ကျွန်တော်တို့ သဘင်အစည်းအရုံးက တအားဆင်းရဲပါတယ် သဘင်အစည်းအရုံး(ဗဟို)ဥက္ကဌ ဦးဖိုးချစ်

0
202

မြို့ရွှေမန်းသား ဖိုးချစ်အနေနဲ့ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်း အရုံး (ဗဟို) ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ်ကာလကစလို့ သဘင် အစည်းအရုံးနဲ့ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှုတိုင်းမှာ သူ့ကိုယ်ပိုင်ငွေစိုက် ထုတ် ထည့်ဝင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီလို သူ့ကိုယ်ပိုင်ငွေ ထည့်ဝင်မှုက ကျပ် သိန်း၁ထောင်ကျော်နီးပါးလောက်ရှိတယ်လို့လည်း ဥက္ကဋ္ဌ ဦးဖိုးချစ်ရဲ့ ဖြေကြားမှုအရသိရပါတယ်။မြို့ရွှေမန်းသား ဖိုးချစ်အနေနဲ့ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်း အရုံး (ဗဟို) ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ်ကာလကစလို့ သဘင် အစည်းအရုံးနဲ့ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှုတိုင်းမှာ သူ့ကိုယ်ပိုင်ငွေစိုက် ထုတ် ထည့်ဝင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီလို သူ့ကိုယ်ပိုင်ငွေ ထည့်ဝင်မှုက ကျပ် သိန်း၁ထောင်ကျော်နီးပါးလောက်ရှိတယ်လို့လည်း ဥက္ကဋ္ဌ ဦးဖိုးချစ်ရဲ့ ဖြေကြားမှုအရသိရပါတယ်။

”ကျပ်သိန်း၁ထောင် ဘယ်လောက်ကျော်သလဲတော့မသိပါဘူး။ ဒါက အစည်းအရုံးက စာရင်းနဲ့ လုပ်ပေးထားတာလောက်ပါ။ စာရင်း မမြင်ဘဲနဲ့ ဒီအတိုင်းပဲ ကြုံရင် ကြုံသလို လှူတာပါနဲ့ဆိုရင် အများကြီးဖြစ်သွားမှာပါ။ ဒါပေမဲ့ ဒါက ဂုဏ်ဖော်ပြောတာမျိုးမဟုတ်ပါဘူး။ လှူရတာကတော့ တော် တော်ကို လှူရပါတယ်။ ကောင်းတော့ ကောင်းတယ်။ အစည်းအရုံးမှာ တာဝန် ယူလိုက်တာ အလှူပိုများတယ်” လို့ သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဖိုးချစ် ကပြောပါတယ်။ မြို့ရွှေမန်းသားဖိုးချစ်တို့ အမှုဆောင်အဖွဲ့အနေနဲ့ အမှုဆောင် သက်တမ်း စတင် တာဝန်ထမ်းဆောင်စဉ်ကတည်းက ကိုယ့်ငွေကိုယ်စိုက် ထုတ်ပြီး လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ၂ နှစ်တာကာလအတွင်းမှာတော့ သဘင်သက်ကြီး ပူဇော်ပွဲအတွက် ပူဇော်ကန်တော့နိုင်ရန် ရန်ပုံငွေကိုတော့ ဇာတ်အဖွဲ့တွေက ဇာတ်ပွဲတွေမှာ ပရိသတ်တွေကြားထဲဆင်းပြီး အလှူခံလို့ရရှိ တဲ့ ငွေတွေနဲ့အတူ အနုပညာရှင်တွေရဲ့ လှူဒါန်းငွေတွေ၊ အမှုဆောင်အဖွဲ့ရဲ့ ထည့်ဝင်လှူဒါန်းမှုတွေက ရရှိတဲ့ငွေတွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သဘင်အစည်းအရုံး(ဗဟို)မှ သဘင်လောကသားများကို ကူညီ ထောက်ပံ့ နိုင်ရန်အတွက် ဖွဲ့စည်းပေးခဲ့တဲ့ သဘင်လူမှုကူညီ စောင့်ရှောက်ရေး ကော်မတီ ကလည်း သဘင်လောကသားတွေကို ကျပ် သိန်း ၄ဝဝဝ နီးပါးခန့် လှူဒါန်းခဲ့ နိုင်ပါတယ်။ ဒါကလည်း ဇာတ်အဖွဲ့တွေအနေနဲ့ ဇာတ်ပွဲတွေမှာ ပရိသတ်ထဲ ဆင်းပြီး အလှူငွေ ကောက်ခံလို့ရရှိတဲ့ ငွေတွေ၊ အနုပညာရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့စုစည်းပြီး ပြန်လည်လှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့ သိရ ပါတယ်။ သဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်ကတော့ သူတို့ သက်တမ်းအပြီးမှာလည်း ရန်ပုံငွေတွေကို နောက်ထပ်တက်လာမယ့် အမှုဆောင်အဖွဲ့သစ်ကို အပ်နှံထားခဲ့ချင်တယ်လို့ ဆိုလာပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း သူက ”ရော့ဒါက ရန်ပုံငွေဘယ် လောက်ဆိုပြီးပေါ့။ အပ်နှံထားခဲ့ချင်တယ်။ ပြီးတော့ သဘင် အစည်းအရုံး ရုံးကို တအားဖြစ်ချင်တယ်။ ဒါပေမဲ့ မဖြစ်သေး ဘူး။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုလည်း ဒီနေရာကနေပဲ ထပ်တောင်းဆိုရဦးမှာပဲ။ ကျွန်တော်တို့ သဘင် အခုအချိန် အထိ ရုံးပိုင်မရှိသေးဘူးဗျာ။ ကျွန်တော်တို့မှာ ကိုယ်ပိုင် လေ့ကျင့်နိုင်တဲ့ ဇာတ်ရုံဆိုရင် ကျွန်တော့်မင်္ဂလာဒုံ ခြံပဲရှိတယ်။ သဘင်အစည်းအရုံးအနေနဲ့ ရှိသင့်တယ်။ကျွန်တော်တို့ မှာ ဘာမှမရှိဘူး။ ရှိတဲ့ခွန်အားနဲ့ ရုန်းနေရတာပါ။ နိုင်ငံတော်အဆင့်က ကူညီမှရမှာပါ။ ကျွန်တော် တို့ အစည်းအရုံးက တအားဆင်းရဲပါတယ်။ လှူတာတွေကြည့်ပြီးတော့ တအားချမ်းသာတယ် မထင်ပါနဲ့။ ဖလားထိုးခံပြီး အလှူငွေရအောင်လုပ် တာကလွဲရင် ကျွန်တော်တို့မှာ ဘာမှမရှိပါဘူး” လို့   သဘင်ဥက္ကဋ္ဌဦးဖိုးချစ်က ပြောပါတယ်။    သဘင်လောကသားတွေအနေနဲ့ အမှုဆောင် အဖွဲ့နဲ့ပတ်သက်ပြီး မှားတာတွေရှိရင်လည်း ပြင် ပေးလို့ရပြီး ဝေဖန်စရာရှိရင်လည်း တည့်တည့်ဝေဖန် လို့ရပါကြောင်း၊ ဘာတစ်ခုမှ ကိုယ့်သဘောနဲ့ကိုယ် လုပ်ဆောင်ခဲ့တာမျိုးတွေ မရှိခဲ့ပါကြောင်း၊ အများ သဘောတူညီမှုတွေနဲ့သာ လုပ်ဆောင်ခဲ့ပါကြောင်း၊ ကိုယ့်ပိုက်ဆံ ကိုယ်စိုက်ထုတ်ပြီး လုပ်ဆောင်ပေးနေကြတဲ့ လူတွေကြီးပဲဖြစ်ကြောင်း သူကထပ်လောင်းပြောပြခဲ့ပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here