Mister Tourism World 2017 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် အောင်ဆိုင်းထွဋ်

0
264

မြန်မာနိုင်ငံမှာ ပထမဆုံး အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ် မယ့် Mister Tourism World 2017 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စား ပြုအဖြစ် Mister Tourism Myanmar 2017 အောင်ဆိုင်းထွဋ် က ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ဒီလိုပြိုင်ပွဲကြီးကို ဝင် ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံကိုတော့ အောင်ဆိုင်းထွဋ်က . . .

”ဒီပြိုင်ပွဲ အတွက် Organizaion ကနေ ကျွန်တော့်ကို ဆက်သွယ်လာတယ်။ ကျွန်တော်ကလည်း Mister Tourismဆိုတော့ တအားစိတ်ဝင်စားသွားတယ်။အဲဒါကြောင့် ဝင်ရောက်ယှဉ်ပြိုင် ဖြစ်တာပါ။ ကျွန်တော့်အနေနဲ့ ပြိုင်ပွဲ အတွက် အများကြီးပြင်ဆင်ထား ပါတယ်။ ဒီကာလအတွင်းမှာ ဘော်ဒီပိုင်း၊ ဗဟုသုတပိုင်း၊ အဘက်ဘက်၊ အရာရာ အားလုံးကို လေ့လာနေပါတယ်။ မနှစ်က Winner ရရှိခဲ့တဲ့ ကိုဥက္ကာဆီက လည်း ပညာတွေလေ့လာသင် ယူပါတယ်။ ဒီပြိုင်ပွဲက မြန်မာနိုင်ငံ ကနေ ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပတာဆိုတော့ တအား တာဝန်ကြီးပါတယ်။ ကျွန်တော့်အနေ နဲ့ကတော့ တခြားပြိုင်ပွဲဝင်တွေ လာတဲ့အခါ မြန်မာနိုင်ငံရဲ့ ယဉ်ကျေး မှုတွေကို သူတို့ကိုပြသွားမယ်” လို့ ပြောပြပါတယ်။ ဒီပြိုင်ပွဲမှာ National Costume ကို ကချင်တိုင်း ရင်းသားဖြစ်တဲ့အတွက်မို့ ကချင်အကကို ကပြပြီး ယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်း အောင်ဆိုင်းထွဋ်က ပြောပါတယ်။သူအနေနဲ့ ဒီပြိုင်ပွဲက ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဖြစ်ကြောင်း နဲ့ ပြိုင်ပွဲအပေါ် မျှော်လင့်ချက်ကို အောင်ဆိုင်းထွဋ်က . . .

”ကျွန်တော့်အနေနဲ့က ဒီပြိုင်ပွဲက ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခြင်းပါ။ ရှိုးပွဲတွေတော့ လျှောက်ဖြစ် ပါတယ်။အဲဒီတော့ စင်ပေါ်မှာ လမ်းလျှောက်ရတာ တွေကတော့ မစိမ်းပါဘူး။ဒါပေမဲ့ ဒီပွဲကျတော့ နည်းနည်းတော့ ဝန်ကြီးတာပေါ့ နော်။ပြီးတော့ အိမ်ရှင်နိုင်ငံ ဖြစ်တဲ့ အတွက် အများကြီးပြင်ဆင်နေရပါ တယ်။ ကျွန်တော့်စိတ်ထဲမှာတော့ အများကြီးတော့ မျှော်လင့်မထားပါ ဘူး။ ပြိုင်ပွဲမှာ အကောင်းဆုံးယှဉ် ပြိုင်သွားနိုင်ဖို့ ကျွန်တော်လုပ် သွားမယ်။ အကောင်းဆုံ ကြိုးစား သွားမယ်လို့ပဲ ကျွန်တော် ခံယူထား တယ်။ ကျွန်တော့်အနေနဲ့ ကိုယ့်ကို ဘုရားပေးတဲ့ ကောင်းချီးမင်္ဂလာ တစ်ခုလို့ပဲ ခံယူထားတဲ့အတွက် ဘာမှမမျှော်လင့်ဘူး။အကောင်းဆုံး တော့ လုပ်ပြသွားမယ်လို့ ရည်ရွယ် ထားပါတယ်” လို့ပြောပြပါတယ်။ Mister Tourism Myanmar 2017 အာင်ဆိုင်းထွဋ်က အခုလက်ရှိမှာ တော့ MRTV-4နဲ့ ၃ နှစ်စာချုပ်ချုပ် ဆိုထားပြီး အနုပညာအလုပ်များ လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here