ခြိမ်းခြောက်ငွေတောင်းခံခြင်းခံခဲ့ရတဲ့သျှန်ထွန်း(မြန်မာစာ)

0
151

သျှန်ထွန်း(မြန်မာစာ)က သူ့   ကို ဖေ့စ်ဘုတ်ခ်မှဖြစ်စေ၊ မီဒီယာ နယ်ပယ်အသီးသီးတို့မှ ဖြစ်စေ၊ ဖုန်း ဖြင့်ဖြစ်စေ ဂုဏ်သိက္ခာ ကျဆင်းစေ ရန် ရည်ရွယ်ပြီး မမှန်မကန် တင်ပြ ခြင်း၊ ဖန်တီးပြောဆိုခြင်း၊ ရေးသား ခြင်း စသည်တို့ကို လုံးဝမပြုလုပ်ရန် ဇွန်လ၂ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကြော်ငြာထည့် သွင်း ကာ အများသိစေရန် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။သျှန်ထွန်း(မြန်မာစာ)က သူ့   ကို ဖေ့စ်ဘုတ်ခ်မှဖြစ်စေ၊ မီဒီယာ နယ်ပယ်အသီးသီးတို့မှ ဖြစ်စေ၊ ဖုန်း ဖြင့်ဖြစ်စေ ဂုဏ်သိက္ခာ ကျဆင်းစေ ရန် ရည်ရွယ်ပြီး မမှန်မကန် တင်ပြ ခြင်း၊ ဖန်တီးပြောဆိုခြင်း၊ ရေးသား ခြင်း စသည်တို့ကို လုံးဝမပြုလုပ်ရန် ဇွန်လ၂ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကြော်ငြာထည့် သွင်း ကာ အများသိစေရန် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ကြေညာချက်နဲ့ ပတ် သက်ပြီး သျှန်ထွန်း(မြန်မာစာ)က အခုလိုပြောပြလာတာက… ” လူ့လောကကြီးမှာ ကိုယ့် ထမင်း ကိုယ်စားပြီးတော့ ဘယ်သူ တွေကတော့ အောင်မြင်နေတယ်။ဘယ်သူတွေက ဘာဖြစ်နေတယ်။ ဖြစ်တဲ့သူကို ဘာလုပ်လိုက်ရင်တော့ ဘာဖြစ်မယ်ဆိုတဲ့ အတွေးအခေါ်တွေ နဲ့ နောက်ပိုင်း အွန်လိုင်း မီဒီယာ ခေတ်စားတဲ့ အချိန်မှာ ဒါတွေက တအား များလာတယ်။

လွန်ခဲ့တဲ့ နှစ်လလောက်က ကျွန်တော့်ကို ဖုန်း Viber ကနေပြီးတော့ Message ဝင်လာတယ်။ ကျွန်တော်ကလည်း ပရိသတ်တွေကို အချိန်ရရင် ရသလို မရရင်လည်း ပြန်မပြောဖြစ်တာမျိုး တွေလည်း ရှိတယ်။ အဲဒီ့တော့ ပို့ထား တဲ့ Message နေက နေပြီးတော့ ဘာလဲ ချေတာလား၊ မာနကြီးတာလားဆိုပြီး မချေမငံ စကားတွေပြောတယ်။ ကျွန်တော်လည်း ဒီအတိုင်းပဲ ထား လိုက်တယ်။ ပြန်မပြောဘူး။ နောက် ကျတော့ စကားပြန်မပြောဘူးလားတဲ့၊ ပြန်မပြောဘူးဆိုရင် ခင်ဗျားနဲ့ ပတ် သက်ပြီးတော့ မဟုတ်တရုတ် ဗီဒီယို ဖိုင်တွေရှိတယ်ပေါ့။ အဲဒါကို အွန် လိုင်းပေါ် တင်လိုက်မယ်ပေါ့။ အဲဒီ လိုပြောတော့ ကျွန်တော်ကလည်း ဘယ်သူလဲ ပြန်မေးတော့ သူ့ကို သိဖို့မလိုဘူးတဲ့။ ငါက မီဒီယာကတဲ့။ မီဒီယာကဆိုရင် မီဒီယာတော်တော် များများက အနုပညာရှင်နဲ့ ပရိသတ် တွေကို ကောင်းတဲ့ဘက်ကနေပဲ လုပ် ဆောင်ပေးကြတာများတယ်ပေါ့။ မင်းမီဒီယာသမားတော့ မဖြစ်နိုင် ဘူးလို့ ပြောလိုက်တယ်။ မင်း ဘာလို ချင်လို့ လဲလို့ မေးတော့ ငါပိုက်ဆံကျပ် ၁၅ သိန်း လိုချင်တယ်တဲ့။ အဲဒါ မင်းပေးမှာလားတဲ့။ မပေးဘူးဆိုရင် အဲဒီ့ ဗီဒီယိုဖိုင်ကို တင်လိုက်မယ်တဲ့။ တင်ရင်လည်း တင်လိုက်လေလို့။ ငါ့ မှာမှ အဲဒီလိုဖိုင်မျိုး မရှိတာလို့။ အဲဒီ လိုခြိမ်းခြောက်တဲ့ ပုံစံမျိုးနဲ့ လုပ်ပြီး တော့ သိပ်မကြာဘူး တစ်ရက်နှစ်ရက် လောက်ကြာတော့ သူငယ်ချင်းတွေက ဖုန်းဆက်တယ်။ မင်း ဗီဒီယိုဖိုင်ဆိုပြီး မင်းနာမည်ကြီးနဲ့ အွန်လိုင်းမှာ တက် နေတယ်ပေါ့။ ကြည့်လိုက်တော့ ညစ် ညမ်းတဲ့ ဗီဒီယိုကားတွေတင်တဲ့ နေရာမှာ တင်ထားတာတွေ့တယ်။ ဖေ့စ်ဘုတ်ခ်မှာ ကျွန်တော် တင်ထား တဲ့ဓာတ်ပုံနဲ့ တင်ထားတယ်။ အဲဒါနဲ့ ဒီပုံစံအတိုင်းဆိုရင် ဟုတ်တာမဟုတ် တာ အပထား လူတွေရဲ့ အမြင်မှာ ကိုယ်သိက္ခာ ကျတယ်ပေါ့လေ။

အဲဒါ နဲ့ အရင်ကတည်းက ကျွန်တော့်အိမ်ထောင်ရေးကိစ္စနဲ့ ပတ်သက်လို့ အမြဲ တမ်း အားကိုးတဲ့ ရှေ့နေကြီး တစ် ယောက်ရှိတယ်။ အဲဒီ့ရှေ့နေနဲ့ တိုင် ပင်ပြီးတော့ သတင်းစာမှာလည်း ထည့်တယ်။ ဖေ့စ်ဘုတ်ခ်မှာလည်း ကြေညာလိုက်တယ်။ အဲဒါနဲ့ နောက် ပိုင်းကျတော့ ငြိမ်သွားတယ်” လို့ ပြော ပြပါတယ်။ ဘာသာရေးအရ ပြောရ မယ်ဆိုရင် သူများအပေါ်မှာ မကောင်းစိတ်ထားတဲ့လူက အချိန်တန်ရင် သူတို့ဘာသာ သူတို့ မကောင်းတာဖြစ်မှာပဲ ဖြစ်ပြီး ကာယကံရှင်တွေ ကတော့ ဘာမှဖြစ်မှာ မဟုတ်ကြောင်း၊ ဘယ်သူ တွေပဲ တိုက်ခိုက် တိုက် ခိုက် ကိုယ်မှန်တဲ့ လမ်း ကြောင်းကို ကိုယ့်ဘာသာ ဆက်လျှောက်ရမှာပဲဖြစ် ကြောင်း၊ အခုလည်း ကိုယ့်ဘက်က မှန်တယ်ဆို တာကို သိနိုင်ကြဖို့ သတင်း စာမှာ ကြေညာချက်ထည့်ခြင်း ဖြစ်ကြောင်း သျှန်ထွန်း (မြန်မာစာ) က ထပ်လောင်းပြော ပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here