မြန်မာတစ်နိုင်ငံလုံးမှ မော်တော်ဆိုင်ကယ်ဝါသနာရှင် ၁ဝဝဝ ကျော် တက်ရောက်တဲ့ 1st Mandalay Bike Week 2017 ၂ဝ၁၇

0
219

မန္တလေးမြို့မှာ ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ 1st Mandalay Bike Week 2017 ကို ဒီဇင်ဘာ ၂ ရက်နေ့နဲ့ ဒီဇင်ဘာလ ၃ ရက်တို့မှာ  မန္တလေးမြို့ မန္တလာသီရိအဆင့်မြင့်အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မန္တလေးမြို့မှာ ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ 1st Mandalay Bike Week 2017 ကို ဒီဇင်ဘာ ၂ ရက်နေ့နဲ့ ဒီဇင်ဘာလ ၃ ရက်တို့မှာ  မန္တလေးမြို့ မန္တလာသီရိအဆင့်မြင့်အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခုဆို မြန်မာနိုင်ငံမှာ မော်တော်ဆိုင်ကယ်ကလပ်တွေ အများကြီးရှိနေ ပါပြီ။ တာချီလိတ်မှာလည်း Bike Week ကို နှစ်ကြိမ်တိုင်တိုင်ကျင်းပပြီးပါပြီ။ အခု တစ်ကြိမ်က မန္တလေးမြို့မှာ ပထမဆုံးပွဲပါ။ မြန်မာနိုင်ငံအရပ်ရပ်မှာရှိနေတဲ့ ဆိုင်ကယ်စီးပြီး ခရီးသွားဝါသရှင်တွေကို မန္တလေးမြို့မှာ စုစည်းပြီးတော့မှ ပရဟိတလှူဒါန်းမှုလေး ဖန်တီးချင်ပါတယ်။ ကျွန်တော်တို့  မော်တော်ဆိုင်ကယ် ဝါသနာရှင်များက ပရဟိတလုပ်ငန်းများကို လုပ်ဖို့ရည်ရွယ်ပြီး ဒီပွဲကိုကျင်းပရ တာပါ။ ဒီပွဲကြီးကို မြန်မာတစ်နိုင်ငံလုံးမှ မြို့ပေါင်း ၇ဝခန့်က ဆိုင်ကယ် ကလပ် ပေါင်း ၁ဝဝ ခန့်လောက်တက်ရောက်ပြီး မော်တော်ဆိုင်ကယ်အစီးရေ ၁ဝဝဝ ကျော် တက်ရောက်ကြပါတယ်။ ဒီပွဲတော်ကို တက်ရောက်လာသူတွေကို အဆိုတော် ဇော်ဝင်းထွဋ်၊ ရင်ဂိုတို့က အင်ပါယာတီးဝိုင်းနဲ့ သီဆိုဖျော်ဖြေပေးပါတယ်။ ဒီပွဲက နေရရှိလာတဲ့အကျိုးအမြတ်အားလုံးကို မိဘမဲ့ကလေးများနဲ့ ပရဟိတ လုပ်ငန်းတွေမှာ လှူဒါန်းသွားမှာဖြစ်ပါတယ်”လို့ Mandalay Bike Week  ကို ဦးဆောင် ကျင်းပသူတစ်ဦးဖြစ်တဲ့ ကိုထွန်းထွန်းက ပြောပြပါတယ်။ ဒီပွဲမှာ မော်တော်ဆိုင်ကယ် စတန့်သရုပ်ပြခြင်းများ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေး ဟောပြော မှုများ၊ ဂီတဖျော်ဖြေပွဲများ ပါဝင်ကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here