ခင်ဝင့်ဝါ အချစ်ရေးကို ဘယ်အချိန်မှာ စဉ်းစား ရွေးချယ်သွားမလဲ

0
285

အချစ်ရေးကတော့ အေးဆေးပါပဲ။ ထူးခြားရင်တော့ ပရိသတ်တွေ အကုန် လုံးကို အသိပေးမှာပါဆိုတဲ့ သရုပ် ဆောင် ခင်ဝင့်ဝါ တစ်ယောက်က အချစ် ရေးနဲ့ အိမ်ထောင်ရေးကို သူ ဘယ်လို အချိန်မှာ စဉ်းစား ရွေးချယ်မလဲ ဆိုတာကို အခုလို ပြောပြပါတယ်။

“ချစ်သူကတော့ သူ့ဟာနဲ့သူ အလိုလို ရောက်လာမှာပါ။ ရှာစရာတော့ မလိုဘူး ထင်တာပဲ။ ညီမ အနေနဲ့ ကိုယ့်ရှေ့ က စီနီယာအစ်မတွေ မနန်းမြတ်တို့ဆိုလည်း တအား သိုဝှက်တယ်လေ။ ဒါပေမဲ့ ညီမကတော့ သိုဝှက်တဲ့ အထဲမှာမပါပါဘူး။ တကယ် အချိန် အပိုင်း အခြား တစ်ခုရောက်ရှိလို့ အသိပေး ဖြစ်ခဲ့ရင်တော့ ညီမကတော့ အသိပေးဖြစ်မှာပါ။ ရှိတယ် မရှိဘူးဆို တာထက် မိန်းကလေးတစ်ယောက်အနေနဲ့ ကတော့ အများကြီး အဘက်ဘက်ကနေ ကြည့်ပြီးတော့ ပေါ့နော်။ ညီမဆိုလည်း အနုပညာအလုပ်ကို လုပ် နေရတဲ့အတွက် အနုပညာ အလုပ်ကိုပဲ သေချာလေး တစိုက်မတ်မတ် လုပ်ဖြစ်တယ်ပေါ့နော်။ အချစ် ရေးဖြစ်ဖြစ် အိမ်ထောင်ရေးဖြစ်ဖြစ် သေချာရွေး ချယ်ခွင့်ရတဲ့ အသက်အပိုင်း အခြားရောက်မှပဲ သေ ချာရွေးချယ်ပြီးတော့ သေချာ စဉ်းစားဖြစ်မှာပါ။ အခု လောလောဆယ်ကတော့ အနုပညာအလုပ်ကိုပဲ သေ ချာအားစိုက်ပြီး လုပ်ဖြစ်မှာပါ”လို့ ခင်ဝင့်ဝါက ပြောပါ တယ်။

အခု လတ်တလော မှာတော့ ခင်ဝင့်ဝါက ကြော်ငြာများ လက်ခံ ရိုက်ကူးပေးဖြစ်နေပြီး ဒီဇင်ဘာလ ၂ဝ ရက်နေ့ ကျော်လွန်ရင်တော့ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ကျော်ရဲ အောင်၊ လူမင်း၊ သူရိယ၊ မို့မို့မြင့်မြင့်အောင်၊ ခိုင်သင်း ကြည်၊ မယ်လိုဒီ တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ရိုက်ကူးဖို့ရှိ ကြောင်းသိရပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here