့်ကြောင့် တစ်ပါးသူ ထိခိုက်နစ်နာမှာတွေကိုလည်း သတိ ထားရမှာဖြစ်ပါတယ်။ မကြာတော့တဲ့ ကာလမှာတော့  ခိုးကူးနဲ့ပတ်သက်ပြီး ပြစ်မှုပြစ်ဒဏ်တွေ မြင့်တက်လာမှာ ဖြစ်ပါတယ်။ အနည်းဆုံးပြစ်ဒဏ် ထောင်ဒဏ်ခြောက်လမှ သုံးနှစ်အ ထိဖြစ်ပြီး ဒဏ်ငွေအနေနဲ့ သိန်းငါး ဆယ်လို့ ကြားရပါတယ်။ အဲဒီလို ပြစ်မှုပြစ်ဒဏ် မြင့်တက်လာရင် ခိုး ကူးတွေ ဘယ်လိုအခြေအနေဖြစ် လာမလဲ စောင့်ကြည့်ရပါမယ်။

 အေးကြူလေး


LEAVE A REPLY

Please enter your comment!
Please enter your name here