ရုပ်ရှင်အစည်းအရုံးရဲ့ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲစည်းမျဉ်း စည်းကမ်းများကို ပြုပြင်ဖို့ရည်ရွယ်ထားတဲ့ ရုပ်ရှင်ညီလာခံ

0
115

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းဦးဆောင်တဲ့ ရုပ်ရှင် အမှုဆောင်သစ်ရဲ့ ၂ လကျော် သက် တမ်းကာလ ပြည့်မြောက်တဲ့ လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ရုပ်ရှင် ညီလာခံကို ရန်ကုန်မြို့၊ အမျိုးသား ဇာတ်ရုံမှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။

” ဒီညီလာခံမှာ အဓိကရည်ရွယ် ချက်ကတော့ ကျွန်တော်တို့ ကိုင်စွဲ ထားတဲ့ ရုပ်ရှင်အစည်းအရုံးရဲ့ ဖွဲ့ စည်းပုံ၊ ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းများကို ရုပ်ရှင်လောကသား များရဲ့ အသံကို နားထောင်ပြီး ပြုပြင် ဖို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် ညီလာ ခံကျင်းပတာနဲ့အညီ တစ်ခါတည်း ကျွဲကူးရေပါ ဆိုသလို တခြားသော ကဏ္ဍပေါင်းစုံကနေလည်း မိမိတို့ ဖြစ် ချင်တဲ့ဆန္ဒများကို တင်ပြနိုင်အောင် လို့ ကျွန်တော်တို့က အကြံပေးစာများ ကို ညီလာခံမှာ လက်ခံမှာဖြစ်ပါတယ်” လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။ ရုပ်ရှင်ညီလာခံကိုတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက် ၉နာရီအချိန်မှာ ဖဲကြိုးဖြတ် ဖွင့်ပွဲ အခမ်းအနား စတင်မှာဖြစ်ပြီး မနက်၉နာရီခွဲကနေ ညနေ ၄နာရီ အထိ ရုပ်ရှင်ညီလာခံ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင် ညီလာခံမှာ ဘာတွေ အကြံ ပြုဆွေးနွေးသွားကြမလဲဆိုတာကို လည်း ဦးဇင်ဝိုင်းက…

”ညီလာခံမှာ ဘယ်လိုမျိုး အကြံ ပြုကြမလဲဆိုတဲ့ ကိစ္စလည်းရှိပါတယ်။ ကျွန်တော်တို့ စီစဉ်ထားတာကတော့ မည်သူမဆို၊ ရုပ်ရှင်နဲ့ပတ်သက်တဲ့ မည်သည့်အကြောင်းအရာကိုမဆို အကြံပြုခွင့်ရှိပါတယ်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ၊ ဆဲဆိုမှုတွေ၊ ရှုတ်ချမှု တွေမပါဘဲ တစ်လွှာနဲ့တစ်လွှာ စည်း လုံးညီညွတ်မှုတွေ ပျက်ပြားစေမယ့် ထိုးနှက်မှုတွေ မပါဘဲ လွတ်လပ်စွာ အကြံပြုနိုင်ပါတယ်။ ကျွန်တော်တို့ ဘာမှ မတည်းဖြတ်ပါဘူး။ သို့သော် အလွှာလိုက် တင်ပြကြပြီးတော့မှ မိမိ တို့အလွှာလိုက် တင်ပြလာတာတွေ ကို မိမိတို့ အလွှာလိုက်ပဲ ပြန်လည် စုစည်းပြီးတော့မှ အလွှာတစ်လွှာကို ကျွန်တော်တို့က အကြံပြုလွှာ တစ်စောင် လက်ခံမှာဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

LEAVE A REPLY

Please enter your comment!
Please enter your name here