မင်းသား တစ်ယောက်ဖြစ်ဖို့ဆိုတာရုပ်ချောရုံ၊ ငွေရှိရုံ နဲ့ မဖြစ်နိုင်ဘူး နေမင်း

0
155

သရုပ်ဆောင်နေမင်းက သူရဲ့ တူဖြစ်သူ အုပ်သာကျော်ကို အနု ပညာလောကထဲ ဝင်ရောက်နိုင်ဖို့ အတွက် လက်တွဲခေါ်ဖြစ်နေပါ တယ်။ “သူ့မှာလိုအပ်နေတာက အတွေ့အကြုံ။ မင်းသားတစ်ယောက် ဖြစ်ဖို့ဆိုတာ ရုပ်ချောရုံ၊ ငွေရှိရုံနဲ့ မဖြစ်နိုင်ဘူးလေ။ တကယ်တော့ ကျွန်တော်တို့က လူထဲက လူတွေ အကြောင်းကို တင်ဆက်တာဖြစ်တဲ့ အခါကျတော့ ဘဝအသက်မွေးမှု အတွေ့အကြုံ၊ သူတို့ရဲ့ ဖြတ်သန်းမှု၊ အဲဒီဟာတွေကနေမှ သူတို့ရဲ့ဘဝ တိုးတက်မှုဖြစ်စဉ် ပြောင်းလဲသွားနိုင် တယ်။

အဲဒီတော့ ကြိုးစားဖို့လိုသလို လူကြားထဲများများသွားဖို့လိုတယ် လို့ ကျွန်တော်ခံစားမိတယ်။ ကျွန်တော် ငယ်ငယ်တုန်းက မင်းသားစလုပ်တဲ့ အချိန်တုန်းက ကိုဖိုးကျော်တို့၊ ကိုမိုး အောင်တို့၊ ဖိုးချစ်၊ ဆရာဥက္ကာဗိုတို့ ကဆိုရင် သူတို့အားလုံးက လူကြားထဲ ကို ခေါ်သွားတယ်။ အရက်ဆိုင်တွေ လိုက်ထိုင်ခိုင်းတယ်။ ကိုဖိုးကျော်ဆို ကျွန်တော့်ကို မြို့ပတ်ရထားပေးစီး  တယ်။ အဲဒီလိုလျှောက်သွားခဲ့တဲ့ ကာလတွေ ရှိခဲ့ဖူးတယ်။ အဲဒီလိုကမှ လူတွေရဲ့ အတွေ့အကြုံရတယ်။ အောက်ခြေမှာရှိတဲ့ လူတန်းစားတွေ ရဲ့ စိတ်ကိုလိုက်ကြည့်ရတယ်။ အဲဒီ လိုကြည့်ပါများမှ သူတို့စိတ်ထဲကို ကိုယ်ဝင်စားလို့ရမယ်။ ကိုယ်ခံစား လို့ရမယ်။ အဲဒီလိုခံစားလို့ရမှ သရုပ် ဆောင်တဲ့အခါတကယ်ပီပြင်မှာလေ။ အဲဒါကိုတော့ သူ့ကိုလေ့လာခိုင်းထား တယ်” လို့ပြောပါတယ်။

  ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here