အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ထာဝရဖဲကြိုးဖြူ သံချပ်ပြိုင်ပွဲကျင်းပ

0
279

အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ထာဝရဖဲ ကြိုးဖြူသံချပ်ပြိုင်ပွဲကို  ဒီဇင်ဘာလ ၂ ရက်နေ့၊ ညနေ ၅ နာရယ်က မန္တလေး မြို့၊ မနော်ရမ္မံကစားကွင်းတွင် ကျင်း ပရာ မန္တလေးတိုင်းဒေသကြီး၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနဝန်ကြီး၊ တိုင်း ဒေသကြီးအမျိုးသမီးရေးရာကော်မ တီဥက္ကဋ္ဌ ဦးမျိုးသစ်နှင့် ဖိတ်ကြားထား သူများ၊ သဘင်ညာရှင်များ၊ အနုပညာ ရှင်များ၊ သံချပ်ချစ်မြတ်နိုးသူများစုံလင်စွာတက်ရောက်ကြသည်။

အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ထာဝရဖဲ ကြိုးဖြူသံချပ်ပြိုင်ပွဲကို  ဒီဇင်ဘာလ ၂ ရက်နေ့၊ ညနေ ၅ နာရယ်က မန္တလေး မြို့၊ မနော်ရမ္မံကစားကွင်းတွင် ကျင်း ပရာ မန္တလေးတိုင်းဒေသကြီး၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနဝန်ကြီး၊ တိုင်း ဒေသကြီးအမျိုးသမီးရေးရာကော်မ တီဥက္ကဋ္ဌ ဦးမျိုးသစ်နှင့် ဖိတ်ကြားထား သူများ၊ သဘင်ညာရှင်များ၊ အနုပညာ ရှင်များ၊ သံချပ်ချစ်မြတ်နိုးသူများစုံလင်စွာတက်ရောက်ကြသည်။ ”နောင်လာမယ့် မျိုးဆက်တွေ မှာ စာပေတွေဖတ်ပြီး အမြင်မတော် တာလေးတွေကို အမြင်တော်အောင် ပြောဖို့ သံချပ်လေးတွေစီစဉ်တတ်ဖို့ ကျွန်တော်တို့ စီစဉ်ကြတာပါ။ သင်္ကြန်သံချပ်မှာ ကဏ္ဍမျိုးစုံအောင် ပြောရတယ်။ ထာဝရဖဲကြိုးဖြူမှာ  ကျား၊ မ တန်းတူအခွင့်အရေး ကွန် ရက်ကြီးကနေပြီး အဓိကအကြောင်း အရာတစ်ခုပဲပေးပြီး အဲဒီအကြောင်း အရာကို ဖော်ကျူးဖို့ပါပဲ”ဟု ထာဝရ ဖဲကြိုးဖြူ သံချပ်ပြိုင်ပွဲတွင် စီစဉ် တင်ဆက်သူတစ်ဦးဖြစ်သည့် ရုပ်ရှင် သရုပ်ဆောင်မေတ္တာက ပြောကြားခဲ့ သည်။

ဒီဇင်ဘာလ ၂ရက်နေ့ညက အောင်စံမောင်သံချပ်အဖွဲ့၊ တမာရိပ် သံချပ်အဖွဲ့ ၊ စေတနာမွန်သံချပ်အဖွဲ့ တို့ ယှဉ်ပြိုင်ခဲ့ကြပြီး ဒီဇင်ဘာလ ၃ ရက်နေ့ညက ဥပဒေချစ်သူ သံချပ်အဖွဲ့၊ ခင်မဒီသံချပ်အဖွဲ့၊ မန်းရွှေပြည်မှ သက်တံ့များသံချပ်အဖွဲ့၊ ကာဒိုင်း သံ ချပ်အဖွဲ့နှင့် United Women သံချပ် အဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရုပ် ရှင်သရုပ်ဆောင်မေတ္တာနှင့် အရိုင်း တို့က ပြိုင်ပွဲအစီအစဉ်တင်ဆက်သူ အဖြစ်ဆောင်ရွက်ခဲ့ကြသည်။ ပြိုင်ပွဲ အပြီး ဆုပေးပွဲကိုဆက်လက်ကျင်းပ ခဲ့ရာ တာဝန်ရှိသူများက ပထမဆုရရှိ သည့် ဥပဒေချစ်သူအဖွဲ့ကို ဆုငွေ ကျပ်သိန်း ၂ဝ၊ ဒုတိယဆုရရယှ်သည့် ကာဒိုင်းအဖွဲ့ကို ဆုငွေကျပ် ၁၅သိန်း၊ တတိယဆု ရရှိသည့် မန်းရွှေပြည်မှ သက်တံ့လေးများအဖွဲ့ကို ဆုငွေကျပ် ၁ဝ သိန်းစသည်ဖြင့် အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here