ကျောင်းပြီးရင် အစားအသောက်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်မယ့် ဟန်သီ

0
170

စီးပွားရေးနဲ့ပတ်သက်ပြီး ကျောင်းတက်နေတဲ့ သရုပ်ဆောင်၊ အဆိုတော် တစ်ဦးဖြစ်တဲ့ ဟန်သီက ကျောင်းပြီးသွားရင်တော့ သူဝါသနာပါတဲ့ အစားအသောက်နဲ့ပတ်သက်တဲ့ စီးပွားရေးတစ်ခုလုပ်ကိုင်သွားဖို့ အစီ အစဉ်ရှိတယ်လို့ဆိုပါတယ်။ ”ဟန်သီက Business Management တက်နေပါတယ်။ ကျောင်းပြီးရင် အကောင်အထည်ဖော်ဖို့တွေလည်း ရှိပါတယ်။ အစားအသောက်နဲ့ပတ်သက်တဲ့ စီးပွားရေးတစ်ခုပေါ့။ ကိုယ့်ရဲ့နာမည် own brand လေးနဲ့ အစားအသောက် ထုတ်ကုန် လေးပဲဖြစ်စေ၊ စားသောက်ဆိုင်ပဲဖြစ်စေ၊ နှစ်ခုထဲကတစ်ခု အစား အသောက်နဲ့ပတ်သက်ပြီးလုပ်ဖို့ရှိပါတယ်” လို့ စီးပွားရေးတစ်ခု လုပ်သွားမယ့်အကြောင်း ဟန်သီကပြောပါတယ်။ အစားအ သောက်ကို ခရေဇီဖြစ်တဲ့ထဲမှာပါတဲ့အတွက် အစားအသောက်နဲ့ ပတ်သက်တဲ့ စီးပွားရေးတစ်ခုကိုလုပ်ကိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ကြောင်းကိုလည်း ဟန်သီက”ဟန်သီက အစားအသောက် တအားကြိုက်တယ်။ ဘယ်လောက်စားစားမဝတာပါ။ အခုဝိတ်က ဆယ်ပေါင်လောက် ပြန်ပိန်သွားတယ်။ အဲဒါကြောင့် ဆယ်ပေါင် လောက်ပြန်တက်အောင် ကြိုးစားနေတယ်။ ဖေဖေတို့ကလည်း စားသောက်ဆိုင်တွေဖွင့်ထားတယ်။ ဟန်သီကိုယ်တိုင်လည်း အစားအသောက်နဲ့ပတ်သက်ပြီး Knowledge အများကြီး သိတယ်။ ကိုယ်ကိုယ်တိုင်လည်း ဟင်းချက်တတ်တော့ မေမေတို့ကလည်း ဟန်သီ့လက်ရာကြိုက်တယ်။ အဲဒီတော့ အစားအသောက်လုပ်ငန်းပဲလုပ်ဖြစ်မှာပါ”လို့ပြောပါ တယ်။ အခုလတ်တလောမှာ ဟန်သီကကျောင်းလည်း တက်နေသလို အနုပညာလှုပ်ရှားမှုတွေလည်းမျှတ အောင်လုပ်ကိုင်ဖြစ်နေတယ်လို့ ပြောရပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here